တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သည့် ကိုဗစ်၁၉ ကာကွယ်ဆေး နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သည့် ကိုဗစ်၁၉ ကာကွယ်ဆေး နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
September 4, 2021 Asian Fame

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကူညီထောက်ပံ့သည့် ကိုဗစ်၁၉ ကာကွယ်ဆေး နှင့် ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံကို တရုတ်နိုင်ငံမှ ကူညီထောက်ပံ့တဲ့ ကိုဗစ်၁၉ ကာကွယ်ဆေးနှင့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို စက်တင်ဘာလ ၃ရက်နေ့က ကျင်းပခဲ့ပါတယ်။

အဲ့ဒီ့အစည်းအဝေးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး၊ တယ်ဟုန်ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူး၊ ကျန်မာရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက် ခဲ့ကြပါတယ်။

တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးအေဂျင် စီ ဒုတိယဥက္ကဌက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံကို ကိုဗစ် ၁၉ ကာကွယ်ဆေးတွေ နဲ့ ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများကို ကူညီထောက်ပံ့မယ် လို့ကြေညာခဲ့ပြီး ဒါဟာ အာဆီယံနဲ့အတူ ကပ်ရောဂါ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တဲ့ နောက်ထပ် အစီအမံတစ်ရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံဟာ ကိုဗစ်၁၉ ကပ်ရောဂါ ဖြစ်ပွါးကတည်းက အပြန်အလှန်ဖေးမကူညီပြီး အခက်အခဲတွေကို အတူကျော်လွှား ခဲ့ကာ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက် မှု စံနမူနာသစ်ကို ဖော်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဟာ ယခုအကြိမ် မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေ အသုံးပြုနိုင်ရေးအတွက် ဆက်လက် ကူညီပေး သွားမှာဖြစ်ကြောင်းကိုလည်း သံအမတ်ကြီးက ပြောကြားခဲ့ပြီး ယူနန်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Ms.Li Malin က မြန်မာနိုင်ငံကို ကူညီထောက်ပံ့တဲ့ပစ္စည်းများ စတင်ပို့ဆောင်ပြီလို့လည်း ကြေငြာခဲ့ပါတယ်။

ကျန်းမာရေးပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့က အခုလိုဆောက်ရွက်မှုတွေဟာ မြန်မာနိုင်ငံ ကပ် ရောဂါတိုက်ဖျက်ရေးနှင့် မြန်မာပြည်သူများရဲ့ အသက်နဲ့ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် အထောက်အကူ ဖြစ်စေ ကြောင်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့တဲ့ ကိုဗစ် ၁၉ ကာကွယ် ဆေးနဲ့ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းတွေကို မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၊ တရုတ်-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းမှာပဲ သီးသန့်အသုံးပြုမှာဖြစ်ပြီး အသေးစိတ်ကို ယူနန်ပြည်နယ်မှ တာဝန်ယူ ဖော်ဆောင်မယ်လို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*