
လားရှိးမြို့မှ ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိစာသင်တိုက်မှ သံဃာတော် အချို့နဲ့ သာသနာ့ ဟိတကာရီစာသင်တိုက်မှ သီလရှင်ဆရာလေး အချို့တို့ ကိုဗစ်ပိုးကူးစက်ခံရတယ်လို့ လားရှိးမြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဇမ္ဗူဦးအေတီတပ်ဦး ပရိယတ္တိစာသင် တိုက်မှာ ဝေယျာဝစ္စလုပ်ကိုင်သူ ၂၁ဦးနဲ့ သာသနာ့ဟိတကာရီစာသင်တိုက်မှာ စာသင် ကြားပေးနေတဲ့ ဆရာမ ၅ဦးတို့မှာလည်း ကိုဗစ်ပိုးကူးစက် ခံရတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ဘုန်းတော်ကြီးကျောင်းနဲ့ သီလရှင် ကျောင်းတွေအားလုံးကို တရက်နဲနဲနဲ့ ကျန်းမာ ရေးအဖွဲ့ ၂ဖွဲ့ခွဲပြီး စစ်ဆေးမှုတွေ လုပ်ပေးမယ် လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘုန်းတော်ကြီးကျောင်းတချို့မှာ ဆွမ်းအခက်အခဲ ရှိနေတဲ့အတွက် လားရှိးမြို့ ပြည်သူတွေနဲ့ ပရဟိတအသင်းအဖွဲ့ တွေက လှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့လည်းသိရပါတယ်။