အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို မရောက်သေး၊တွေ့ဆုံအစီအစဉ်များမပျက်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို မရောက်သေး၊တွေ့ဆုံအစီအစဉ်များမပျက်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို
October 12, 2021 Asian Fame

အာဆီယံအထူးကိုယ်စားလှယ် မြန်မာကို မရောက်သေး၊တွေ့ဆုံအစီအစဉ်များမပျက်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းဆို

နေပြည်တော်၊အောက်တိုဘာ၁၂ရက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဟာ လက်ရှိမှာ မြန်မာကို မရောက်သေးဟု ယနေ့နေ့လည် ၁နာရီ၃၅မိနစ်တွင်ပြောသည်။

တွေ့ဆုံအစီအစဉ်များမပျက်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကဆိုသည်။

“ယနေ့မရောက်သေးပါ။တွေ့ဆုံရန်အစီအစဉ်များမပျက်ပါ။ အချိန်/ရက် ပြောင်းရန်သာရှိပါမည်”ဟုဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ နိုင်ငံရေးပါတီအချို့နှင့်တွေ့ဆုံရန် ရှိနေကြောင်း တွေ့ဆုံကြမည့်ပါတီများကယမန်နေ့က ပြောခဲ့ဖူးသော်လည်း အခြေအနေအကြောင်းကြောင့် ယနေ့ နေ့လည်အထိ မလာဖြစ်သေးဘဲ တွေ့ဆုံပွဲ အား ရွေ့ဆိုင်းခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*