မူဆယ်မြို့နန်းတော်ဂိတ်မှ ယနေ့ လူ သုံးရာကျော် ပြန်လာမည်

မူဆယ်မြို့နန်းတော်ဂိတ်မှ ယနေ့ လူ သုံးရာကျော် ပြန်လာမည်
October 27, 2021 Asian Fame

(Unicode)

မူဆယ်မြို့နန်းတော်ဂိတ်မှ ယနေ့ လူ သုံးရာကျော် ပြန်လာမည်

မူဆယ်မြို့နန်းတော်ဂိတ်မှ ယနေ့အောက်တိုဘာလ ၂၇ ရက်တွင် လူ သုံးပေါင်း သုံးရာကျော် ပြန်လာမည်ဖြစ်ကြောင်း မူဆယ်လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးအပ်ရေးကွန်ယက်က တာဝန်ရှိသူ ကိုဌေးက ပြောသည်။

“ပြန်ဝင်လာသူတဲ့သူတွေအနေနဲ့ကတော့ ကိုဗစ် စစ်ဆေးတာတွေ လုပ်ရပါတယ်။ မြန်မာနိုင်ငံသားဖြစ်ဖို့လည်း လိုပါတယ်။သူတို့တွေကတော့ တရုတ်မြန်မာနယ်စပ် ယူနန်ပြည်နယ်၊တယ်ဟုန်ခရိုင်၊ရွှေလီ၊ကျယ်ဂေါင် စတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ပါတယ်။အဲဒီမှာတော့ စားဝတ်နေရေး အခက်ကြုံရတဲ့ သူတွေပေါ့။အားလုံးက အဆင်မပြေကြဘူးလေ”ဟု ယင်းကပြောသည်။ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၆ ရက်ကစ၍ မြန်မာနိုင်ငံတွင်းသို့ ပြည်တော်ပြန်လာသူ အရေအတွက်မှာ လက်ရှိအချိန်ထိ တစ်သောင်း သုံးထောင်ကျော် ရှိနေပြီ ဖြစ်ကြောင်း မူဆယ်လူသားချင်းစာနာထောက်ထားမှုအကူ အညီပေးအပ်ရေးကွန်ယက်၏ စာရင်းများအရ သိရသည်။

၎င်းခရီးစဉ်အတွက် အခြားနိုင်ငံသို့သွားရောက်ရန်လိုအပ်သည့် အထောက်အထားစာရွက်စာတန်းများ၊ ကိုဗစ်ရောဂါစည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာရန်လိုအပ်သည်ဟုသိရပြီး ယခုထုတ်ပြန်ချက်ကို MNA မှ ယမန်နေ့အောက်တိုဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်သည်။

(Zawgyi)

မူဆယ္ၿမိဳ႕နန္းေတာ္ဂိတ္မွ ယေန႔ လူ သုံးရာေက်ာ္ ျပန္လာမည္

မူဆယ္ၿမိဳ႕နန္းေတာ္ဂိတ္မွ ယေန႔ေအာက္တိုဘာလ ၂၇ ရက္တြင္ လူ သုံးေပါင္း သုံးရာေက်ာ္ ျပန္လာမည္ျဖစ္ေၾကာင္း မူဆယ္လူသားခ်င္းစာနာေထာက္ထားမႈအကူ အညီေပးအပ္ေရးကြန္ယက္က တာဝန္ရွိသူ ကိုေဌးက ေျပာသည္။

“ျပန္ဝင္လာသူတဲ့သူေတြအေနနဲ႔ကေတာ့ ကိုဗစ္ စစ္ေဆးတာေတြ လုပ္ရပါတယ္။ ျမန္မာႏိုင္ငံသားျဖစ္ဖို႔လည္း လိုပါတယ္။သူတို႔ေတြကေတာ့ တ႐ုတ္ျမန္မာနယ္စပ္ ယူနန္ျပည္နယ္၊တယ္ဟုန္ခ႐ိုင္၊ေ႐ႊလီ၊က်ယ္ေဂါင္ စတဲ့ေနရာေတြမွာ အလုပ္လုပ္ေနတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ျဖစ္ပါတယ္။အဲဒီမွာေတာ့ စားဝတ္ေနေရး အခက္ႀကဳံရတဲ့ သူေတြေပါ့။အားလုံးက အဆင္မေျပၾကဘူးေလ”ဟု ယင္းကေျပာသည္။ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၂၆ ရက္ကစ၍ ျမန္မာႏိုင္ငံတြင္းသို႔ ျပည္ေတာ္ျပန္လာသူ အေရအတြက္မွာ လက္ရွိအခ်ိန္ထိ တစ္ေသာင္း သုံးေထာင္ေက်ာ္ ရွိေနၿပီ ျဖစ္ေၾကာင္း မူဆယ္လူသားခ်င္းစာနာေထာက္ထားမႈအကူ အညီေပးအပ္ေရးကြန္ယက္၏ စာရင္းမ်ားအရ သိရသည္။

၎ခရီးစဥ္အတြက္ အျခားႏိုင္ငံသို႔သြားေရာက္ရန္လိုအပ္သည့္ အေထာက္အထားစာ႐ြက္စာတန္းမ်ား၊ ကိုဗစ္ေရာဂါစည္းကမ္းသတ္မွတ္ခ်က္မ်ားကို တိက်စြာလိုက္နာရန္လိုအပ္သည္ဟုသိရၿပီး ယခုထုတ္ျပန္ခ်က္ကို MNA မွ ယမန္ေန႔ေအာက္တိုဘာလ ၂၆ရက္ေန႔တြင္ ထုတ္ျပန္ေၾကျငာခဲ့ျခင္းျဖစ္သည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*