T Fitness Applicationကို မိတ်ဆက်လိုက်တဲ့ မော်ဒယ် သန္တာလှိုင်
T Fitness Applicationကို မိတ်ဆက်လိုက်တဲ့ မော်ဒယ် သန္တာလှိုင်
February 17, 2020 Asian Fame
T Fitness Application
ကို မိတ်ဆက်လိုက်တဲ့ မော်ဒယ် သန္တာလှိုင်
#Zawgyi
#Unicode
မိန်းကလေးတွေ တော်တော်များများ အားကျရတဲ့ အနုပညာရှင်များထဲမှ တစ်ယောက်ဖြစ်တဲ့ မော်ဒယ်သန္တာလှိုင်ဟာဆိုရင် ယခုချိန်ထိ အလှမပျက်ဘဲ အားလုံးအားကျရပြီး Bodyကော၊ အလှအပမှာပါ စံထားရတဲ့သူတစ်ယောက်ဖြစ်ပြီး သူမကိုယ်တိုင်ကလည်း ကိုယ်ကိုကိုယ်လှပအောင်၊ ကျန်းမာအောင် ထိန်းသိမ်းစောင့်ရှောက်သူတစ်ယောက်ဖြစ်တဲ့အပြင်လူတိုင်းရဲ့ ကျန်းမာရေး၊ အလှအပနဲ့ Bodyနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို ဝေမျှပေးနေတဲ့သူပဲဖြစ်ပါတယ်။ Fitness Model and Lifestyle Influencer တစ်ဦးဖြစ်ပြီး ကျန်းမာရေးသင်တန်းတွေပို့ချပေးတဲ့ T s Workshop Training Center ကိုလည်း ၂၀၁ရခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပါတယ်။ အခုချိန်ဆိုရင်လည်း လူတိုင်းအတွက် T-Fitness Application ကို သန္တာလှိုင်က သူရဲ့ပရိသတ်တွေရဲ့ ကျန်းမာရေးဗဟုသုတ အသိပညာတွေကို ပိုက်ဆံတက်နိုင်သူများ၊ လက်လှမ်းမှီသောလူနည်းစုအတွက်တင်မက လူတိုင်း သိသင့်ရသင့်ရထိုက်စေလိုတဲ့ရည်ရွယ်ချက်လေးနဲ့ T-Fitness Application ပြုလုပ်ခဲ့ပါတယ်။ T-Fitness Application ကိုပြုလုပ်ဖြစ် တဲ့အကြောင်းကိုလည်း …..
“ဒီApplicationတွေကိုမစခင်ကတော့ အစ်မတို့ T s Workshop ဆိုပြီးတော့ အမျိုးသမီးတွေကို မျှဝေပေးနေတဲ့သင်တန်းရှိတယ်။ အဲဒီကနေပြီးတော့ အစ်မဘာကိုစိတ်ကူးမိခဲဆိုရင် ကျန်မာရေးဆိုတာ တက်နိုင်တဲ့လူနည်းစုအတွက်သာ လက်လှမ်းမိတဲ့အခွင့်အရေးတစ်ခုမဖြစ်သင့်ဘူး။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့အသိပညာတွေ အတက်ပညာတွေနဲ့ အရေးတစ်ခုမဖြစ်သင့်ဘူး။ ကျန်းမာရေးနဲ့ ပတ်သတ်တဲ့ အသိပညာတွေအတက်ပညာတွေနဲ့ Lifestyle တွေကို လက်လှမ်းမီသင့်တယ်။ စဉ်းစားမိလိုက်တဲ့အခါမှာ ဖုန်းက လူတိုင်းလက်ထဲမှရှိနေပြီး Internetခေတ်လည်းဖြစ်တာကြောင့်အစ်မတို့ကလည်း စဉ်းစားမိတယ်။ Online Application လေးကိုလုပ်ဖို့စီစဉ်ဖြစ်သွားတယ်” လို့ပြောပြခဲ့ပါတယ်။
T-Fitness Application ဟာ လူတွေတစ်နေ့တာလှုပ်ရှားသွားလာမှုတွေကို လိုအပ်တဲ့လေ့ကျင့်ခန်းတွေ၊ ကျန်းမာရေးဗဟုသုတတွေကို ထည့်သွင်းထားပြီး အသုံးပြုသူတွေရဲ့ Feedback ကောင်းကောင်းလည်း ရထားတာကြောင့် စက်၊ ကိရိယာတွေမလိုဘဲ ကိုယ်ရဲ့တစ်ကိုယ်စာနေရာအကျယ်အဝန်း အနည်းငယ်၊ အချိန်အနည်းငယ်နဲ့ ဖုန်းလေးတစ်လုံးရှိတာနဲ့တင် ကိုယ့်ရဲ့တ်စနေ့တာ လေ့ကျင့်ခန်းတွေကို ပြုလုပ်နိုင်အောင် သင်ပြပေးနိုင်တဲ့ Application ပဲဖြစ်ပါတယ်လို့လည်း ပြောပြခဲ့ပါတယ်။
ယုယ
Photo Source From
Internet
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*