NLD CEC ဦးဉာဏ်ဝင်း အတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထည့်သွင်းဖော်ပြ

NLD CEC ဦးဉာဏ်ဝင်း အတွက်ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ စစ်အာဏာရှင်စနစ်ကျဆုံးဖို့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ ထည့်သွင်းဖော်ပြ
July 20, 2021 Asian Fame

နေပြည်တော် ဇူလိုင် ၂၀

နစက ရဲ့ဖမ်းဆီးမှုကြောင့် အကျဉ်းထောင်အတွင်း ကိုဗစ် ကူးစက် ကွယ်လွန်ခဲ့ရတဲ့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အတွက် NLD ပါတီက ဝမ်းနည်းကြောင်း သ၀ဏ်လွှာ ထုတ်ပြန်ခဲ့ပြီး သ၀ဏ်လွှာထဲမှာ စစ်အာဏာရှင် စနစ်ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။

အင်းစိန်ထောင် အတွင်းမှာ ကိုဗစ်(၁၉)ရောဂါကူးစက်ခံရပြီးနောက် ဆေးကုသမှု ခံယူနေသော NLD ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဉာဏ်ဝင်းက ဒီကနေ့ ဇူလိုင်လ (၂၀)ရက်နေ့ မနက်(၉)နာရီကျော်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ဦးဉာဏ်ဝင်းက ဆီးချိုနှင့်သွေးဝမ်းသွား ရောဂါအခံရှိပြီး ထောင်အတွင်း ကိုဗစ်(၁၉)ကူးစက်ခံရတာကြောင့် ဇူလိုင်လ (၁၁)ရက်နေ့မှစ၍ အင်းစိန်ထောင်ကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို လွှဲပြောင်းကုသခဲ့ပြီးနောက် (၉)ရက်အကြာတွင် ကွယ်လွန်သွားတာဖြစ်တယ်လို့ ၎င်း၏ရှေ့နေက အတည်ပြုခဲ့ပါတယ်။

ကွယ်လွန်ချိန်တွင် အသက် (၇၉)နှစ်ရှိပြီးဖြစ်တဲ့ ဦးဉာဏ်ဝင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားတာပါ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*