ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆိုဖို့ ရုံးတော်ကို ယနေ့မလာသည့်အတွက် အမှုအချို့ မစစ်ဖြစ်ဟုသိရ

ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆိုဖို့ ရုံးတော်ကို ယနေ့မလာသည့်အတွက် အမှုအချို့ မစစ်ဖြစ်ဟုသိရ
November 5, 2021 Asian Fame

(Unicode)

ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆိုဖို့ ရုံးတော်ကို ယနေ့မလာသည့်အတွက် အမှုအချို့ မစစ်ဖြစ်ဟုသိရ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုများနှင့် ပတ်သတ်ပြီး နိုဝင်ဘာ ၅ရက်တွင် ဦးဖြိုးမင်းသိန်း၏ ဇနီးဒေါ်ခင်မိမိကြွယ် သက်သေထွက်ဆိုရန်ရှိသော်လည်း နေမကောင်း၍ လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် အမှုအချို့ ယနေ့ မစစ်ဖြစ်ခဲ့ပေ။

နေပြည်တော်ရှိ အထူးတရားရုံးတွင် စစ်ဆေးနေသည့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများပေးသည်ဆိုသော အမှုများအတွက် ဒေါ်ခင်မိမိကြွယ်သည် တရားလိုပြ သက်သေတစ်ဦးအဖြစ် ထွက်ဆိုပေးရန် တရားလိုက သက်သေတစ်ဦးအဖြစ်တင်ထားသည်။

သို့သော် ဒေါ်ခင်မိမိကြွယ်က နေမကောင်း၍ သက်သေလာမထွက်ဆိုခဲ့ပေ။

ထို့ကြောင့် အခြားသော အမှုများကို သာစစ်ဆေးခဲ့သည်။

ဦးဖြိုးမင်းသိန်းက ရွှေနှင့်ဒေါ်လာများပေးသည်ဆိုသော အမှုများအတွက် လာရောက်ထွက်ဆိုချက်ပေးထားသည်။

ဦးဖြိုးမင်းသိန်း၏ သက်သေထွက်ဆိုချက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “All absurd” ဟု မှတ်ချက်ပြုထားကာ ဦးဖြိုးမင်းသိန်းအနေဖြင့် ပေးစရာအကြောင်းမရှိသလို ၎င်းအနေဖြင့် ယူစရာအကြောင်း မရှိဟု ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေများကို ပြောဆိုထားမှုရှိသည်။

(Zawgyi)

ဦးၿဖိဳးမင္းသိန္း၏ ဇနီးေဒၚခင္မိမိႂကြယ္ သက္ေသထြက္ဆိုဖို႔ ႐ုံးေတာ္ကို ယေန႔မလာသည့္အတြက္ အမႈအခ်ိဳ႕ မစစ္ျဖစ္ဟုသိရ

ေဒၚေအာင္ဆန္းစုၾကည္အေပၚ စြဲဆိုထားသည့္ အမႈမ်ားႏွင့္ ပတ္သတ္ၿပီး ႏိုဝင္ဘာ ၅ရက္တြင္ ဦးၿဖိဳးမင္းသိန္း၏ ဇနီးေဒၚခင္မိမိႂကြယ္ သက္ေသထြက္ဆိုရန္ရွိေသာ္လည္း ေနမေကာင္း၍ လာေရာက္ထြက္ဆိုျခင္းမရွိသည့္အတြက္ အမႈအခ်ိဳ႕ ယေန႔ မစစ္ျဖစ္ခဲ့ေပ။

ေနျပည္ေတာ္ရွိ အထူးတရား႐ုံးတြင္ စစ္ေဆးေနသည့္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းဦးၿဖိဳးမင္းသိန္းက ေ႐ႊႏွင့္ေဒၚလာမ်ားေပးသည္ဆိုေသာ အမႈမ်ားအတြက္ ေဒၚခင္မိမိႂကြယ္သည္ တရားလိုျပ သက္ေသတစ္ဦးအျဖစ္ ထြက္ဆိုေပးရန္ တရားလိုက သက္ေသတစ္ဦးအျဖစ္တင္ထားသည္။

သို႔ေသာ္ ေဒၚခင္မိမိႂကြယ္က ေနမေကာင္း၍ သက္ေသလာမထြက္ဆိုခဲ့ေပ။

ထို႔ေၾကာင့္ အျခားေသာ အမႈမ်ားကို သာစစ္ေဆးခဲ့သည္။

ဦးၿဖိဳးမင္းသိန္းက ေ႐ႊႏွင့္ေဒၚလာမ်ားေပးသည္ဆိုေသာ အမႈမ်ားအတြက္ လာေရာက္ထြက္ဆိုခ်က္ေပးထားသည္။

ဦးၿဖိဳးမင္းသိန္း၏ သက္ေသထြက္ဆိုခ်က္မ်ားႏွင့္ ပတ္သက္ၿပီး ေဒၚေအာင္ဆန္းစုၾကည္က “All absurd” ဟု မွတ္ခ်က္ျပဳထားကာ ဦးၿဖိဳးမင္းသိန္းအေနျဖင့္ ေပးစရာအေၾကာင္းမရွိသလို ၎အေနျဖင့္ ယူစရာအေၾကာင္း မရွိဟု ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနမ်ားကို ေျပာဆိုထားမႈရွိသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*