ရန်ကုန်က အမှိုက်ပုံတစ်ခုထဲ လက်လုပ်မိုင်းအလုံး၆၀ကျော်တွေ့ရှိမှုဖြစ်ပွား

ရန်ကုန်က အမှိုက်ပုံတစ်ခုထဲ လက်လုပ်မိုင်းအလုံး၆၀ကျော်တွေ့ရှိမှုဖြစ်ပွား
October 15, 2021 Asian Fame

ရန်ကုန်က အမှိုက်ပုံတစ်ခုထဲ လက်လုပ်မိုင်းအလုံး၆၀ကျော်တွေ့ရှိမှုဖြစ်ပွား

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စက်မှုရတနာလမ်းအမှိုက်ပုံမှ လက်လုပ်မိုင်းများတွေ့ရှိမှုတစ်ရပ်ဖြစ်ပွားခဲ့သည်။

အောက်တိုဘာလ ၁၄ရက် မနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမှိုက်ပုံအတွင်း မသင်္ကာဖွယ် အထုပ်(၁)ထုပ် တွေ့ရှိကြောင်း သတင်းအရ ရှာဖွေရာ ဆာလာအိတ်အတွင်းထည့်ထားသော ကတ်ထူပုံးထဲမှ အရှည် ၅ လက်မ အချင်း ၁ လက်မခန့်ရှိ လက်လုပ်မိုင်း(၄၀)လုံး၊ အရှည် ၄ လက်မ အချင်း ၂ လက်မခွဲခန့်ရှိ လက်လုပ်မိုင်း(၂၆)လုံး၊ လုံးပတ် ၁ လက်မခွဲခန့်ရှိ လက်လုပ်မိုင်း(၂)လုံး၊ စုစုပေါင်း လက်လုပ်မိုင်း(၆၈)လုံးအားတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

မိုင်းလာရောက်စွန့်ပစ်သူကို ရှာဖွေနေဆဲဖြစ်သည်။

ရန်ကုန်မြို့ရှိ အမှိုက်ပုံအချို့တွင် မိုင်းတွေ့ရှိခြင်းများ၊မှိုင်းပေါက်ကွဲမှုများ ၃ကြိမ်မနည်းဖြစ်ပွားခဲ့ပြီး အမှိုက်ရှာသူ ၂ဦး လက်ပြတ်သွားခြင်းများရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*