ကချင်ပြည်နယ်တွင်မိုးညှင်းမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်တွင် လွိင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ကျွန်းလှမြို့နယ်နှင့် မွန်ပြည်နယ်တွင်ချောင်းဆုံမြို့နယ်တို့ကို Stay at Home မြို့နယ်အဖြစ်ကြေညာ

ကချင်ပြည်နယ်တွင်မိုးညှင်းမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ်တွင် လွိင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ကျွန်းလှမြို့နယ်နှင့် မွန်ပြည်နယ်တွင်ချောင်းဆုံမြို့နယ်တို့ကို Stay at Home မြို့နယ်အဖြစ်ကြေညာ
August 25, 2021 Asian Fame
ရန်ကုန်၊ ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်(၅)မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး Stay at home သတ်မှတ်လိုက်ကြောင်း ဩဂုတ်လ ၂၄ရက်ညက ကြေညာခဲ့သည်။
အဆိုပါ Stay at home မြို့နယ်များမှာ ကချင်ပြည်နယ်တွင်မိုးညှင်းမြို့နယ်နှင့်ဝိုင်းမော်မြို့နယ်၊ ကယားပြည်နယ် လွိင်ကော်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ကျွန်းလှမြို့နယ်နှင့် မွန်ပြည်နယ်တွင်ချောင်းဆုံမြို့နယ်တို့ဖြစ်ပြီး သတ်မှတ်ချက်ကို ဩဂုတ်လ (၂၅)ရက်နေ့ မနက်(၄)နာရီမှစတင်အကျုံးဝင်မည်ဖြစ်ကြောင်းသိရသည်။
ယခုဆိုလျှင် မြန်မာတနိုင်ငံလုံး အနေဖြင့်Stay At Home သတ်မှတ်ထား သော မြို့နယ်များမှာ
ရန်ကုန်တိုင်းတွင် ( ၂၂ ) မြို့နယ် ၊ မန္တ လေးတိုင်းတွင် (၂၀) မြို့နယ် ၊ ပဲခူး တိုင်းတွင် (၁၅ ) မြို့နယ်၊ မ ကွေးတိုင်းတွင် (၁၄) မြို့နယ် ၊ ရှမ်းပြည်နယ်တွင် ( ၉ ) မြို့နယ် ၊ ဧရာဝတီတိုင်းတွင် (၇) မြို့နယ် ၊ ချင်းပြည်နယ်တွင် (၅) မြို့နယ် ၊ စစ်ကိုင်းတိုင်းတွင် (၆) မြို့နယ် ၊ ကချင်ပြည်နယ်တွင် (၇) မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ် ၊ နေပြည် တော် ကောင်စီနယ် မြေတွင် (၄) မြို့ နယ် ၊ တနသ်ာရီတိုင်းတွင် (၂) မြို့နယ် ၊ ကရင်ပြည်နယ်တွင် (၁) မြို့နယ် ၊ကယားပြည်နယ်တွင် (၁)မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ( ရှမ်းပြည်နယ်)တွင် (၁) မြို့နယ် ဖြစ်ပြီးစုစု ပေါင်း (၁၁၉) မြို့နယ် ရှိလာပြီဖြစ်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*