အောက်ဆီဂျင်အိုးတွေတန်းစီပြီး တက်နိုင်သလောက်ကူညီနေတဲ့ ပရဟိတလူငယ်များ

အောက်ဆီဂျင်အိုးတွေတန်းစီပြီး တက်နိုင်သလောက်ကူညီနေတဲ့ ပရဟိတလူငယ်များ
July 27, 2021 Asian Fame
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်
ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းကြောင့် မြန်မာနိုင်ငံမှာ သေဆုံးမှုတွေ ၊ဆုံးရှုံးမှုတွေ များစွာကြုံနေခဲ့ရတဲ့ အခြေ အနေတွေဖြစ်ပေါ်နေ ပါတယ်။ ကိုဗစ်ရောဂါကူးစက်ပြီး သေဆုံးသွားတဲ့လူအများစုမှာ အောက်ဆီဂျင်ပျက်လပ်ပြီး သေဆုံးသွားတဲ့ လူတွေများစွာရှိနေပါတယ်။
ဒီလိုမျိုးသေဆုံးသွားတဲ့ လူတွေရှိသလို ကိုဗစ်ရောဂါတစ်အိမ်လုံး ကူးစက်ခံရပြီး အပြင်မထွက်နိုင်ပဲ အိမ်မှာဆေးသောက်နေ ရတဲ့သူတွေလည်း ရှိပါတယ်။အဲ့ဒီလိုလူတွေကို လူငယ်ပရဟိတအသင်းတွေက ဆေးဝါးနဲ့စားစရာတွေ အိမ်တိုင်ရာရောက် လိုက်လံ ပို့ဆောင်ပြီး ကူညီဖေးမတာတွေလည်း ရှိပါတယ်။
အခုလက်ရှိမှာလည်း အောက်ဆီဂျင်တွေလိုအပ်နေတဲ့သူတွေကို ကူညီဖို့ အောက်ဆီဂျင်အိုးတွေဖြည့်ဖို့ တန်းစီစောင့်ပေးပြီး အောက်ဆီဂျင် လိုအပ်နေတဲ့သူတွေကို ကူညီနေတဲ့ တောင်ဒဂုံမြိုနယ်က အသက်(၂၂)အရွယ် မောင်ပြည်ဖြိုးသော်ကို ကိုဗစ်လူနာတွေအတွက် အောက်ဆီ ဂျင်အိုးတန်းစီပေးနေတဲ့ ရည်ရွယ်ချက်ကို အခုလိုပဲမေးမြန်းခဲ့ပါတယ်။
“ ကျွန်တော်တို ဒီအောက်ဆီဂျင်အိုးတွေကို တိုးပေးရတဲ့ရည်ရွယ်ချက်က အခုကိုဗစ်တတိယလှိုင်းမှာ သေဆုံးနေတဲ့သူတွေ များလာတာ ကိုတွေ့ပြီး စိတ်မကောင်းဖြစ်ရတယ်။ဒါနဲ့ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဘယ်အပိုင်းကနေကူညီရမလဲလို စဉ်းစားလိုက်တဲ့အချိန်မှာ အောက်ဆီဂျင်အိုးတွေ တန်းစီဖို့ စဉ်းစားလိုက်တယ်။ ကျွန်တော်တို့အဖွဲမှာ လူငယ်(၅)ယောက်ရှိတယ်။ တစ်ယောက် တလှည့်စီ တန်းစီရတာပေါ့နော်။ ညဘက်တွေလည်း တန်းစီရတယ်။ တရက်ကို၂နာရီလောက်ပဲ အိပ်ရတာတွေရှိတယ်။ အလှည့်ကျပေါ့၊ အောက်ဆီဂျင် အိုးတန်းစီနေတဲ့နားမှာပဲ တစ်ယောက်တစ်လှည့်အိပ်ပြီး ကျွန်တော် တို့တက်နိုင်သလောက် ကူညီတယ်။ အဓိကကတော့ အောက်ဆီဂျင် လိုတဲ့သူတွေ ကျွန်တော်တိ့်ကို အောက်ဆီဂျင်အိုးတွေပေးရင် ကျွန်တော်တို့တန်းစီပေးပြီး အကုန်လုံးကို ကူညီချင်ပါ တယ်။”လို့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကြောင့်သေဆုံးသူ ၇ထောင်ကျော်ရှိနေပြီပြီး ကိုဗစ် အတည်ပြုလူနာ ၂၇၀၀၀ ကျာ် ရှိတယ်လို့ နစက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*