မြန်မာနိုင်ငံတွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါသီးနှံကို အများဆုံးစိုက်ပျိုး

မြန်မာနိုင်ငံတွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါသီးနှံကို အများဆုံးစိုက်ပျိုး
September 3, 2021 Asian Fame

မြန်မာနိုင်ငံတွင် အထွက်နှုန်းကောင်းသည့် ချည်မျှင်ရှည်ဝါသီးနှံကို အများဆုံးစိုက်ပျိုး

 

နေပြည်တော် စက်တင်ဘာ ၂

မြန်မာနိုင်ငံတွင် ဝါသီးနှံများဖြစ်သည့် ချည်မျှင်ရှည်ဝါနှင့်ချည်မျှင်တိုဝါတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး အထွက်နှုန်းကောင်းမွန်သည့် ချည်မျှင်ရှည် ဝါသီးနှံကို ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဝါနှင့်လျော်မျှင်သီးနှံဌာနခွဲမှ သိရသည်။

မြန်မာနိုင်ငံတွင် ဝါသီးနှံကို မိုးကြို၊ မိုးလယ်၊ မိုးနှောင်းဟူ၍ သုံးရာသီစိုက်ပျိုးလေ့ရှိပြီး ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးစိုက်ပျိုးကြပြီး အများဆုံးစိုက်ပျိုးမှုအနေဖြင့် ချည်မျှင်ရှည်ဝါဖြစ်ပြီး လက်ရှိစိုက်ပျိုးလျက်ရှိသည့် ချည်မျှင်ရှည်ဝါမျိုးကောင်း မျိုးသန့်မျိုးများမှာ ငွေချည်- ၆၊ ငွေချည်- ၉၊ ရွှေတောင် – ၈၊ ရွှေတောင်- ၁၀၊ ငွေချည်- ၁၁၊စသည့် မျိုးများကိုစိုက်ပျိုးကြကြောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ချည်မျှင်ရှည်ဝါအများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

“မြန်မာနိုင်ငံမှာတော့ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက က အများ ဆုံးဖြစ်ပါတယ်။ မနှစ်ကဆို ရင် မိုးကြိုက ၃၈၀၀ ဧက ကျော်စိုက် ပြီးတော့ မိုးလယ်က ဧက ၅၀၀၀၀ ကျော်စိုက်ပါ တယ်။ မိုးနှောင်းကတော့ ဧက ၂၉၀၀၀၀ ကျော် စိုက်ပါတယ်။ ချည်မျှင်တိုဝါကိုတော့ မိုးကြိုနဲ့ မိုးလယ်မှာ ဧက အနည်းငယ်စိုက်ပါတယ်။ ချည်မျှင်တိုဝါအနေနဲ့ကတော့ မနှစ်က ဧက ၄၅၀၀၀ ကျော်စိုက်ပြီး အားလုံး စုစုပေါင်း ဧက ၃၉၀၀၀၀ နီးပါးလောက် စိုက်ပျိုးခဲ့ပါတယ်။ ချည်မျှင်တိုဝါ အထွက်နှုန်းကတော့ တစ်ဧကကို ၁၁၅ ပိဿာ ကနေ ၁၂၀ ပိဿာလောက်ပဲ ထွက်ပါတယ်။ ချည်မျှင်ရှည်ဝါအထွက် နှုန်းကတော့ နေရာဒေသအလိုက် ကွဲပြားမှုတော့ ရှိပါတယ်။ တစ်ဧက အနည်းဆုံး ပိသာ ၄၂၀ ကနေ ၅၆၅ ပိဿာလောက်ထိတော့ ထွက်ပါတယ်။” ဟု စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)၊ ဝါနှင့်လျော်မျှင်သီးနှံဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဝါစိုက်တောင်သူများ အတွက် ပညာပေး အစီအစဉ် အနေဖြင့် စံပြစိုက်ကွက်များ တွင် စိုက်နည်းစနစ်စိုက်နည်းစနစ်များဖြင့် စိုက်ပြထားပြီး မျိုးကောင်းမျိုးသန့်များခွဲပြကာ နေရာဒေသနှင့်ကိုက်ညီမည့် မျိုးများကို ရွေးချယ်စိုက်ပျိုးနိုင်ရန်လည်း စံပြစိုက်ကွက်များဖြင့် စိုက်ပြထားကြောင်း သိရသည်။

ထို့ပြင် ဝါစိုက်တောင်သူများအတွက် နိုင်ငံတော်မှ ၂၀၂၁ ခုနှစ် မိုးနှောင်းရာသီတွင် ပြည်ထောင်စုရန်ပုံငွေမှ မျိုးစေ့ထုတ်ရန် မျိုးစေ့ ထုတ်တောင်သူများအား မျိုးစေ့ထုတ်ဧက ၈၇၀ ဧကအတွက် မျိုးစေ့အခမဲ့ထောက်ပံ့ထားသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မျိုးထုတ်တောင်သူများအတွက် မျိုးစေ့နှင့် လိုအပ်သည့်ဆေးများထောက်ပံ့ပေးထား ကြောင်း၊ ထို့ကြောင့် ဝါစိုက်တောင်သူများအနေဖြင့် စိုက်ချိန်ကို ရာသီဥတုအပေါ်မူတည်ပြီး အတိုးအလျှော့ ပြုလုပ် စိုက်ပျိုးခြင်းအားဖြင့် ဝါသီးနှံထုတ်လုပ်မှုတွင် အထွက်နှုန်း ပိုလာမည်ဖြစ်ကြောင်း သိရသည်။

 

Photo – Internet

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*