Gong Yoo ရဲ့ဖန်အကြီးစားဖြစ်တဲ့ Lisa

Gong Yoo ရဲ့ဖန်အကြီးစားဖြစ်တဲ့ Lisa
November 10, 2021 Popular

(Unicode)

Gong Yoo ရဲ့ဖန်အကြီးစားဖြစ်တဲ့ Lisa

BlackPink အဖွဲ့ဝင် Lisa က သူမနှစ်သက်တဲ့ပုံစံဟာ Gong Yoo လိုပုံစံလို့ Variety Showတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

Gong Yoo ဟာသူ့ရဲ့လက်မှတ်ကို Lisa ဆီပေးပို့ခဲပြီး သူ့ရဲ့ Fan Girl အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

Lisa ဟာ Gong Yoo ကိုသဘောကျတဲ့အ ကြောင်းတွေကိုလည်း Variety Show မှာပြောခဲ့ပါတယ်။

Show မှာပါဝင်တဲ့ Knowing Bros က Gong Yoo နဲ့ပတ်သက်ပြီး Lisaရဲ့ဆန္ဒကိုမေးတဲ့အခါ အဖြေကို ဖြေဖို့ Lisa ဟာ တွန့်ဆုတ်မနေခဲ့ပဲ
“ကျွန်မဆန္ဒက Gong Yoo နဲ့ ဓာတ်ပုံတူတူတွဲရိုက်ချင်တယ်” လို့ ချစ်စဖွယ်အမူအရာနဲ့ ပြန်ဖြေခဲ့ပါတယ်။

နောက်ပြီး Lisa ဟာ ကိုရီးယားဘာသာစကားကိုလေ့လာဖို့ K-Dramas တော်တော်များများကို ကြည့်တဲ့အခါမှာ Gong Yoo ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရတာ အရမ်းသဘောကျပြီး ဒုတိ ယအကြိမ်မြောက် ပြန်ကြည့်တဲ့အခါမှာ သည်းမခံနိုင်တော့ပဲ မင်းသားရဲ့ အမာခံပရိတ်သတ် တယောက်ဖြစ်လာခဲ့တဲ့အကြောင်းကို-

“K-Dramas တွေ အများကြီးကြည့်တယ်။ပြီးတော့ Goblin ဇာတ်ကားကို အရမ်းကြိုက်တယ်။မကြာသေးခင်ကတောင် အဲ့ဇာတ်ကားကို ပြန်ကြည့်ခဲ့သေးတယ်။Gong Yoo ကိုချစ်တယ်” လို့ ပြောပြခဲ့ပါတယ်။

Lisa ဟာ Gong Yoo ကိုဘယ်လောက်ထိတောင် သဘောကျလဲဆိုရင် ငယ်ငယ်တုန်းက ဆံပင်ပုံစံကို Gong Yoo ပါတဲ့ Coffee Prince စီးရီးထဲက Yoon Eun Hey ရဲ့ ဆံပင်ပုံစံကို အတုယူပြီး ထားခဲ့တာလို့ ဆိုပါတယ်။

Variety Show မှာပါဝင်တဲ့ Knowing Bros က Lisa ကို “ထိုင်းနိုင်ငံင အိမ်ဆီကို Gong Yoo ကို ဖိတ်မလား? ဒါမှမဟုတ် Show မှာ ပါတဲ့ အဖွဲ့ဝင် ၇ယောက်ကို ခေါ်မှာလား” လို့ မေးတဲ့အခါ
Lisa ဝေခွဲရခက်ခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်းပဲ ” မေမေက Gong Yoo ရဲ့ အမာခံပရိတ်သတ်ဖြစ်ပြီး သူနဲ့တွေ့ချင်တယ်” လို့ သူမကိုပြောခဲ့ကြောင်းပြောကာ Gong Yoo ကိုပဲဖိတ်မယ်ဆိုတဲ့အကြောင်းကို သွယ်ဝိုက်ဖြေခဲ့ပါသေးတယ်။

(Zawgyi)

Gong Yoo ရဲ႕ဖန္အႀကီးစားျဖစ္တဲ့ Lisa

BlackPink အဖြဲ႕ဝင္ Lisa က သူမႏွစ္သက္တဲ့ပုံစံဟာ Gong Yoo လိုပုံစံလို႔ Variety Show
တစ္ခုမွာ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

Gong Yoo ဟာသူ႔ရဲ႕လက္မွတ္ကို Lisa ဆီေပးပို႔ခဲၿပီး သူ႔ရဲ႕ Fan Girl အျဖစ္ အသိအမွတ္ျပဳခဲ့ပါတယ္။

Lisa ဟာ Gong Yoo ကိုသေဘာက်တဲ့အ ေၾကာင္းေတြကိုလည္း Variety Show မွာေျပာခဲ့ပါတယ္။

Show မွာပါဝင္တဲ့ Knowing Bros က Gong Yoo နဲ႔ပတ္သက္ၿပီး Lisaရဲ႕ဆႏၵကိုေမးတဲ့အခါ အေျဖကို ေျဖဖို႔ Lisa ဟာ တြန္႔ဆုတ္မေနခဲ့ပဲ
“ကြၽန္မဆႏၵက Gong Yoo နဲ႔ ဓာတ္ပုံတူတူတြဲ႐ိုက္ခ်င္တယ္” လို႔ ခ်စ္စဖြယ္အမူအရာနဲ႔ ျပန္ေျဖခဲ့ပါတယ္။

ေနာက္ၿပီး Lisa ဟာ ကိုရီးယားဘာသာစကားကိုေလ့လာဖို႔ K-Dramas ေတာ္ေတာ္မ်ားမ်ားကို ၾကည့္တဲ့အခါမွာ Gong Yoo ရဲ႕ သ႐ုပ္ေဆာင္မႈေတြကို ၾကည့္ရတာ အရမ္းသေဘာက်ၿပီး ဒုတိ ယအႀကိမ္ေျမာက္ ျပန္ၾကည့္တဲ့အခါမွာ သည္းမခံႏိုင္ေတာ့ပဲ မင္းသားရဲ႕ အမာခံပရိတ္သတ္ တေယာက္ျဖစ္လာခဲ့တဲ့အေၾကာင္းကို-

“K-Dramas ေတြ အမ်ားႀကီးၾကည့္တယ္။ၿပီးေတာ့ Goblin ဇာတ္ကားကို အရမ္းႀကိဳက္တယ္။မၾကာေသးခင္ကေတာင္ အဲ့ဇာတ္ကားကို ျပန္ၾကည့္ခဲ့ေသးတယ္။Gong Yoo ကိုခ်စ္တယ္” လို႔ ေျပာျပခဲ့ပါတယ္။

Lisa ဟာ Gong Yoo ကိုဘယ္ေလာက္ထိေတာင္ သေဘာက်လဲဆိုရင္ ငယ္ငယ္တုန္းက ဆံပင္ပုံစံကို Gong Yoo ပါတဲ့ Coffee Prince စီးရီးထဲက Yoon Eun Hey ရဲ႕ ဆံပင္ပုံစံကို အတုယူၿပီး ထားခဲ့တာလို႔ ဆိုပါတယ္။

Variety Show မွာပါဝင္တဲ့ Knowing Bros က Lisa ကို “ထိုင္းႏိုင္ငံင အိမ္ဆီကို Gong Yoo ကို ဖိတ္မလား? ဒါမွမဟုတ္ Show မွာ ပါတဲ့ အဖြဲ႕ဝင္ ၇ေယာက္ကို ေခၚမွာလား” လို႔ ေမးတဲ့အခါ
Lisa ေဝခြဲရခက္ခဲ့ပါတယ္။

ဒါေပမယ့္ ခ်က္ခ်င္းပဲ ” ေမေမက Gong Yoo ရဲ႕ အမာခံပရိတ္သတ္ျဖစ္ၿပီး သူနဲ႔ေတြ႕ခ်င္တယ္” လို႔ သူမကိုေျပာခဲ့ေၾကာင္းေျပာကာ Gong Yoo ကိုပဲဖိတ္မယ္ဆိုတဲ့အေၾကာင္းကို သြယ္ဝိုက္ေျဖခဲ့ပါေသးတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*