အွန်လိုင်းပေါ်မှာစျေးရောင်းတာ လွယ်ကူတဲ့အရာမဟုတ်ဘူး ဆိုတဲ့ ပိုးအိအိခန့်

အွန်လိုင်းပေါ်မှာစျေးရောင်းတာ လွယ်ကူတဲ့အရာမဟုတ်ဘူး ဆိုတဲ့ ပိုးအိအိခန့်
November 20, 2020 Asian Fame

#Unicode

အွန်လိုင်းပေါ်မှာစျေးရောင်းတာ လွယ်ကူတဲ့အရာမဟုတ်ဘူး ဆိုတဲ့ ပိုးအိအိခန့်

ဗီဒီယိုဇာတ်ကားခေတ်တွေမှာ ပရိသတ်ရဲ့အားပေးမှုတွေကို ရရှိလာတဲ့ သူကတော့ သရုပ်ဆောင်ပိုးအိအိခန့်ပဲဖြစ်ပါတယ်။အနုပညာအလုပ်ကိုအမြဲကြိုးစားပြီးလုပ်ကိုင်လာပြီး ဘောလုံးကစားသမားအောင်သူနဲ့ အိမ်ထောင်ကျပြီးတဲ့အချိန်မှာတော့ အနုပညာအလုပ်ခေတ္တရပ်နားထားခဲ့ပါတယ်။ယခုအချိန်မှာတော့ အိမ်မှာနေရတဲ့အချိန် စျေးရောင်းဖြစ်နေတဲ့အကြောင်းကိုလည်း ပိုးအိအိခန့်က” ပိုးအိအိမ်မှာနေရင်းနဲ့ပျင်းလို့ လုပ်စရာအလုပ်လဲမရှိတာနဲ့ပဲ စျေးလေးတွေရာင်းဖြစ်နေပါတယ်။အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေနားပြီး သားလေးမွေးတဲ့အထိ အိမ်မှာပဲနေနေရတဲ့အခါကျတော့ ကိုယ်ကပျင်းလာပြီလေ။အဲ့ဒါနဲ့ အွန်လိုင်းကနေ စျေးတွေရောင်းဖြစ်နေတာပေါ့နော်။ပိုးအိလုပ်ချင်တဲ့ စီးပွားရေးက သပ်သပ်ရှိပါတယ်။ဒီစျေးရောင်းတာက ကိုဗစ်ရောဂါဖြစ်နေတဲ့အချိန် အိမ်ထဲမှာနေပြီးတော့ ယာယီလုပ်ဖြစ်တဲ့အလုပ်လေးပါ။ပိုးအိဒီအွန်လိုင်းမှာ စျေးရောင်းတော့ ပရိသတ်တွေတော်တော်များများက အားပေးကြတယ်။၀ယ်ယူကြတာ တွေ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။အရင်ကအွန်လိုင်းမှာစျေးရောင်းတဲ့ အနုပညာမော်ငနှမတွေတွေ့တော့ စျေးရောင်းတာကလွယ်မှာထင်တာ ဘာမှာမခက်ဘူးပေါ့။အခုကိုယ်လုပ်ကြည့်မှ အရမ်းခက်ခဲပါတယ်။ကိုယ်ကစျေးသည်နေရာဖြစ်သွားတော့ ပရိသတ်တွေ ဝုယ်ချင်အောင် ပြောရတာပေါ့နော်။ဒါပေမယ့်လည်း ပရိသတ်က အားပေကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။” လို့ ပြောပါတယ်။

သားလေးတစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ ပိုးအိအိခန့်တစ်ယောက်ကတော့ သူမပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးကိုကျေနပ်မိတယ်လို့ ပိုးအိအိခန့်က” အိမ်ထောင်ရေးကတော့ ပြောစရာမရှိအောင် အဆင်ပြေနေပါတယ်။ကိုယမကြိုက်တဲ့အချက်တွေလည်း ပြင်သလို ကိုအောင်သူကလည်း ပိုးအိမကြိုက်တဲ့အချက်တွေကို အကုန်ပြင်ပေးတဲ့အတွက် အိမ်ထောင်ရေးက အဆင်ပြေပါတယ်။သားလေးက အရမ်းလိမ္မာပြီး အဖေနဲ့အမေကို သိတတ်တော့ ပြောစရာမရှိအောင်ကိုပဲ။မိန်းကလေးတစ်ယောက်မှာ အိမ်ထောင်ရေးဆိုတာ ထီပေါက်သလိုပဲလေ။ပိုက်ဆံတွေဘယ်လောက်ရှိရှိ အိမ်ထောင်ရေးအဆင်မပြေတဲ့ သူတွေက အများကြီးဆိုတော့ ပိုးအိကတော့ အိမ်ထောင်ရေးကံကောင်းတယ်။” လို့ပြောပါတယ်။

သဲစုလှိုင်

#Zawgyi

အြန္လိုင္းေပၚမွာေစ်းေရာင္းတာ လြယ္ကူတဲ့အရာမဟုတ္ဘူး ဆိုတဲ့ ပိုးအိအိခန႔္

ဗီဒီယိုဇာတ္ကားေခတ္ေတြမွာ ပရိသတ္ရဲ့အားေပးမႈေတြကို ရရွိလာတဲ့ သူကေတာ့ သ႐ုပ္ေဆာင္ပိုးအိအိခန႔္ပဲျဖစ္ပါတယ္။အႏုပညာအလုပ္ကိုအျမဲႀကိဳးစားၿပီးလုပ္ကိုင္လာၿပီး ေဘာလုံးကစားသမားေအာင္သူနဲ႔ အိမ္ေထာင္က်ၿပီးတဲ့အခ်ိန္မွာေတာ့ အႏုပညာအလုပ္ေခတၱရပ္နားထားခဲ့ပါတယ္။ယခုအခ်ိန္မွာေတာ့ အိမ္မွာေနရတဲ့အခ်ိန္ ေစ်းေရာင္းျဖစ္ေနတဲ့အေၾကာင္းကိုလည္း ပိုးအိအိခန႔္က” ပိုးအိအိမ္မွာေနရင္းနဲ႔ပ်င္းလို႔ လုပ္စရာအလုပ္လဲမရွိတာနဲ႔ပဲ ေစ်းေလးေတြရာင္းျဖစ္ေနပါတယ္။အိမ္ေထာင္က်ၿပီးကတည္းက အႏုပညာအလုပ္ေတြနားၿပီး သားေလးေမြးတဲ့အထိ အိမ္မွာပဲေနေနရတဲ့အခါက်ေတာ့ ကိုယ္ကပ်င္းလာၿပီေလ။အဲ့ဒါနဲ႔ အြန္လိုင္းကေန ေစ်းေတြေရာင္းျဖစ္ေနတာေပါ့ေနာ္။ပိုးအိလုပ္ခ်င္တဲ့ စီးပြားေရးက သပ္သပ္ရွိပါတယ္။ဒီေစ်းေရာင္းတာက ကိုဗစ္ေရာဂါျဖစ္ေနတဲ့အခ်ိန္ အိမ္ထဲမွာေနၿပီးေတာ့ ယာယီလုပ္ျဖစ္တဲ့အလုပ္ေလးပါ။ပိုးအိဒီအြန္လိုင္းမွာ ေစ်းေရာင္းေတာ့ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားက အားေပးၾကတယ္။၀ယ္ယူၾကတာ ေတြ႕ရတဲ့အတြက္ ၀မ္းသာမိပါတယ္။အရင္ကအြန္လိုင္းမွာေစ်းေရာင္းတဲ့ အႏုပညာေမာ္ငႏွမေတြေတြ႕ေတာ့ ေစ်းေရာင္းတာကလြယ္မွာထင္တာ ဘာမွာမခက္ဘူးေပါ့။အခုကိုယ္လုပ္ၾကည့္မွ အရမ္းခက္ခဲပါတယ္။ကိုယ္ကေစ်းသည္ေနရာျဖစ္သြားေတာ့ ပရိသတ္ေတြ ဝုယ္ခ်င္ေအာင္ ေျပာရတာေပါ့ေနာ္။ဒါေပမယ့္လည္း ပရိသတ္က အားေပၾကတဲ့အတြက္ ေက်းဇူးတင္ပါတယ္။” လို႔ ေျပာပါတယ္။

သားေလးတစ္ေယာက္နဲ႔ ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘ၀ကို ပိုင္ဆိုင္ထားတဲ့ ပိုးအိအိခန႔္တစ္ေယာက္ကေတာ့ သူမပိုင္ဆိုင္ထားတဲ့ အိမ္ေထာင္ေရးကိုေက်နပ္မိတယ္လို႔ ပိုးအိအိခန႔္က” အိမ္ေထာင္ေရးကေတာ့ ေျပာစရာမရွိေအာင္ အဆင္ေျပေနပါတယ္။ကိုယမႀကိဳက္တဲ့အခ်က္ေတြလည္း ျပင္သလို ကိုေအာင္သူကလည္း ပိုးအိမႀကိဳက္တဲ့အခ်က္ေတြကို အကုန္ျပင္ေပးတဲ့အတြက္ အိမ္ေထာင္ေရးက အဆင္ေျပပါတယ္။သားေလးက အရမ္းလိမၼာၿပီး အေဖနဲ႔အေမကို သိတတ္ေတာ့ ေျပာစရာမရွိေအာင္ကိုပဲ။မိန္းကေလးတစ္ေယာက္မွာ အိမ္ေထာင္ေရးဆိုတာ ထီေပါက္သလိုပဲေလ။ပိုက္ဆံေတြဘယ္ေလာက္ရွိရွိ အိမ္ေထာင္ေရးအဆင္မေျပတဲ့ သူေတြက အမ်ားႀကီးဆိုေတာ့ ပိုးအိကေတာ့ အိမ္ေထာင္ေရးကံေကာင္းတယ္။” လို႔ေျပာပါတယ္။

သဲစုလွိုင္

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*