တောင်သူလယ်သမားများအား စက်သုံးဆီကို ဈေးနှုန်းသက်သာစွာ ရောင်းပေးမည်

တောင်သူလယ်သမားများအား စက်သုံးဆီကို ဈေးနှုန်းသက်သာစွာ ရောင်းပေးမည်
October 31, 2021 Asian Fame

(Unicode)

တောင်သူလယ်သမားများအား စက်သုံးဆီကို ဈေးနှုန်းသက်သာစွာ ရောင်းပေးမည်

မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအား စက်သုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် များရောင်းချပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူက ပြောသည်။

မိုးစပါးရိတ်သိမ်းရာတွင် စက်မှုလယ်ယာ လုပ်ငန်းများအတွက် လိုအပ်သောစက်သုံးဆီအတွက် ရောင်းချပေးရန်စီစဉ်ခြင်း ဖြစ်ကြောင်းနှင့်ကနဦးအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အဓိက ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးစပါးစိုက်ပျိုးခြင်းနှင့် ပုဂ္ဂလိက ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းပေးသောလုပ်ငန်းများ၊ စက်မှုလယ်ယာကဏ္ဍတို့အတွက် ပြည်တွင်းတွင် ထုတ်လုပ်နေသော စက်သုံးဆီထုတ်လုပ်မှုနှင့် လက်ကျန် အနေအထားအပေါ်မူတည်၍ လိုအပ်ချက်ရှိနေသော စက်သုံးဆီကိုလက်ရှိ မိုးစပါးများ ရိတ်သိမ်းချိန်အမီ အမြန်ဆုံးဖြန့်ဖြူးရောင်းချပေးနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရသည်။

ယင်းသို့ရောင်းချပေးနိုင်ရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ UMFCCI၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။

(Zawgyi)

ေတာင္သူလယ္သမားမ်ားအား စက္သုံးဆီကို ေဈးႏႈန္းသက္သာစြာ ေရာင္းေပးမည္

ျမန္မာႏိုင္ငံရွိ ေတာင္သူလယ္သမားမ်ားအား စက္သုံးဆီကို ေဈးႏႈန္းသက္သာစြာျဖင့္ မ်ားေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတာဝန္ရွိသူက ေျပာသည္။

မိုးစပါးရိတ္သိမ္းရာတြင္ စက္မႈလယ္ယာ လုပ္ငန္းမ်ားအတြက္ လိုအပ္ေသာစက္သုံးဆီအတြက္ ေရာင္းခ်ေပးရန္စီစဥ္ျခင္း ျဖစ္ေၾကာင္းႏွင့္ကနဦးအေနျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီးတို႔တြင္ အဓိက ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

မိုးစပါးစိုက္ပ်ိဳးျခင္းႏွင့္ ပုဂၢလိက ရိတ္သိမ္းေႁခြေလွ႔စက္မ်ားျဖင့္ ရိတ္သိမ္းေပးေသာလုပ္ငန္းမ်ား၊ စက္မႈလယ္ယာက႑တို႔အတြက္ ျပည္တြင္းတြင္ ထုတ္လုပ္ေနေသာ စက္သုံးဆီထုတ္လုပ္မႈႏွင့္ လက္က်န္ အေနအထားအေပၚမူတည္၍ လိုအပ္ခ်က္ရွိေနေသာ စက္သုံးဆီကိုလက္ရွိ မိုးစပါးမ်ား ရိတ္သိမ္းခ်ိန္အမီ အျမန္ဆုံးျဖန႔္ျဖဴးေရာင္းခ်ေပးႏိုင္ရန္ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက သိရသည္။

ယင္းသို႔ေရာင္းခ်ေပးႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန၊တိုင္းေဒသႀကီးအစိုးရအဖြဲ႕မ်ား၊ UMFCCI၊ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီ တင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းတို႔ ပူးေပါင္းေဆာင္႐ြက္ၾကမည္ ျဖစ္သည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*