နာမည်ကျော်တာယာရောင်းချသည့် ဂျပန်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာမည်

နာမည်ကျော်တာယာရောင်းချသည့် ဂျပန်ကုမ္ပဏီ မြန်မာပြည်က ထွက်ခွာမည်
July 8, 2021 Asian Fame

ရန်ကုန် ၊ဇူလိုင် ၈

လွန်ခဲ့သည့် ၇နှစ်ကတည်းက မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး နာမည်ကျော်တာယာ အမှတ်တံဆိပ်တစ်ခုဖြစ်သည့် BRIDGESTONE အား ဖြန့်ဖြူးရောင်းချပေးနေသော FIRST JAPAN TIRE SERVICES သည် ယခုလကုန်တွင် မြန်မာပြည်မှ ထွက်ခွာတော့မည်ဟု ကြေညာလိုက်သည်။

“ကျွန်တော်များ FJTS မှ ဝမ်းနည်းစွာဖြင့် အကြောင်းကြားချက် တစ်ရပ်အားကြေညာ လိုပါသည်။ ယခုလက်ရှိ အခြေအနေအရ FITS အနေဖြင့် Bridgestone Tire လုပ်ငန်းအား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ကုန်မှ စတင်၍ ရပ်ဆိုင်းမည်ဖြစ်ပါသည်။ FMC Contract ချုပ်ဆိုထားသော ဆိုင်များအနေဖြင့် ယခုအကြောင်းကြားစာ ထွက်သည့် နေ့မှစတင်၍ စည်ပင်၏ BS Signboard Tax အား FJTS မှ ကျခံတော့မည် မဟုတ်ဘဲ ဆိုင်းဘုတ်အား ဆက်လက် တပ်ဆင်ထားရှိခြင်း၊ ဖြတ်သိမ်းခြင်း များအား Dealer ဆိုင်များအနေဖြင့်သာ ဆုံးဖြတ်ရန်ဖြစ်ပါသည်”ဟု ကုမ္ပဏီက ဆိုထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ရန်ကုန်မြို့ပေါ်ရှိ အမေရိကန် လက်လုပ်ဆိုင်မုန့်အချို့လည်း ပိတ်သိမ်းသွားသည်။

ယင်းအပြင် လှိုင်သာယာရှိ လုပ်သားထောင်ချီရှိ စက်ရုံ ၂ရုံလည်း ပိတ်သိမ်းသွားခဲ့မှုလည်း တွေ့ရှိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*