ရန်ကုန် ငမိုးရိပ်တံတားတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရန်ကုန် ငမိုးရိပ်တံတားတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်
October 14, 2021 Popular

ရန်ကုန် ငမိုးရိပ်တံတားတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်

ရန်ကုန်၊အောက်တိုဘာ ၁၄ရက်

ရန်ကုန် ငမိုးရိပ်တံတား (ဗိုလ်ဗထူး) တွင် ယနေ့ မနက်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

တံတားထိပ်ရှိ ရဲကင်းကို လာရောက်ပစ်ခတ်ရာမှတဆင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ခြင်းဖြစ်သည်။

“သေနတ်သံ တော်တော်လေးကြားလိုက်တယ်”လို့ မြို့ခံအချို့ကပြောသည်။

ကားတစ်စင်းပေါ်မှ ပစ်ခတ်ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှု အနေအထားကို နှစ်ဖက်စလုံးက မထုတ်ပြန်သေးပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*