ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီး တသက်လုံး နောင်တရနေတော့မယ့် အကြောင်းကို ဖွင့်ဟလိုက်တဲ့ မြတ်ကေသီအောင်

ဖခင်ဖြစ်သူနဲ့ပတ်သက်ပြီး တသက်လုံး နောင်တရနေတော့မယ့် အကြောင်းကို ဖွင့်ဟလိုက်တဲ့ မြတ်ကေသီအောင်
October 8, 2020 Popular

#Zawgyi

သ႐ုပ္ေဆာင္ ျမတ္ေကသီေအာင္ ရဲ့ဖခင္ ဇာတ္ပို႔သ႐ုပ္ေဆာင္ေမာင္ လူကေလး ကြယ္လြန္တာ ၉ႏွစ္ ၆လျပည့္သြားခဲ့ပါၿပီ။ ဇာတ္ပို႔သ႐ုပ္ေဆာင္တစ္ဦးရဲ့ သမီးျဖစ္တဲ့အတြက္မင္းသမီးတစ္ေယာက္ျဖစ္လာဖို႔ ႀကိဳးစားခဲ့ရပုံေတြ၊ ဖခင္နဲ႔ပတ္သက္ၿပီး အျမဲေနာင္တရေနေတာ့မယ့္ အျဖစ္ကိုလည္း အခုလိုေျပာျပခဲ့ပါတယ္။
ကမၻာေပၚမွာ ကိုယ့္မိဘကို မခ်စ္တဲ့ သားသမီး သိပ္ရွားပါးမယ္ထင္ပါတယ္.မိဘေတြက အနစ္နာခံ ဒုကၡခံၿပီး ျပဳစုေစာက္ေရွာက္ခဲ့လို႔ ကိုယ္ေတြ အသက္အရြယ္တခုေရာက္တဲ့အခါမွာ အဆင္ေျပေၿပ အလုပ္တခုလုပ္နိင္ခဲ့တယ္.ကိုယ္အႏုပညာစလုပ္ေတာ့ ကိုယ့္ အေဖက ဇာတ္ပို႔တေယာက္အျဖစ္နဲ႔ ဇာတ္ကားေတြအမ်ားႀကီးရိုက္ထားၿပီးေနၿပီ.အေဖ့ ႐ုပ္ရွင္နံမည္က ေမာင္လူကေလးေပါ့.အႏုပညာေလာကထဲမွာ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ အေဖ့ေၾကာင့္ ကိုယ္ဟာ ေမာင္လူကေလးသမီးဆိုၿပီး လိုက္မိတ္ဆက္ဖို႔ မလိုေအာင္ ကိုယ့္ေလာက ကလူေတြျမန္ျမန္သိသြားၾကတယ္.အေဖ့သမီးလို႔ ေလာကထဲကလူေတြ သိသြားၿပီးေနာက္မွာ ကိုယ့္အတြက္စိန္ေခၚမႈတခုကိုစတင္ခဲ့တယ္.

ဘာလဲဆိုေတာ့….ဇာတ္ပို႔တေယာက္ရဲ့ သမီးဟာ ဘာမွ မျဖစ္ပဲနဲ႔ အႏုပညာေလာကထဲကျပန္ထြက္သြားရတယ္ဆိုတာနဲ႔ ဇတ္ပို႔တေယာက္ရဲ့သမီးဟာ ဘယ္ေတာ့မွ မင္းသမီးတေယာက္မျဖစ္နိင္ဘူးဆိုတာ မ်ိဳး မျဖစ္ရေအာင္ ႀကိဳးစားခဲ့ရတယ္.ဒါဟာ အေဖတေယာက္ ဇာတ္ပို႔ဆိုတဲ့ဘဝမွာ ဘယ္ေလာက္ေပးဆပ္အနစ္နာခံၿပီး အႏုပညာကို ကိုယ့္ထက္ပို႐ူးသြပ္တယ္ဆိုတာကိုသိလိုက္ရလို႔ပဲ.အကယ္ဒမီကို ကိုယ္ရခ်င္တာထက္ အေဖက ကိုယ့္ကိုပိုရေစခ်င္တယ္.အဲ့တာေၾကာင့္ ကားႀကီးေတြရိုက္ခြင့္နည္းခဲ့ရတဲ့ကိုယ္ဟာ အခြင့္အေရးရတိုင္းကိုယ္လုပ္ခြင့္ရတဲ့ေနရာကို အျမဲစိတ္နစ္ၿပီး ႀကိဳးစားခဲ့တယ္.ကိုယ့္ဘဝထဲကေန အေဖထြက္သြားခ်ိန္ဟာ အရမ္းေစာလြန္းတယ္လို႔ခုထိခံစားေနရသလို အေဖ့ကို ေဆး႐ုံေစာေစာတင္လိုက္ရင္ ငါ့အေဖခုထိအသက္ရွင္ေနအုန္းမယ္ထင္ပါတယ္.ေအာက္စီဂ်င္ဗူးေလးေတာင္ေပးမရႉလိုက္မိတဲ့ေနာင္တဟာ ကိုယ္က်န္ခဲ့တဲ့သက္တမ္းမွာေသတဲ့အထိ ပါသြားပါၿပီ.

အေဖမရွိေတာ့ေပမဲ့ အေဖခ်စ္တဲ့အႏုပညာေလာကထဲမွာ အခြင့္အေရး ရရင္ ရသလို ခုထိ ႀကိဳးစားေနတုန္းပါ.ကံတရားေလးမ်ား တခါေလာက္ေကာင္းခဲ့ရင္ တတိယေျမာက္အကယ္ဒမီေလးနဲ႔ ထပ္ၿပီးေက်းဇူးဆပ္ခ်င္ပါေသးတယ္အပါးရယ္.

၉ႏွစ္နဲ႔ ၆လျပည့္ အလြမ္း(ျပန္မေတြ႕ရနိင္တဲ့အျပဳံးေတြ)
MKTA

#Unicode

သရုပ်ဆောင် မြတ်ကေသီအောင် ရဲ့ဖခင် ဇာတ်ပို့သရုပ်ဆောင်မောင် လူကလေး ကွယ်လွန်တာ ၉နှစ် ၆လပြည့်သွားခဲ့ပါပြီ။ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးရဲ့ သမီးဖြစ်တဲ့အတွက်မင်းသမီးတစ်ယောက်ဖြစ်လာဖို့ ကြိုးစားခဲ့ရပုံတွေ၊ ဖခင်နဲ့ပတ်သက်ပြီး အမြဲနောင်တရနေတော့မယ့် အဖြစ်ကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ကိုယ့်မိဘကို မချစ်တဲ့ သားသမီး သိပ်ရှားပါးမယ်ထင်ပါတယ်.မိဘတွေက အနစ်နာခံ ဒုက္ခခံပြီး ပြုစုစောက်ရှောက်ခဲ့လို့ ကိုယ်တွေ အသက်အရွယ်တခုရောက်တဲ့အခါမှာ အဆင်ပြေပြေ အလုပ်တခုလုပ်နိင်ခဲ့တယ်.ကိုယ်အနုပညာစလုပ်တော့ ကိုယ့် အဖေက ဇာတ်ပို့တယောက်အဖြစ်နဲ့ ဇာတ်ကားတွေအများကြီးရိုက်ထားပြီးနေပြီ.အဖေ့ ရုပ်ရှင်နံမည်က မောင်လူကလေးပေါ့.အနုပညာလောကထဲမှာ ပျော်ပျော်နေတတ်တဲ့ အဖေ့ကြောင့် ကိုယ်ဟာ မောင်လူကလေးသမီးဆိုပြီး လိုက်မိတ်ဆက်ဖို့ မလိုအောင် ကိုယ့်လောက ကလူတွေမြန်မြန်သိသွားကြတယ်.အဖေ့သမီးလို့ လောကထဲကလူတွေ သိသွားပြီးနောက်မှာ ကိုယ့်အတွက်စိန်ခေါ်မှုတခုကိုစတင်ခဲ့တယ်.

ဘာလဲဆိုတော့….ဇာတ်ပို့တယောက်ရဲ့ သမီးဟာ ဘာမှ မဖြစ်ပဲနဲ့ အနုပညာလောကထဲကပြန်ထွက်သွားရတယ်ဆိုတာနဲ့ ဇတ်ပို့တယောက်ရဲ့သမီးဟာ ဘယ်တော့မှ မင်းသမီးတယောက်မဖြစ်နိင်ဘူးဆိုတာ မျိုး မဖြစ်ရအောင် ကြိုးစားခဲ့ရတယ်.ဒါဟာ အဖေတယောက် ဇာတ်ပို့ဆိုတဲ့ဘဝမှာ ဘယ်လောက်ပေးဆပ်အနစ်နာခံပြီး အနုပညာကို ကိုယ့်ထက်ပိုရူးသွပ်တယ်ဆိုတာကိုသိလိုက်ရလို့ပဲ.အကယ်ဒမီကို ကိုယ်ရချင်တာထက် အဖေက ကိုယ့်ကိုပိုရစေချင်တယ်.အဲ့တာကြောင့် ကားကြီးတွေရိုက်ခွင့်နည်းခဲ့ရတဲ့ကိုယ်ဟာ အခွင့်အရေးရတိုင်းကိုယ်လုပ်ခွင့်ရတဲ့နေရာကို အမြဲစိတ်နစ်ပြီး ကြိုးစားခဲ့တယ်.ကိုယ့်ဘဝထဲကနေ အဖေထွက်သွားချိန်ဟာ အရမ်းစောလွန်းတယ်လို့ခုထိခံစားနေရသလို အဖေ့ကို ဆေးရုံစောစောတင်လိုက်ရင် ငါ့အဖေခုထိအသက်ရှင်နေအုန်းမယ်ထင်ပါတယ်.အောက်စီဂျင်ဗူးလေးတောင်ပေးမရှူလိုက်မိတဲ့နောင်တဟာ ကိုယ်ကျန်ခဲ့တဲ့သက်တမ်းမှာသေတဲ့အထိ ပါသွားပါပြီ.

အဖေမရှိတော့ပေမဲ့ အဖေချစ်တဲ့အနုပညာလောကထဲမှာ အခွင့်အရေး ရရင် ရသလို ခုထိ ကြိုးစားနေတုန်းပါ.ကံတရားလေးများ တခါလောက်ကောင်းခဲ့ရင် တတိယမြောက်အကယ်ဒမီလေးနဲ့ ထပ်ပြီးကျေးဇူးဆပ်ချင်ပါသေးတယ်အပါးရယ်.

၉နှစ်နဲ့ ၆လပြည့် အလွမ်း(ပြန်မတွေ့ရနိင်တဲ့အပြုံးတွေ)
MKTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*