စင်္ကာပူတွင် ကိုဗစ်ကြောင့် နယူးနော်မယ် ပုံစံသစ် နောက်ခြောက်လမှ ဖြစ်မည်

စင်္ကာပူတွင် ကိုဗစ်ကြောင့် နယူးနော်မယ် ပုံစံသစ် နောက်ခြောက်လမှ ဖြစ်မည်
October 9, 2021 Asian Fame

စင်္ကာပူတွင် ကိုဗစ်ကြောင့် နယူးနော်မယ် ပုံစံသစ် နောက်ခြောက်လမှ ဖြစ်မည်

စင်္ကာပူသည်လွန်ခဲ့သောရက်အတွင်းနေ့စဉ်ကူးစက်မှုက ၃၀၀၀ ကျော်အထိရှိခဲ့သည်။

စင်္ကာပူ၏ကိုဗစ် ကန့်သတ်ချက်များကို ဖြေလျှော့ရန်နှင့် အများပြည်သူတို့၏ ယခင်လုပ်ရိုးလုပ်စဉ် များကိုပြန်လည် လုပ်ဆောင်ရန်အတွက် ပုံမှန်အားဖြင့်ခြောက်လလောက် လိုနိုင်‌​​သေးသည်ဟုဝန်ကြီးချုပ်လီရှန်လွန်းကယနေ့တွင်ပြောကြားလိုက်သည်။

“ပုံမှန်အခြေနေကိုရောက်ဖို့ အနည်းဆုံးသုံးလကနေ ခြောက်လလောက်ကြာလိမ့်မယ်” ဟု မစ္စတာလီ ကပြောကြားခဲ့သည် ။မနှစ်ကတည်း ကဗိုင်းရပ်စ်ကို ကာကွယ် ထားဖို့အတွက် နယ်စပ်ပိတ်ခြင်း ၊နှာခေါင်းစည်းတပ်ခြင်း၊ ပိုးတွေ့လူနာများ ၏ရာဇဝင်လိုက်ခြင်း၊ ကိုဗစ် စည်းကမ်း  များ လိုက်နာစေခြင်းတို့ကို ပြုလုပ်ခဲ့သည်။

စင်္ကာပူသို့ ဝင်ရောက်မည့်သူများအနက် အနောက်နိုင်ငံ ၈နိုင်ငံမှ ကာကွယ်ဆေးထိုးထားသူများ အဖို့ PCR အဖြေ ကောင်းမွန်ပါက Q ဝင်ရန်မလိုတော့ပေ။

လူ ဦး ရေ ၅.၄၅ သန်းရှိသောအရှေ့တောင်အာရှမှ နိုင်ငံသည်လွန်ခဲ့သောရက်အနည်းငယ်အတွင်းနေ့စဉ်ကိုဗစ် ကူးစက်ခံရသူ ၃၀၀၀ ကျော်ရှိခဲ့သော်လည်း ၎င်းတို့အားလုံးသည် လက္ခဏာမပြ‌ေသာ အပျော့စားသာဖြစ်သည်။ လူ ဦး ရေ၏ ၈၃% ခန့်သည်ကာကွယ်ဆေး အပြည့်ထိုးပြီးဖြစ်သည်။

“မျိူးကွဲသစ်တွေပေါ်လာရင် နောက်ထပ်လှိုင်းတွေ ရင်ဆိုင်ရနိုင်တာမို့ ကျန်းမာရေးစနစ်နဲ့ ကျန်းမာ‌ရေးဝန်ထမ်း စောင့်ရှောက်ဖို့အတွက် လိုအပ်ရင် လိုအပ်သလို ဘရိတ်အုပ်စရာရှိတာတွေ လုပ်သွားမယ်”လို့ မစ္စတာလီး ကဆိုသည်။

စင်္ကာပူသည် မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကိုဖြေလျော့ ခဲ့ပြီးရောဂါနှင့် အတူနေထိုင်ရန်ပြင်ဆင်ရန်ခဲ့‌သည်။ အစိုးရအ‌​နေဖြင့် ဖြေလျော့ခြင်းနှင့်ကာကွယ်ခြင်း ကြားသတိထားလျှောက်လှမ်းနေရသည့်ကာလဖြစ်သည်။

Zaw Gyi

စကၤာပူတြင္ ကိုဗစ္ေၾကာင့္ နယူးေနာ္မယ္ ပုံစံသစ္ ေနာက္ေျခာက္လမွ ျဖစ္မည္

စကၤာပူသည္လြန္ခဲ့ေသာရက္အတြင္းေန႔စဥ္ကူးစက္မႈက ၃၀၀၀ ေက်ာ္အထိရွိခဲ့သည္။စကၤာပူ၏ကိုဗစ္ ကန႔္သတ္ခ်က္မ်ား ကိုေျဖေလွ်ာ့ရန္ႏွင့္ အမ်ားျပည္သူတို႔၏ ယခင္လုပ္႐ိုးလုပ္စဥ္ မ်ားကိုျပန္လည္ လုပ္ေဆာင္ရန္ အတြက္ ပုံမွန္အားျဖင့္ေျခာက္လေလာက္ လိုႏိုင္‌​​ေသးသည္ဟု ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ယေန႔တြင္ေျပာၾကားလိုက္သည္။

“ပုံမွန္အေျခေနကိုေရာက္ဖို႔အနည္းဆုံးသုံးလကေန ေျခာက္လေလာက္ၾကာလိမ့္မယ္” ဟု မစၥတာလီ ကေျပာၾကားခဲ့သည္။ မႏွစ္ကတည္းက ဗိုင္းရပ္စ္ကို ကာကြယ္ထားဖို႔အတြက္ နယ္စပ္ပိတ္ျခင္း၊ႏွာေခါင္းစည္းတပ္ျခင္း၊ ပိုးေတြ႕လူနာမ်ား ၏ရာဇဝင္လိုက္ျခင္း၊ ကိုဗစ္စည္းကမ္းမ်ား လိုက္နာေစျခင္းတို႔ကို ျပဳလုပ္ခဲ့သည္။ စကၤာပူသို႔ ဝင္ေရာက္မည့္ သူမ်ားအနက္ အေနာက္ႏိုင္ငံ ၈ႏိုင္ငံမွ ကာကြယ္ေဆးထိုးထားသူမ်ား အဖို႔ PCR အေျဖ ေကာင္းမြန္ပါက Q ဝင္ရန္မလိုေတာ့ေပ။ လူ ဦး ေရ ၅.၄၅ သန္းရွိေသာအေရွ႕ေတာင္အာရွမွ ႏိုင္ငံသည္လြန္ခဲ့ေသာ ရက္အနည္းငယ္အတြင္းေန႔စဥ္ ကိုဗစ္ ကူးစက္ခံရသူ ၃၀၀၀ ေက်ာ္ရွိခဲ့ေသာ္လည္း ၎တို႔အားလုံးသည္ လကၡဏာမျပ‌ေသာ အေပ်ာ့စားသာျဖစ္သည္။ လူ ဦး ေရ၏ ၈၃% ခန႔္သည္ကာကြယ္ေဆး အျပည့္ထိုးၿပီးျဖစ္သည္။”မ်ိဴးကြဲသစ္ေတြေပၚလာရင္ ေနာက္ထပ္လႈိင္းေတြရင္ဆိုင္ရႏိုင္တာမို႔ က်န္းမာေရးစနစ္နဲ႔ က်န္းမာ‌ေရးဝန္ထမ္း ေစာင့္ေရွာက္ဖို႔အတြက္ လိုအပ္ရင္ လိုအပ္သလို ဘရိတ္အုပ္စရာရွိတာေတြ လုပ္သြားမယ္”လို႔ မစၥတာလီကဆိုသည္။

စကၤာပူသည္မၾကာေသးမီကကို႐ိုနာဗိုင္းရပ္စ္ကန႔္သတ္ခ်က္မ်ားကိုေျဖေလ်ာ့ ခဲ့ၿပီးေရာဂါႏွင့္ အတူေနထိုင္ရန္ျပင္ဆင္ရန္ခဲ့‌သည္။ အစိုးရအ‌​ေနျဖင့္ ေျဖေလ်ာ့ျခင္းႏွင့္ကာကြယ္ျခင္း ၾကားသတိထားေလွ်ာက္လွမ္းေနရသည့္ကာလျဖစ္သည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*