
“လောလောဆယ်ကတော့ ရှင်ဖုန်းတို့ပြီးခဲ့တဲ့ လက သူငယ်ချင်းတွေနဲ့အတူ Rich Lady ဆိုတဲ့ အမ်တီဗီ လေး ထွက်ထားတယ်ပေါ့နော်။ အခုရှင်ဖုန်းတို့ ဒီနှစ်ကုန်မှာ အယ်လ်ဘမ်တစ်ခုကို သူငယ်ချင်းတွေနဲ့ ပေါင်းပြီးထုတ်ဖို့ စီစဉ်နေပါတယ်။ အဲဒီအထဲမှာ Group Song လည်း ပါမယ်။ နောက်အမ်တီဗီလည်း ပါမယ်ပေါ့။ တစ်ခါ တည်းထွက်ပါမယ်” လို့ ရှင်ဖုန်းကပြောပါတယ်။ မျိုး ဆက်သစ်အဆိုဂီတသမားတွေအပေါ် ရှင်ဖုန်းရဲ့ အမြင်က . . .
“အကုန်လုံးက အဆိုပြိုင်ပွဲတွေ လည်းရှိတဲ့အခါ ကျတော့ သူတို့တွေက အရမ်းကို Qualify ဖြစ်တဲ့အနုပညာရှင်တွေအများကြီးထွက်လာတာပေါ့ နော်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေအများကြီး ကြားထဲကမှ သူတို့စိစစ်ပြီးတော့မှ ဒီနေရာ ရောက်လာတာ ဆိုတော့လေ။ အဲဒီအခါကျတော့ ၀မ်းသာပါတယ်။ အရမ်းလည်းအဆို ကောင်းကြ တယ်။ တော်လည်းတော်ကြတယ်”လို့ ဆိုပါတယ်။ အလှမ်း ဝေးနေတဲ့ပရိသတ်တွေအပေါ်ဘာများ ပြောချင်လဲလို့ ရှင်ဖုန်းကိုမေးတော့ . . .
“စက်တင်ဘာက ရှင်ဖုန်းရဲ့ မွေးနေ့ပေါ့နော်။ မွေးနေ့မှာ ရှင်ဖုန်း ရဲ့Single Song လေးဖြစ် တဲ့သီချင်းတစ်ပုဒ်ကို ရှင်ဖုန်းအွန်လိုင်းမှာ အမ်တီဗီအနေနဲ့တင်ဖို့ရှိပါတယ်။ အဲဒီအ ခါကျလို့ရှိရင်ဝင်ရောက်ပြီးတော့ ကြည့်ရှုအားပေးကြပါ” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်၊
ဓာတ်ပုံ-အောင်ဇော်မင်း