စီးပွားရေးလုပ်ဖို့ အဆင်သင့်မဖြစ်သေးသောဂျင်းနီ

စီးပွားရေးလုပ်ဖို့ အဆင်သင့်မဖြစ်သေးသောဂျင်းနီ
November 28, 2020 Asian Fame

စီးပြားေရးလုပ္ဖို႔ အဆင္သင့္မျဖစ္ေသးေသာဂ်င္းနီ

#Zawgyi

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ အဆိုေတာ္ ဂ်င္းနီကေတာ့ လတ္တေလာမွာ သူမရဲ႕ အစ္မ စီးပြားေရးတစ္ခုျဖစ္တဲ့ အစားအေသာက္လုပ္ငန္းကို တူတူလုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။ ကိုဗစ္ေရာဂါေၾကာင့္ အႏုပညာအလုပ္ေတြ မလုပ္ရေသးခ်ိန္ အိမ္ကအစ္မကို ဝိုင္းကူၿပီး လုပ္ျဖစ္တဲ့အေၾကာင္းကို အခုလိုပဲေျပာျပခဲ့ပါတယ္။
အစ္မတို႔ ကိုဗစ္ေရာဂါေတြေၾကာင့္ အႏုပညာအလုပ္ေတြမလုပ္ရတဲ့အခ်ိန္ အိမ္မွာပဲ ေနၿပီး ဘာလုပ္ရမလဲဆိုတာကိုေတာ့ စဥ္းစားတာေပါ့ေနာ္။ အဲ့ဒီအခ်ိန္မွာ အစ္မရဲ႕ အစ္ကို ေတြ၊ အစ္မေတြရဲ႕ စီးပြားေရးကို ဝိုင္းကူလုပ္ေပးျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဇြတ္ဆိုတဲ့နာမည္ နဲ႔ ငါးပိရည္ရယ္၊ ကုန္ေျခာက္စားေသာက္ကုန္ေတြျဖစ္တဲ့ ငါးေဖာင္႐ိုးေျခာက္၊ ငါးရံ႕ေျခာက္ ေတြ ေပါ့ေနာ္အစံုပါတယ္။ အဲ့ဒါေတြကို အခုကိုဗစ္ကာလမွာ လုပ္ျဖစ္ေနတယ္။ ဒါေပမယ့္ ကိုယ္တိုင္ေတာ့ လိုက္မပို႔ျဖစ္ဘူး။ လိုက္မပို႔ျဖစ္ဘူးဆိုတာကလည္း အစ္မက ဒီကာလမွာ အျပင္ကို မလိုအပ္တဲ့ေနရာဆို သိပ္မထြက္ျဖစ္ဘူး။ ဝယ္တဲ့သူေတြကို ကိုယ္တိုင္ေတာ့ လိုက္ပို႔ျဖစ္တာ မရွိဘူး။ ဒါေပမယ့္လည္း အိမ္မွာေနရင္းနဲ႔ပဲ အလုပ္လုပ္ျဖစ္တာေပါ့ေနာ္။ အစ္မက ဒီအလုပ္ကိုလုပ္တုန္းကလည္း အရမ္းႀကီးမေၾကာ္ျငာျဖစ္ဘူး။ အစ္မသိသေလာက္ လူေတြ၊ ာန်နညါနမ ကသိတဲ့လူေတြပဲ ေျပာျဖစ္ပါတယ္။ အစ္မကိုယ္တိုင္ စားျပၿပီးေတာ့ ေရာင္းတာေတြဘာေတြေတာ့မရွိပါဘူး။ ဘာျဖစ္လို႔လဲဆိုရင္ အစ္မနဲ႔တခ်ိဳ႕ လုပ္ငန္းတူ ေတြရွိမယ္။ အဲ့ဒီလိုမ်ိဳးဆို အစ္မကအားနာေနတာေပါ့ေနာ္။ တကယ္ေတာ့ စီးပြားေရး ဆိုတာ အားနာလို႔ မရဘူးဆိုတာသိတယ္။ ကိုယ္ကိုယ္တိုင္ကလည္း အဲ့ဒီလိုမ်ိဳး အရမ္းႀကီးမေရာင္းခ်င္ဘူး အားနာလို႔ပါ။ အဲ့ဒီအတြက္ အစ္မေဈးေရာင္းရင္ေတာ့ အမ်ားႀကီး သင္ယူရဦးမွာေတြရွိပါတယ္။ စီးပြားေရးနဲ႔ပတ္သက္ၿပီး ကိုယ္တတ္သေလာက္ သင္ယူဦးမွာပါလို႔ေျပာပါတယ္။
သဲစုလိႈင္

#Unicode

ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် ဂျင်းနီကတော့ လတ်တလောမှာ သူမရဲ့ အစ်မ စီးပွားရေးတစ်ခုဖြစ်တဲ့ အစားအသောက်လုပ်ငန်းကို တူတူလုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ကိုဗစ်ရောဂါကြောင့် အနုပညာအလုပ်တွေ မလုပ်ရသေးချိန် အိမ်ကအစ်မကို ဝိုင်းကူပြီး လုပ်ဖြစ်တဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။
အစ်မတို့ ကိုဗစ်ရောဂါတွေကြောင့် အနုပညာအလုပ်တွေမလုပ်ရတဲ့အချိန် အိမ်မှာပဲ နေပြီး ဘာလုပ်ရမလဲဆိုတာကိုတော့ စဉ်းစားတာပေါ့နော်။ အဲ့ဒီအချိန်မှာ အစ်မရဲ့ အစ်ကို တွေ၊ အစ်မတွေရဲ့ စီးပွားရေးကို ဝိုင်းကူလုပ်ပေးဖြစ်ပါတယ်။ အဲ့ဒါကတော့ ဇွတ်ဆိုတဲ့နာမည် နဲ့ ငါးပိရည်ရယ်၊ ကုန်ခြောက်စားသောက်ကုန်တွေဖြစ်တဲ့ ငါးဖောင်ရိုးခြောက်၊ ငါးရံ့ခြောက် တွေ ပေါ့နော်အစုံပါတယ်။ အဲ့ဒါတွေကို အခုကိုဗစ်ကာလမှာ လုပ်ဖြစ်နေတယ်။ ဒါပေမယ့် ကိုယ်တိုင်တော့ လိုက်မပို့ဖြစ်ဘူး။ လိုက်မပို့ဖြစ်ဘူးဆိုတာကလည်း အစ်မက ဒီကာလမှာ အပြင်ကို မလိုအပ်တဲ့နေရာဆို သိပ်မထွက်ဖြစ်ဘူး။ ဝယ်တဲ့သူတွေကို ကိုယ်တိုင်တော့ လိုက်ပို့ဖြစ်တာ မရှိဘူး။ ဒါပေမယ့်လည်း အိမ်မှာနေရင်းနဲ့ပဲ အလုပ်လုပ်ဖြစ်တာပေါ့နော်။ အစ်မက ဒီအလုပ်ကိုလုပ်တုန်းကလည်း အရမ်းကြီးမကြော်ငြာဖြစ်ဘူး။ အစ်မသိသလောက် လူတွေ၊ ာနျနညါနမ ကသိတဲ့လူတွေပဲ ပြောဖြစ်ပါတယ်။ အစ်မကိုယ်တိုင် စားပြပြီးတော့ ရောင်းတာတွေဘာတွေတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုရင် အစ်မနဲ့တချို့ လုပ်ငန်းတူ တွေရှိမယ်။ အဲ့ဒီလိုမျိုးဆို အစ်မကအားနာနေတာပေါ့နော်။ တကယ်တော့ စီးပွားရေး ဆိုတာ အားနာလို့ မရဘူးဆိုတာသိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အဲ့ဒီလိုမျိုး အရမ်းကြီးမရောင်းချင်ဘူး အားနာလို့ပါ။ အဲ့ဒီအတွက် အစ်မဈေးရောင်းရင်တော့ အများကြီး သင်ယူရဦးမှာတွေရှိပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီး ကိုယ်တတ်သလောက် သင်ယူဦးမှာပါလို့ပြောပါတယ်။
သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*