Heineken Beer
Heineken Beer

ကိုယ့်ရဲ့ ကာရိုက်တာတိုင်း ပရိသတ်တွေ ရင်ထဲ ရောက်တဲ့ အတွက် ကျေနပ်တယ် ဆိုတဲ့အေးမြတ်သူ

ကိုယ့်ရဲ့ ကာရိုက်တာတိုင်း ပရိသတ်တွေ ရင်ထဲ ရောက်တဲ့ အတွက် ကျေနပ်တယ် ဆိုတဲ့အေးမြတ်သူ
June 22, 2019 Asian Fame

အကယ်ဒမီအေးမြတ်သူ သရုပ်ဆောင်ထားတဲ့ =နှစ်ပတ်အလို+ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်တော့မှာဖြစ်တဲ့အတွက် ပရိသတ်အားပေးမှုမရရှိမှာကို စိုးရိမ်နေပါတယ်။ “နှစ်ပတ်အလို” ရုပ်ရှင်ဇာတ်ကားရိုက်ကူးနေစဉ် အမှတ်တ ရတွေကတော့….
“ဒီဇာတ်ကားက အေးမြတ်သူအတွက်တော့ အမြဲတမ်းအမှတ်ရနေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ် ကားမှာ သရုပ်ဆောင်ထားတဲ့ ကာရိုက်တာက တစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာပါ။ အေးမြတ်သူကို ဦးမျိုးက ဒီနှစ်ပတ်အလိုထဲမှာ မတူညီတဲ့ ကာ ရိုက်တာကို သရုပ်ဆောင်ရမယ်လို့ ပြောတယ်။ အဲဒီအချိန်မှာတော့ကိုယ် က အေးဆေးပဲ။ ဦးမျိုး သရုပ်ဆောင်တဲ့ ကာရိုက်တာက အဲဒီလောက်ကိုယ့် အတွက်စိန်ခေါ်မှုဖြစ်မှာ မဟုတ်ဘူးလို့ ထင်တာပေါ့။ ရိုးရိုးပဲပေါ့။ ဒါပေမယ့် ဒီအထဲမှာပါတဲ့ ကာရိုက်တာက အေးမြတ်သူလုံးဝသရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာဆိုတော့ အရမ်းရင်ခုန်မိတယ်”လို့ ပြောပါတယ်။
ကာရိုက်တာတစ်ခု သရုပ်ဆောင်ပြီးတိုင်း ပရိသတ်ရင်ထဲစွဲနေတဲ့ အေးမြတ်သူရဲ့ လျှို့ဝှက်ချက်က…
“ကာရိုက်တာတစ်ခုစီ သရုပ်ဆောင်တိုင်း ပရိသတ်တွေရဲ့ ရင်ထဲမှာစွဲ ကျန်နေတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ပြီးတော့ ကျေနပ်ပါတယ်။ အေးမြတ်သူက ကာရိုက်တာတိုင်းကို အကုန်စိတ်ထဲမှာ နှစ်ပြီးတော့လုပ်တယ်။ ဒါရိုက်တာတွေကို ကျေးဇူးတင်ရ မယ်။ အေးမြတ်သူက ဒါရိုက်တာတွေရဲ့စကားကို အရမ်းနားထောင်တယ်။ ပြီးတော့အေးမြတ်သူက ကိုယ့်ရဲ့စီနီယာအစ်ကိုတွေ၊ အစ်မတွေ ပြုမူတဲ့ပုံတွေကို လေ့လာတယ်။ သင်ယူတယ်။သူတို့တွေနေတဲ့၊ ထိုင် တဲ့ပုံတွေက ကိုယ့်အတွက် သင်ယူစရာတွေဖြစ်တယ်။ အကောင်းဆုံးကြိုး စားပါတယ်။တချို့ ပြောကြတာတွေလည်း ရှိပါတယ်။အကယ်ဒမီမရခင်ကတော့ အဲဒီလောက်ကြီး မကြိုးစားဘဲနဲ့ အကယ်ဒမီရပြီးမှ တော်တော်ကြိုးစား လာ တယ်ဆိုပြီး ပြောကြတယ်။ အဲဒီလိုမဟုတ်ပါဘူး။ အေးမြတ်သူက အကယ်ဒမီ မရခင်ရော၊ ရပြီးတဲ့အချိန်မှာရော အနုပညာကို ကြိုးစားတာကတော့ အတူတူ ပါပဲ။ ဒါပေမဲ့ အကယ်ဒမီရပြီး တော့ ပရိသတ်တွေအတွက်တော့ အေးမြတ် သူကပိုတာ ၀န်ကြီးသွားတာပေါ့။ အဲဒီအတွက်လည်း ပရိ သတ်တွေ စိတ်မပျက် အောင်အကောင်း ဆုံးကြိုးစား နေ တယ်” လို့ ပြောပြခဲ့ ပါတယ်။

သဲစုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*