ကွာရန်တင်းဝင်ရောက်ရန်မလိုသည့်ခရီးသွားအစီအစဉ် စင်ကာပူနိုင်ငံစတင်

ကွာရန်တင်းဝင်ရောက်ရန်မလိုသည့်ခရီးသွားအစီအစဉ် စင်ကာပူနိုင်ငံစတင်
October 21, 2021 Asian Fame

ကွာရန်တင်းဝင်ရောက်ရန်မလိုသည့်ခရီးသွားအစီအစဉ် စင်ကာပူနိုင်ငံစတင်

စင်ကာပူနိုင်ငံဟာ ခရီးသွားခွင့် ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အရှေ့တောင်အာရှနိုင်ငံများစာရင်းမှာ ပါဝင်လာပြီး မြောက်အမေရိကနဲ့ဥရောပနိုင်ငံတို့က ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူတွေ အနေနဲ့ ကွာရန်တင်းဝင်ရောက်ဖို့ မလိုဘဲ စင်ကာပူ ကို သွားလို့ရသွားပါပြီ။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ရက်နေ့မှစတင်ပြီး အမေရိကန်၊ ကနေဒါ၊ ယူကေ၊ ပြင်သစ်၊ အီတလီနိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၀နိုင်ငံက ၎င်းအစီအစဉ်ကိုစတင်ခဲ့ကြပြီး ကိုဗစ်ရောဂါပိုးကင်းရှင်းကြောင်းအထောက်အထားပြသဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

နိုင်ငံခြားသားခရီးသွားများနဲ့ စီးပွားရေးဆိုင်ရာခရီးသွားလာမှုများကို စင်ကာပူနိုင်ငံက ဘရူနိုင်း၊ ဂျာမနီနိုင်ငံတို့နဲ့အတူ ပြီးခဲ့တဲ့လက စတင်ခဲ့တာဖြစ်ပါတယ်။

စင်ကာပူနိုင်ငံလူဦးရေရဲ့ ၈၄%ဟာ ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးနှံပြီးစီးသွားပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ စင်ကာပူနိုင်ငံရဲ့ရောဂါပိုးကူးစက်မှုအခြေအနေဟာ တစ်ရက်အတွင်းမှာပဲ ၃၉၀၀ဦးအထိ ပြန်လည်မြင့်တက်ခဲ့ပါတယ်။

ကွာရန်တင်းဝင်ရောက်ရန်မလိုတဲ့ခရီးသွားအစီအစဉ်ကို တောင်ကိုရီးယားနိုင်ငံအနေနဲ့လည်း လာမယ့်နိုဝင်ဘာလလည်မှာ စတင်မယ်လို့သိရပါတယ်။

Source – NHK
Photo – Forbes

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*