လုံခြုံရေးတင်းကြပ်စွာချထားသည့် ရန်ကုန်မြိုလယ်ခေါင်ရှိ နေရာ ၃ခုမနည်း ပေါက်ကွဲမှုဖြစ်

လုံခြုံရေးတင်းကြပ်စွာချထားသည့် ရန်ကုန်မြိုလယ်ခေါင်ရှိ နေရာ ၃ခုမနည်း ပေါက်ကွဲမှုဖြစ်
August 13, 2021 Asian Fame
လုံခြုံရေးတင်းကြပ်စွာချထားတဲ့ ရန်ကုန်မြိုလယ်ခေါင်က နေရာ ၃ခုထက်မနည်းမှာ ဒီကနေ့ သြဂုတ်လ ၁၀ရက်နေ့လယ်ပိုင်းက ပေါက်ကွဲ မှုဖြစ်တွေ ဖြစ်ခဲ့ပါတယ်။
YMBA ရုံးချုပ်ကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်တာတွေအပြင် ပုဇွန်တောင် ရဲစခန်းအနီးဝန်းကျင်၊ရန်ကုန်မြို၊ ကမ်းနားလမ်းက ဗဟိုစာတိုက်ရုံး အနီးစတာတွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။
ပေါက်ကွဲမှုတွေကတော့ နေ့လည် ၁နာရီခွဲခန့် အချိန်ဝန်းကျင်က ရန်ကုန်မြို ဗိုလ်ချုပ်လမ်းနဲ့ ၅၁ လမ်းထောင့် ပုဇွန်တောင်မြိုနယ် ရဲတပ်ဖွဲမှူးရုံးထောင့်မှာ ရှိတဲ့ စည်ပင်အမှိက်ပုံးအတွင်း လက်လုပ်ဗုံးပေါက်ကွဲမှု၊နေ့လယ် ၂နာရီခန့်က ဗိုလ်တထောင်မြိုနယ်၊ ၇ ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ က မ်းနားလမ်းထောင့်မှာရှိတဲ့ ယာဉ်ထိန်းရဲကင်းရုံအတွင်း၊နောက်ပြီး ကမ်းနားလမ်းမှာပဲရှိတဲ့ ဟိုတယ်နဲ့ ခ ရီးသွားလာမှုညွှန်ကြားရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးရုံး) ဝင်ပေါက်အတက်အဆင်းလှေကားနားတိုမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
နောက်ပြီး နေ့လည် ၁နာရီ၄၅ နာရီ အချိန်ခန့်ကလည်း ရန်ကုန်မြို ပုဇွန်တောင်မြိုနယ် ရေကျော်လမ်းမရှိ က YMBAအသင်း လက်လုပ်ဗုံး နဲ့ပစ်ခတ်ခံရတယ်လိုလည်းသိရပါတယ်။
လူနဲ့ ပစ္စည်းထိခိုက်မှု တစ်စုံတရာ မရှိခဲ့ဘူးလိုလည်း YMBAအသင်းက ပြောဆိုထားပြီး CCTV မှတ်တမ်းများဖြင့် ရှာဖွေဖမ်းဆီး အရေးယူ သွားမယ်လို အသင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ နေ့လယ် ၃နာရီ အချိန်ခန့်ကလည်း မဟာဗန္ဓုလလမ်းနဲ့ ၅၂ လမ်းထောင့်ရှိ စည်ပင်အမှိက်ပုံးထဲ လက်လုပ်ဗုံးတွေ့ရှိမှုလည်း ဖြစ်ပွားခဲ့ ပါသေးတယ်။
ဖြစ်စဉ်တွေကြောင့် မြိုထဲ လမ်းအချို ပိတ်ဆိုပြီး ရှာေ ဖွစစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ်လုပ်နေတာတွေ ရှိခဲ့ပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*