“အဆိုတော်ကော်နီရဲ့ ကိုဗစ်ကို ကျော်ဖြတ်နေရတဲ့ နေ့ရက်များ”

“အဆိုတော်ကော်နီရဲ့ ကိုဗစ်ကို ကျော်ဖြတ်နေရတဲ့ နေ့ရက်များ”
July 19, 2021 Asian Fame

ကိုဗစ် ကူးစက်ခံထားရတဲ့ တေးသံရှင် ကော်နီ က သူမကိုဗစ်နဲ့ပန်သက်ပြီး ကြုံတွေ့ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ ပရိသတ်တွေအတွက် ပြန်လည်မျှဝေခဲ့ပါတယ်။

“ကိုဗစ်ပထမလှိုင်းဒုတိယလှိုင်းကို သွားသွားလာလာနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တံခါးပေါက်တောင် မရပ်ရတဲ့ကျွန်မအိမ်ထဲမှာနေရင်း နဲ့ဘဲ တတိယလှိုင်းကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ် ။

ဒီနေ့ဆိုရင်(၁၃)ရက်မြောက်ခဲ့ပါပြီ။ ပထမ၃ရက် ခေါင်းအုံခေါင်းကိုက်ပါတယ်။ ရေချိုးကြာလို့အအေးမိတယ် လို့ဘဲ မှတ်ယူမိရင်း ဘိုင်အိုဂျက်ဆစ်နဲ့ မြန်မာဆေးလေးသောက်ချွေးလေးထွက် သက်သာသလိုလေးဖြစ်နဲ့နေရင်းကနေ အရသာစပျက်ပါတယ်။ အနံ့မရနေတာကိုလည်းသတိမထားမိပါဘူး ။နေ့လည်ထမင်းစားတော့ငံကျွိနေတာဘဲသိတယ်ငပိ ထောင်းကိုနမ်းကကြည့်ပြီး အနံ့မရတာကိုလည်း သတိမထားမိသေးပါဘူး ။ညနေရေမိုးချိုး ရေမွှေးဆွတ်တော့မှဘဲ ရေမွှေးနံ့တအိမ်လုံးရတယ် ။ကိုယ်တယောက်ထဲမရတာပါ။ အဲ့တော့မှတအိမ်လုံးလန့်ဖျန့်ပြီးကိုယ်လည်း အခန်းတံခါးပိတ် Home Q ရပါတော့တယ် ။နောက်တော့ကိုယ့်ကိစ္စ ကူလုပ်ပေးရတဲ့ညီမက ၂ရက်နေတော့စဖျားပါတယ် ။ဒါနဲ့အခန်းခွဲနေကြတယ်ပေါ့နော်။

စဖြစ်ရတာကတော့အဲ့ရက်တွေမှာကိုယ်ကအိပ်ရေးပျက်ပျက်ပြီး အိပ်ရေးမပြည့်နေတာပါ ။အဲ့ဒီတော့ကိုယ်ခံအားကျသွားတဲ့အချိန် ဒီကောင်ကအခွင့်အရေးစောင့်နေပုံရပါတယ် ငါအရမ်းဝနေလို့ဆိုပြီး ညစာလည်းနဲနဲလျှော့စားနေတာတပတ်လားဘဲရှိနေသေးချိန်လည်းဖြစ်ပါတယ် ။

နောက်ညီမက ဥပုသ်စောင့် အဓိဌာန်ဝင်နေသူပါ ။ဒီတော့သူလည်းကိုယ်ခံအားနည်းနေသူပါ ။ပြောချင်တာကကိုယ်ခံအားကောင်းနေဘို့ အရေးကြီး တာရယ် အိပ်ရေးလုံးဝမပျက်စေဘို့ အလွန်အရေးကြီးပါတယ်။

စိတ်ပူပင်မှုတွေစိုးထိတ်မှုတွေက ကိုယ်ခံအားကို မသိမသာလေးလျှော့နေစေနိုင်တယ် လို့ထင်ပါတယ်။

အခုတော့အားဆေးတွေလှိမ့်သောက် အစာကိုမစားချင်လည်း လှိမ့်စားနေပါတယ်။ မကော်အနံ့အရသာပျောက်တာ ၈ရက်နီးပါး ကြာသွားတယ် ။အတူဖြစ်တဲ့ညီမက ၄,ရက်နဲ့အနံ့အရသာပြန်ရပါတယ် ။မကော် အခန်းထဲမှာတယောက်ထဲ အသက်ရှုလေ့ကျင့်ခဏ်းလုပ်တယ် ။သတိရတိုင်း အသက်ရှုထုတ်လုပ်တယ် ။မှောက်လည်းမှောက်အိပ်ပါတယ် အလုပ်ကိုပုံမှန်လုပ်တယ် ။လူကမလှုပ်ချင်ပေမယ့်
ဝတ်ထားတဲ့အဝတ်ကို ရအောင်လျှော်တယ် ။ စားတဲ့ပန်းကန်ခွက်တွေဆေးတယ်။ အခန်းသန့်ရှင်းရေးလုပ်တယ် ။
ရေကိုမနက်ပိုင်းချိုးတယ် ။အခန်းတံခါးတွေအကုန်ဖွင့်တယ် ဖျန်းဆေးကိုကိုယ်နဲ့ ထိမိတဲ့နေရာအိပ်ယာရေချိုးခန်းကိုတောက်လျှောက်။ဖျန်းတယ် နေရောင်ရတဲ့နေရာမှာနေပါတယ် ။

အစာစားပြီး နေရာမရှိတာကိုတောင်ဘုရားစာဆိုရင်းရအောင်လမ်းလျှောက်ပါတယ်။

မနက်မိုးလင်းတာနဲ့ ဘုရားစာဖွင့်တရားနာရင်း ပြုနေကြအလုပ်တွေလုပ်တယ်။နေ့လည်ဆို သီချင်းလေးခဏဖွင့်ပြီး စိတ်ကို ရအောင် ပြောင်းရပါတယ် ။

ဖုန်းကြာကြာကြည့်ရင်တော့မူးပါတယ်။
လှုပ်ရှားတာများရင်တော့မောနေပါသေးတယ်နော်
အနံ့အရသာကောင်းသွားပြီဖြစ်ပေမယ့်
နောက်ကျောထဲကနဲနဲအောင့်ပါတယ်
ရေနွေးအိတ်လေးကပ်တော့သက်သာပါတယ်

ရောဂါအခံရှိသူမျာ းအခုထဲက စိတ်ရောလူပါ ကျန်းမာအောင်နေကြပါ။ တကိုယ်ရေ သန့်ရှင်းမှုရှိပါ။ အိမ်တွင်းအိမ်ပြင်သန့်ရှင်းမှု အထူးဂရုစိုက်ကြပါ။ အားရှိစာတွေဆိုတာ အသားမှမဟုတ်ပါဘူးနော် ။မကော်ကခြေလေးချောင်းသားမစားပါဘူးနော်။ အသီးအနှံ အစရှိသဖြင့် အားရှိအောင်စားမယ်နေထိုင် နည်းဗဟုသုတလေးတွေ ရှာဖွေလေ့လာမယ်။

အားတဲ့အချိန်ဘုရားရှိခိုးတရားထိုင်မယ်။မေတ္တာပို့ ပါတယ်။ကျွန်မချစ်တဲ့ပြည်သူလူထုအတွက်နေ့စဉ်မေတ္တာပို့ ဆုတောင်းနေလျှက်ပါ ။နေကောင်းအောင်နေကြပါချစ်ရသူတို့ ပြည်သူအချင်းချင်းကူညီရိုင်းပင်းကြရမယ့်အချိန်ပါ
Fighting ပါ )” လို့ ရေးသားထားပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*