တရားလိုဘက်ကတင်သွင်းသည့် သက်သေခံစာရွက်ကိစ္စအပေါ် ကန့်ကွက်မှု ပလပ်ခံရ၍ တိုင်းလွှတ်တော်အထိ ဆက်တက်ရန် ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေအဖွဲ့စီစဉ်

တရားလိုဘက်ကတင်သွင်းသည့် သက်သေခံစာရွက်ကိစ္စအပေါ် ကန့်ကွက်မှု ပလပ်ခံရ၍ တိုင်းလွှတ်တော်အထိ ဆက်တက်ရန် ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေအဖွဲ့စီစဉ်
July 5, 2021 Asian Fame

နေပြည်တော်၊ဇူလိုင် ၅

နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်းတို့ အပေါ် ၅၀၅-ခ ဖြင့် တရားစွဲဆိုထားသောအမှုမှ တရားလို ဘက်က တင်သွင်းထားသည့် သက်သေခံစာရွက် ကိစ္စနှင့် စပ်လျဉ်းပြီး တရားပြိုင်ဘက်က ကန့်ကွက်ထားမှုအား ယနေ့ နေပြည်တော် တရား ရုံးတော်က အကျဉ်းနည်းနှင့် ပလပ်လိုက်ကြောင်း သိရသည်။

 နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်း တို့အပေါ် ဖေဖော်ဝါရီ ၇ ရက်က Chair NLD စာမျက်နှာ ထက် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက် ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စာမျက်နှာထက် ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ချက်များနှင့် စပ်လျဉ်းပြီး တာဝန်ရှိသည် ဟုဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅- ခနှင့် အမှုဖွင့်ပြီး အဆိုပါ ထုတ်ပြန်ချက်များကို သက်သေ အဖြစ် တရားလိုဘက်ကတင်သွင်းထားသည်။

ယင်းအပေါ် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နေပြည်တော်မြို့တော်ဝန်ဟောင်း တို့၏ ရှေ့နေများက တရားလိုဘက် ကတင်သွင်း သည့် သက်သေခံစာရွက် ကိစ္စအပေါ် ကန့်ကွက်ထားသည်။

ကန့်ကွက်ချက်ကို ရုံးတော်က ပလပ်ခဲ့၍ တိုင်းလွှတ်တော် အထိ ဆက်တက်ရန် စီစဉ်နေကြောင်း ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*