နေပြည်တော်မှာ ယခင်နှစ်မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ဖို့ ငွေကျပ်သန်း ၁၇၀၀၀ ကျော် ကျန်နေသေး

နေပြည်တော်မှာ ယခင်နှစ်မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ဖို့ ငွေကျပ်သန်း ၁၇၀၀၀ ကျော် ကျန်နေသေး
July 13, 2021 Asian Fame

နေပြည်တော် ဇူလိုင် ၁၃

နေပြည်တော်ပြည်ထောင်စုနယ်မြေ အတွင်းရှိ တောင်သူများ အတွက် ပြီးခဲ့တဲ့၂၀၂၀ ပြည့်နှစ်၊ မိုးစပါး စိုက်ပျိုးစရိတ်ချေးငွေဟောင်းတွေထဲက တောင်သူတွေ ပြန်ဆပ်ဖို့ ကျန်နေသေးတဲ့ချေးငွေ ကျပ်သန်းပေါင်း ၁၇၁၃၆ ဒသမ ၃၇ သန်း ထိ ကျန်ရှိနေသေးတာ လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်( နေပြည်တော်) က သိရပါတယ်။

” အခုဒီနှစ်အတွက် ချေးငွေက မေလ ၂၆ ရက်နေ့ကနေစပြီး ထုတ်ချေးပေးခဲ့တာပါ။ အဲ့ဒီမှာလဲ အရင် ချေးငွေဟောင်းပြန်ဆပ်တဲ့ တောင်သူတွေကို ဦးစားပေးထုတ်ချေးပေးနေတာပါ။ အဲ့ဒီလို အရင်နှစ် ချေးငွေတွေ ကောက်ခံတဲ့နေရာမှာ နေပြည်တော် ာ်က တောင်သူ ၆၆၇၂ ဦး ဆီက ငွေကျပ်သန်း ၃၅၃၈ ဒသမ ၅၃ ပဲ ကောက်ခံရရှိပါသေးတယ်။ ပြန်ဆပ်ဖို့ကျန်သေးတဲ့ ကြွေးကျန်က ကျပ်သန်းပေါင်း ၁၇၁၃၆ ဒသမ ၃၇ သန်းကျနေသေးတာပါ။ ရာခိုင်နှုန်းအနေနဲ့က ၁၇ ဒသမ ၁၂ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ အရင်ပတ်တွေကတော့ တစ်ပတ်ကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင် လာဆပ်နေကြရာကနေ အခုဒီအပတ်မှာ ကျပ်သိန်း ၄၀၀ လောက်ပဲ လာဆပ်ကြပါတယ်။ ကိုဗစ်ကြောင့် လာဖို့ခက်ခဲတဲ့အနေအထားတွေလဲ ရှိနေလို့ထင်ပါတယ်” ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ယခင် ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးခဲ့ရာမှာ တောင်သူ ၃၅၆၈၉ ဦးကို စပါးစိုက်ဧက ၁၂၈၄၅၀ ဧကနှင့် အခြားသီးနှံစိုက်ဧက ၁၄ဝ၇၄ ဧကအတွက် ငွေကျပ်သန်းပေါင်း ၂ဝ၆၇၄ ဒသမ ၉ သန်း ထုတ်ချေးပေးခဲ့တာပါ။

သို့သော် လက်ရှိ ယခင် ၂၀၂၀ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေဟောင်းတွေ ကောက်ခံရာမှာ ဇွန်လ ၈ ရက်နေ့ထိတောင်သူတွေ လာဆပ်ကြပြီး ဇူလိုင်လအတွင်း ကိုဗစ်ရောဂါ အခြေနေတွေကြောင့် လာဆပ်နိုင်ကြခြင်းမရှိဘူးလို့ သိရပါတယ်။

ချေးငွေဟောင်းတွေ လာဆပ်မှုအပေါ်ကောက်ခံရရှိမှုအနေဖြင့် ငွေကျပ်သန်း ၃၅၃၈ ဒသမ ၅၃ သန်း ကောက်ခံရရှိထားပြီး ကြွေးကျန်အနေနဲ့ ငွေကျပ်သန်း ၁၇၁၃၆ ဒသမ ၃၇ သန်း တောင်သူတွေက ပြန်ဆပ်ရန် ကျန်နေသေးတာ ဖြစ်ပါတယ်။

လက်ရှိတွင် ၂၀၂၁ ခု နှစ်၊ မိုးစပါးစိုက်ပျိုး စရိတ်ချေးငွေများကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုင်းနှင့် အခြားသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်း တို့ဖြင့် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြငိ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်မှ စ၍ ထုတ်ချေးပေးနေပြီဖြစ်ရာ ဇွန်လကုန်ထိတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ အတွင်းရှိ တောင်သူဦးရေ ၁၃၉၁ ဦးကို စိုက်ဧကပေါင်း ၅၆၂၅ ဧကအတွက် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကျပ် ၇၉၀ ဒသမ ၁၀ သန်းကို ထုတ်ချေးပေးထားပြီးဖြစ်သလို ယခု ဇူလိုင်လအတွင်း ထုတ်ချေးပေးနိုင်ခြင် းမရှိသေးဘူးလို့ သိရပါတယ်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*