တာချီလိတ်တွင် ချောင်းရေလျှံပြီးနေအိမ်အချို့ရေနစ်မြုပ်

တာချီလိတ်တွင် ချောင်းရေလျှံပြီးနေအိမ်အချို့ရေနစ်မြုပ်
November 1, 2021 Asian Fame

(Unicode)

တာချီလိတ်တွင် ချောင်းရေလျှံပြီးနေအိမ်အချို့ရေနစ်မြုပ်

 

မယ်ဆိုင်ချောင်းရေလျှံမှုကြောင့် တာလော့ရပ်ကွက်နှင့်ပုန်းထွန်ရပ်ကွက်အတွင်းရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွါးခဲ့သည်။

“ညကမိုးတော်တော်လေး ရွာတယ်။အဲ့ဒီ့ကနေ ရေတွေတက်လာတာ။အနိမ့်ပိုင်းရပ်ကွက်တွေဆို လူကြီးခါးစောင်းလောက်မြှပ်တယ်။ခုညနေတော့ ရေပြန်ကျနေပြီ။နုန်းတွေအများကြီးကျန်ခဲ့တယ်”ဟု တာချီလိတ်မြို့မှ ကုန်သည်တစ်ဦးကပြောသည်။

ရေကြီးရာနေရာသို့ တာချီလိတ်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးစက်လှေတစ်စီး၊ ရာဘာလေသွင်းလှေတစ်စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်၍ ရေဘေးသင့်သူများနှင့် အသုံးအဆောင်ပစ္စည်းများအား ရေဘေးလွှတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြသည်။

ဓါတ်ပုံ-MFSD

(Zawgyi)


ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းရာမှတဆင့် ယနေ့ နိုဝင်ဘာ၁ရက် မနက်က မယ်ဆိုင်ချောင်းရေလျှံမှုဖြစ်ပွါးခဲ့သည်။




ဓါတ်ပုံ-MFSD

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*