ဦးကျော်မိုးထွန်းအား ပြန်လည်လွဲပြောင်းပေးဖို့ အမေရိကန်ကို နစက စာပို့

ဦးကျော်မိုးထွန်းအား ပြန်လည်လွဲပြောင်းပေးဖို့ အမေရိကန်ကို နစက စာပို့
July 14, 2021 Asian Fame
(နေပြည်တော်၊ဇူလိုင်၁၃)
ဦးကျော်မိုးထွန်းအား ပြန်လည်လွဲပြောင်းပေးဖို့ အမေရိကန်ကို နစက ကစာပို့လိုက်သည်ဟု နစကနိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့သတင်း ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် အသိအမှတ်မပြုရေးနှင့် တရားခွင်၌ တရားရင်ဆိုင်နိုင်ရေးအတွက် လက်ခံထားသည့် နိုင်ငံကလည်း ၎င်းအား ပြန်လည်လွှဲပြောင်းပေးရေးတို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် ကုလသမဂ္ဂဌာနချုပ်နှင့် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တရားဝင်စာဖြင့် ထပ်မံအကြောင်းကြား ထားသည်ဟု နစကနိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းဖော်ပြသည်။
ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂက ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည် ဟုသိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*