PN | နေပြည်တော်ရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထား

PN | နေပြည်တော်ရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံ ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးထား
October 23, 2021 Asian Fame

နေပြည်တော်ရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံကျောင်းသား၊ ကျောင်းသူဦးရေ ၂၀၀၀၀ ကျော် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးထား

နေပြည်တော် အောက်တိုဘာ ၂၃

 နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံကျောင်းသား၊ ကျောင်းသူဦးရေစုစုပေါင်း ၂၀၀၀၀ ကျော်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ အောက်တိုဘာ ၂၁ ရက်နေ့ထိတွင် ကိုဗစ်-၁၉ ပထမအကြိမ် ကာကွယ်ဆေးများ ထိုးနှံပေး ထားပြီး ဖြစ်ကြောင်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသားကျောင်းသူဦးရေ ၈၃၉၆၉ ဦးရှိပြီး ၎င်း တို့ကို အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိပြီး လာမည့်ဒီဇင်ဘာလ ပထမပတ် အတွင်း အပြီးထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ဆေးထိုးစုရပ်များ၌ စုရပ်တစ်ခုလျှင် ကျောင်းသားဦးရေ တစ်နေ့လျှင် ၄၀၀ ထိ ထိုးနှံပေးလျက်ရှိကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့ ကာကွယ်ဆေးများစတင်ထိုးနှံချိန်မှ အောက်တိုဘာလ ၂၁ ရက်နေ့ထိတွင် ကျောင်းသား၊ ကျောင်းသူဦးရေပေါင်း ၂၀၈၉၉ ဦးကို ပထမအကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 “အောက်တိုဘာလ ၁၂ ရက်နေ့ကနေ မနေ့က အောက်တိုဘာလ ၂၁ ရက်နေ့ထိစာရင်းတွေအရ နေပြည်တော်ပြည်ထောင်စု နယ်မြေ အတွင်းက ကျောင်းသားကျောင်းသူ ဦးရေ ၂၀၈၉၉ ထိ ကာကွယ်ဆေး ပထမအကြိမ်ကိုထိုးနှံပေးထားပြီးဖြစ်ပါတယ်။ ဒီကနေ့လဲ ဆက် ထိုးပေး နေပါတယ်။ ဒီနေ့ထိုးနှံပေးတဲ့စာရင်းက ညနေ ၆ နာရီလောက်မှ သိရမှာပါ” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတစ်ဝန်းရှိ အသက် ၁၂ နှစ်အထက် အသက် ၁၈ နှစ်အောက် အခြေခံပညာကျောင်းသား၊ကျောင်းသူ ဦးရေပေါင်း တစ်သန်းခန့်ကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ ယခုအောက်တိုဘာလ ၁၂ ရက်နေ့မှစ၍ နိုင်ငံ တစ်ဝန်း စုရပ်အသီးသီးတွင် စတင်ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရသည်။

Zaw Gyi

 

ေနျပည္ေတာ္ရွိ အသက္ ၁၂ ႏွစ္ႏွင့္အထက္ အေျခခံေက်ာင္းသား၊ ေက်ာင္းသူဦးေရ ၂၀၀၀၀ ေက်ာ္ ကိုဗစ္-၁၉ ကာကြယ္ေဆး ပထမအႀကိမ္ထိုးႏွံေပးထား

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၃ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမ အတြင္းရွိ အသက္ ၁၂ ႏွစ္အထက္ အေျခခံေက်ာင္းသား၊ ေက်ာင္းသူဦးေရစုစုေပါင္း ၂၀၀၀၀ ေက်ာ္ကို ေအာက္တိုဘာလ ၁၂ ရက္ေန႔မွစ၍ ေအာက္တိုဘာ ၂၁ ရက္ေန႔ထိတြင္ ကိုဗစ္-၁၉ ပထမအႀကိမ္ ကာကြယ္ေဆးမ်ား ထိုးႏွံေပး ထားၿပီး ျဖစ္ေၾကာင္း ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမ အတြင္း ကိုဗစ္-၁၉ ကာကြယ္ေဆးထိုးႏွံရမည့္ ေက်ာင္းသားေက်ာင္းသူဦးေရ ၈၃၉၆၉ ဦးရွိၿပီး ၎ တို႔ကို ေအာက္တိုဘာ ၁၂ ရက္ နံနက္ပိုင္းမွစ၍ သက္ဆိုင္ရာ ေဆးထိုးစုရပ္မ်ားတြင္ ထိုးႏွံေပးလ်က္ရွိၿပီး လာမည့္ဒီဇင္ဘာလ ပထမပတ္ အတြင္း အၿပီးထိုးႏွံေပးသြားမည္ ျဖစ္ေၾကာင္း၊ လက္ရွိတြင္ ေဆးထိုးစုရပ္မ်ား၌ စုရပ္တစ္ခုလွ်င္ ေက်ာင္းသားဦးေရ တစ္ေန႔လွ်င္ ၄၀၀ ထိ ထိုးႏွံေပးလ်က္ရွိေၾကာင္း၊ ေအာက္တိုဘာလ ၁၂ ရက္ေန႔ ကာကြယ္ေဆးမ်ားစတင္ထိုးႏွံခ်ိန္မွ ေအာက္တိုဘာလ ၂၁ ရက္ေန႔ထိတြင္ ေက်ာင္းသား၊ ေက်ာင္းသူဦးေရေပါင္း ၂၀၈၉၉ ဦးကို ပထမအႀကိမ္ထိုးႏွံၿပီးျဖစ္ေၾကာင္း သိရသည္။

“ေအာက္တိုဘာလ ၁၂ ရက္ေန႔ကေန မေန႔က ေအာက္တိုဘာလ ၂၁ ရက္ေန႔ထိစာရင္းေတြအရ ေနျပည္ေတာ္ျပည္ေထာင္စု နယ္ေျမ အတြင္းက ေက်ာင္းသားေက်ာင္းသူ ဦးေရ ၂၀၈၉၉ ထိ ကာကြယ္ေဆး ပထမအႀကိမ္ကိုထိုးႏွံေပးထားၿပီးျဖစ္ပါတယ္။ ဒီကေန႔လဲ ဆက္ ထိုးေပး ေနပါတယ္။ ဒီေန႔ထိုးႏွံေပးတဲ့စာရင္းက ညေန ၆ နာရီေလာက္မွ သိရမွာပါ” ဟု ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ တာဝန္ ရွိသူတစ္ဦးက ေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံတစ္ဝန္းရွိ အသက္ ၁၂ ႏွစ္အထက္ အသက္ ၁၈ ႏွစ္ေအာက္ အေျခခံပညာေက်ာင္းသား၊ေက်ာင္းသူ ဦးေရေပါင္း တစ္သန္းခန႔္ကို ကိုဗစ္-၁၉ ကာကြယ္ေဆးမ်ား ထိုးႏွံေပးသြားမည္ျဖစ္ရာ ယခုေအာက္တိုဘာလ ၁၂ ရက္ေန႔မွစ၍ ႏိုင္ငံ တစ္ဝန္း စုရပ္အသီးသီးတြင္ စတင္ထိုးႏွံေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*