ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂလီများအား ကိုဗစ်ကာကွယ်ဆေးများဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ် စစ်ရှောင်စခန်းများတွင် ခိုလှုံနေကြသည့် ဘင်္ဂလီများအား ကိုဗစ်ကာကွယ်ဆေးများဆက်လက်ထိုးနှံ
August 30, 2021 Asian Fame

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်းရှိ ဆင်တက်မော်ကျေးရွာ IDPs စခန်းနှင့် အနောက်ရဲ IDPs စခန်းတို့တွင် ခိုလှုံနေကြသည့် ဘင်္ဂလီများကို ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးနေတယ်လို့သိရပါတယ်။

သြဂုတ်လ ၂၉ ရက်က ထိုစခန်းတွေမှာရှိတဲ့ အသက် ၄၅ နှစ်အထက်နဲ့ ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့တာမှာ ဘင်္ဂလီ၅၈၀ကျော် ထိုးနှံခဲ့ကြတယ်လို့သိရပါတယ်။

ဆင်တက်မော် IDPs စခန်းမှာ ကာကွယ်ဆေးထိုးခဲ့ကြသူအရေအတွက်က ၃၉၈ဦး၊ အနောက်ရဲ IDPs စခန်းမှာတော့ ၁၈၄ ဦး ထိုးနှံခဲ့ကြတာဖြစ်ပါတယ်။

ပေါက်တောမြို့နယ်ထဲမှာ ဆင်တက်မော် IDPs စခန်း၊ အနောက်ရဲ IDPs စခန်း၊ ကြိမ်နီပြင် IDPs စခန်း၊ ငှက်ချောင်း(၁) IDP စခန်း၊ ငှက်ချောင်း (၂) IDPs စခန်း ၅ခုရှိပြီး ကျန်စခန်း ၃ခုကို ဆက်လက်ထိုးနှံပေးဖို့ရှိတယ်လို့လည်း သိရပါတယ်။

နစက သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးတာနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ ချန်လပ်ထားမှာ မဟုတ်ဘူးလို့ ပြောကြားထားတာရှိပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*