AGD ဘဏ်မိသားစုမှ မြန်မာနိုင်ငံအနှံ့ တွင် ယခုနှစ်အတွက် သစ်ပင်ပေါင်း ၄၅၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

AGD ဘဏ်မိသားစုမှ မြန်မာနိုင်ငံအနှံ့ တွင် ယခုနှစ်အတွက် သစ်ပင်ပေါင်း ၄၅၀၀ ကျော် စိုက်ပျိုးခဲ့ကြောင်းသိရသည်။
July 6, 2021 Asian Fame

သစ်တောများ ပြန်လည်မွမ်းမံ ထိန်းသိမ်းရေး နှင့် ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေး တို့အတွက် ရည်ရွယ်ကာ AGD က မြန်မာ့သစ်တော ဦးစီးဌာနနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

AGD ဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးထူးထက်တေဇ မှ သစ်ပင်စိုက်ပျိုးမှု လုပ်ငန်းစဉ်နှင့် ပက်သက်၍ “အခုပြုလုပ်တဲ့ စီမံကိန်းက လူမှုအဖွဲ့အစည်းတိုးတက်ရေး၊ သစ်ပင်များကိုဂရုစိုက်မှု နှင့် သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေး ကူညီမှုတို့ တိုးတက်လာရေးအတွက် ရည်ရွယ်ပါတယ်။ AGD ဘဏ်မှ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နှင့် စိမ်းလန်းစိုပြေရေး တည်ဆောက်မှုများကို အစဉ်တစိုက်ကူညီဖို့ ဆုံးဖြတ်ထားပြီး ဒီအချက်ကို ကျွန်တော်တို့ရဲ့ နာမည် – အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် မှာပါတွေ့ရှိနိုင်ပါတယ်။ ဘဏ်မှာရှိတဲ့ ဝန်ထမ်းအားလုံးကိုလည်း ပိုမိုစိမ်းလန်းတဲ့ အနာဂတ်အတွက် လုပ်ဆောင်တဲ့ လှုပ်ရှားမှုတွေမှာပါဝင်ဖို့ အမြဲတိုက်တွန်း လှုံ့ဆော်ထားပါတယ် ” ဟုပြောကြားခဲ့ပါသည်။

ရာသီဥတုဖောက်ပြန်မှုသည် အနာဂတ် စီးပွားရေးအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*