ကိုဗစ်ကျန်းမာရေးကြောင့် အိုးတွေမရောင်းရတော့ စီးပွါးရေးခက်ခဲတယ်
ကိုဗစ်ကျန်းမာရေးကြောင့် အိုးတွေမရောင်းရတော့ စီးပွါးရေးခက်ခဲတယ်
October 26, 2021 Asian Fame
ကိုဗစ်ကျန်းမာရေးကြောင့် အိုးတွေမရောင်းရတော့ စီးပွါးရေးခက်ခဲတယ်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်ထဲမှာ ရှိတဲ့ အိုးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု အဖြစ်နဲ့ လုပ်ကိုင်စားသောက်နေတဲ့ မကေသီတို့ မိသားစုတစ်စု ရှိပါတယ်။ အိုးလုပ်ငန်း မလုပ်ကိုင်ရတဲ့ ကာလတွေမှာ တခြား စီးပွါးရေးလုပ်ငန်း လုပ်ကိုင်ပြီး အိုးလုပ်ရတဲ့ ကာလတွေမှာ ကိုယ်ဝါသနာပါတဲ့ အိုးလုပ်ငန်းကို လုပ်ကိုင်ဖြစ်တယ် လို့ မကေသီကအခုလိုပဲပြောပါတယ်။
“ ကျွန်မတို့ အိုးမလုပ်ရတဲ့ ကာလတွေဆိုအမျိုးသားကလည်း တခြားစီးပွါးရေးလုပ်၊ ကျွန်မကလည်း တခြားစီးပွါးရေးလုပ်ပြီး မိသားစု စားဝတ်နေရေးကို ဖြေရှင်းတယ်။ အိုးလုပ်ငန်း လုပ်ကိုင်ရတဲ့ ကာလတွေမှာတော့ အိုးလုပ်တဲ့အလုပ်ကို ထိရောက်စွာ လုပ်ကိုင်တယ်။ ကျွန်မ အိုးလုပ်ငန်းကို အရမ်း ဝါသနာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အိမ်က မိသားစုက အိုးလုပ်ရတာကို မကြိုက်ကြပေမယ့် ကျွန်မ ကတော့ အိုးလုပ်ရတာကို ကြိုက်တဲ့အတွက် မတတ်တတ်အောင် သင်တယ်။ ဘေးနားကဆရာတွေ လုပ်ရင် ထိုင်ကြည့်ပြီးတော့ ပညာတွေ သင်ယူတယ်။ အခုဒီကာလမှာ ကျန်းမာရေးအခြေအနေတွေကြောင့် အိုးလုပ်ငန်းတွေ မလုပ်ရတော့ စီးပွါးရေး ခက်ခဲတာတွေ ရှိတယ်။ အဲ့ကျရင်လည်း မိသားစုစားဝတ်နေရေးအတွက်အဆင်ပြေအောင်လုပ်ရတယ်။”လို့ ပြောခဲ့ပါတယ်။
Zaw Gyi
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*