“အောက်တိုဘာ ၁၂ရက်နေ့ကစပြီး ပရိတ်သတ် ရဲ့ လက်ဆောင်တွေ BlackPink လက်ခံတော့မည် မဟုတ်”
“အောက်တိုဘာ ၁၂ရက်နေ့ကစပြီး ပရိတ်သတ် ရဲ့ လက်ဆောင်တွေ BlackPink လက်ခံတော့မည် မဟုတ်”
October 13, 2021 Asian Fame
“အောက်တိုဘာ ၁၂ရက်နေ့ကစပြီး ပရိတ်သတ် ရဲ့ လက်ဆောင်တွေ BlackPink လက်ခံတော့မည် မဟုတ်”
BlackPink ဟာ ပရိတ်သတ်တွေရဲ့ လက်ဆောင် တွေကို လက်ခံတော့မှာမဟုတ်ဘူးလို YG အင်တာတိန်းမန့်က အောက်တိုဘာလ ၁၂ရက် နေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်ထဲမှာ BlackPink အဖွဲ့ဝင်တွေဟာ သူတိုရဲ့ပွဲဦးထွက် ၅နှစ်မြောက်နှစ်ပတ်လည်ကို ကျင်းပခဲ့ပြီး ပရိတ်သတ်တွေဆီက သူတို့မျှော်လင့်တာထက် ပိုတဲ့ အားပေးမှုတွေကိုလည်း ရခဲ့ပါတယ်။
ပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုနဲ့ လက် ဆောင်တွေနဲ့ပတ်သက်ပြီး BlackPink အဖွဲ့ဟာ
အချိန်အကြာကြီး ဆွေးနွေးခဲ့ပြီးတဲ့နောက်မှာ
အခုလို ခက်ခဲတဲ့ ကြေငြာချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကျွန်ုပ်တို့သည် မည်သည့် ပရိတ်သတ်၏ ပံ့ပိုးမှုနှင့် လက်ဆောင်များကို လေးစားစွာဖြင့် လက်ခံတော့မည်မဟုတ်ဟု ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။
(ဥပမာအားဖြင့် ထူးခြားတဲ့နေ့တွေဖြစ်တဲ့ နှစ်ပတ်လည်နေ့များ- အဖွဲ့ရဲ့ပွဲဦးထွက် နှစ်ပတ်လည် ၊တကိုယ်တော် ပွဲဦးထွက် နှစ်ပတ်လည်(သို့)မွေးနေ့၊ထုတ်လွှင့်မှုများနဲ့ဖျော်ဖြေပွဲများတွင် ပေးပို့သော (အဆာပြေမုန့်များ၊အထိမ်းအမှတ်ပန်းကုံးများ)စသည်တို့ဖြစ်သည်။)
ကြေငြာချက်ထဲမှာ မင်းတိုရဲ့အချစ်တွေကို ပြ သဖို့အတွက် မင်းတို့ပေးတဲ့ လက်ဆောင်တွေနဲ့
ပံ့ပိုးပေးမှုတွေကို လိုအပ်တဲ့နေရာတွေမှာ ပြုလုပ်ပေးမယ်ဆိုရင် ငါတို့ပိုပြီး ဝမ်းမြောက်မိမှာပါလို့လည်း ရေးသားထားပါတယ်။
Fan တွေဆီက စာတွေမှ အပ စာတိုက်ကနေ လက်ဆောင်တွေနဲ့ ပေးပို့ထားတဲ့အထုပ်တွေကို ငါတိုပြန်ပို့ပေးမှာပါ။ဒါကြောင့် ပရိတ်သတ်တွေရဲ့ ပူးပေါင်းမှုနဲ့ နားလည်မှုကို တောင်းခံပါတယ် လို့လည်း ဖော်ပြထားပါတယ်။
ဒီကြေငြာချက်ဟာ ၂၀၂၁ ခုနှစ်၊အောက်တိုဘာ ၁၂ရက်ကစတင်မှာဖြစ်ပါတယ်။ ပရိတ်သတ်တွေရဲ့ အားပေးမှုကြောင့် BlackPink ဟာ
အနာဂတ်မှာ ပိုမိုကျယ်ပြန့်တဲ့ လှုပ်ရှားမှုမျိုးစုံ
ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အသစ်အသစ်တွေကို ဖန်တီးဖို ကြိုးစားသွားမှာပါ။
ကျေးဇူးပြုပြီး သူတို့ကိုများများ စိတ်ဝင်စားပြီး ချစ်ပေးကြပါလို့ BlackPink ပရိတ်သတ်ထောက်ခံမှုကို တာဝန်ယူတဲ့ မန်နေဂျာက ပြောပြထားပါတယ်။
Zaw Gyi
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*