ကွယ်လွန်သွားတဲ့ NLD CEC ဦးဉာဏ်ဝင်း အတွက် CRPH ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ စစ်ကောင်စီ ရဲ့တာဝန်ပျက်ကွက်မှုတွေ အတွက် တာဝန်ယူရမယ်လို ထည့်သွင်းဖော်ပြထား။

ကွယ်လွန်သွားတဲ့ NLD CEC ဦးဉာဏ်ဝင်း အတွက် CRPH ရဲ့ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ စစ်ကောင်စီ ရဲ့တာဝန်ပျက်ကွက်မှုတွေ အတွက် တာဝန်ယူရမယ်လို ထည့်သွင်းဖော်ပြထား။
July 21, 2021 Asian Fame
(၂၀)ရက်နေ့မနက်ပိုင်းက ကိုဗစ်ကူးစက်ခံရလို့ ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေစဉ် ကွယ်လွန်သွားခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဝမ်းနည်းကြောင်းသဝဏ်လွှာကို ထုတ်ပြန်ခဲ့ရာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသည့် နိုင်ငံရေးအကျဉ်းသားများကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက် မှုပေးရန် ပျက်ကွက် သည့် အကြမ်းဖက်စစ်ကောင်စီတွင် တာဝန်အပြည့်ရှိသည့် အပြင် အဆိုပါ ကိစ္စရပ်များအတွက် တာဝန်အပြည့် ယူရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် လို့ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် ဆက်လက် တိုက်ပွဲဝင် သွားမယ်လို ဖော်ပြခဲ့ပါတယ်။
နစက အစိုးရ အနေနဲ့ CRPH ကို မတရားအသင်းအဖြစ် ကြေညာထားပြီး ခေါင်းဆောင်ဖြစ်သူများကိုလည်း ဖမ်းဆီးရန် ဝရမ်း ထုတ်ထားခဲ့တာဖြစ်ပါတယ်။
ကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်ရှိပြီးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားတာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*