တစ်နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

တစ်နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်
June 5, 2019 Asian Fame
တစ်နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်ဖို့စဉ်းစားထားတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗိုလ်

စရိုက် ရုပ်ရှင်ဇာတ်ကားထဲမှာ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ရဲ့ သရုပ် ဆောင်မှုတွေဟာ အင်မတန်ကို ပီ ပြင်ခဲ့ပါတယ်။ အခြေခံလူတန်းစား ဖြစ်တဲ့အပြင် ဖြစ်ချင်ရာဖြစ်ဆိုပြီး ဉဏ်နဲ့မစဉ်းစားဘဲ ကိုယ်လုပ်ချင်ရာ လုပ်တတ်တဲ့ မိန်းမကြမ်းကြီး တစ်ဦး နေရာကနေ သရုပ်ဆောင်ခဲ့တယ်။ ဘဲဥမ(ခိုင်သင်းကြည်) ရဲ့ မိခင်တစ် ဦးနေရာကနေ ပီပြင်ခဲ့တယ်။ မိတ် ကပ်လိမ်းခြယ်မှုတွေ မရှိခဲ့တဲ့ အခြေ ခံလူတန်းစား မိန်းမကြမ်းကြီး တစ်ဦး နေရာကနေ သရုပ်ဆောင်မှုတွေ ပီ ပြင်ခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ထွန်းအိန္ဒြာဗိုလ် က အခုလို ပီပြင် ခဲ့တယ်ဆိုတာ ဇာတ်တစ်ခုလက်ခံ လိုက်တဲ့ အချိန်တိုင်း ဇာတ်က ခိုင်း တဲ့အတိုင်းပဲ လုပ်ခဲ့လို့ အခုလို ပီပြင် ခဲ့တာမျိုးပဲ ဖြစ်မယ်လို့ မှတ်ချက်ပြုပါတယ်။

”ဇာတ်ကခိုင်းတဲ့အတိုင်း ကျွန်မတို့ကကြိုးစားပြီး လုပ်ရ တာပါ။ သရုပ်ဆောင်မှုပဲ ဖြစ်ဖြစ်၊ အ၀တ်အစား ပြင်ဆင် မှုအပိုင်းပဲ ဖြစ်ဖြစ်၊ မိတ်ကပ်နဲ့ ဆံပင်ပိုင်းဆိုင်ရာပုံစံပဲ ဖြစ်ဖြစ်ပေါ့။ ဇာတ်ကခိုင်းတဲ့အတိုင်း သွားရတာပါ။ စရိုက်ကားထဲမှာဆိုရင် သူ့ပုံစံကစရိုက်ကြမ်းကြမ်း မိန်းမ ပေါ့။ အဲဒီလို စရိုက်ကြမ်းကြမ်း အမျိုးသမီး တစ်ဦး ကနေ ဆင်းသက်လာတဲ့ မျိုးဆက်ကလည်း ဆိုလိုရင်း ကို ပြောရရင်လေ ကလေးတွေမှာ ကလေးတွေရဲ့ လက်ဦးဆရာက မိဘတွေပဲ ဆိုတာမျိုးကို မက်ဆေ့ခ်ျ ပေးတာပေါ့။ ကျွန်မက စရိုက်ကြမ်းတော့ ကျွန်မ မွေးထားတဲ့ ဘဲဥမ(ခိုင်သင်းကြည်) ကလည်း သူ့ဘ၀မှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ ဉဏ်မရှိစွာဘဲ ဖြေရှင်းခဲ့တယ် ပေါ့နော်။ ကိုယ့်ကြောင့် ဆင့်ပွားဖြစ်ခဲ့ရတဲ့ အနေအ ထားတွေပေါ့။ ကလေးရှိတဲ့ မိဘတိုင်းဟာ သတိထား ရမယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူအနေအထိုင်ကို ကိုယ့်ရဲ့ ကလေးက အမြဲကတမ်း Look at လုပ်နေတယ် ဆိုတာကို သတိထားရပါ မယ်” လို့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ် က ပြောပြပါတယ်။
တလောက ဖေ့စ်ဘုတ်ပေါ်မှာ တက်လာတဲ့ သတင်းလေး တစ်ခုဖြစ်တဲ့ LGBT ကောင်လေးတစ်ဦးဟာ သူ့မိဘတွေရဲ့ လက်မခံနိုင်မှုကြောင့် Suicide လုပ်သွားခဲ့တဲ့အပေါ်နဲ့ ဆက်စပ်ပြီးတော့ မေးတဲ့အခါ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ အမြင်ကို အခုလို ပြောခဲ့ပါသေးတယ်။

”ကျွန်မထင်တာတော့လေ လူသားတစ် ယောက်ကို လူသားတစ်ယောက်အဖြစ်လက်ကို လက်ခံ ရမှာ ပါပဲ။ သူ့ဘာသာသူဘာကြီးပဲ ဖြစ်နေပါစေ ပေါ့နော်။ အဲ့ဒီလို လက်မခံနိုင်ခြင်းဟာ မှားယွင်းခြင်း ပဲ။ ကျွန်မအမြင်ပေါ့လေ။ ဘယ်လိုလူတန်းစား မျိုးမဆို၊ ဘယ်လူတန်းစားပဲ ဖြစ်နေပါစေ၊ ကိုယ်မွေး ထားတဲ့ သားသမီးဟာ ကိုယ့်သားသမီးပါပဲ” လို့ မှတ် ချက်ပြု ဆိုခဲ့ပါသေးတယ်။
အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က ရုပ်ရှင် ဇာတ်ကား ရိုက်ကူးမှုတွေကို တစ်နှစ်မှာ နှစ်ကား လောက်ပဲ ရိုက်ကူးတော့ဖို့ စဉ်းစားထားတယ်လို့ လည်း ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့. . .

”ရုံတင်ဖို့အတွက် ကျွန်မ ရိုက်ကူးခဲ့ပြီးသား ရုပ်ရှင်ဇာတ်ကား ၁၂ ကား ကျန်သေးတယ်။ ကျွန်မနောက်ထပ်ရိုက်ဖြစ်ရင်တော့ တစ် နှစ်ကို နှစ်ကားနှုန်းလောက်ပဲ ရိုက်တော့မယ်လို့ စဉ်းစား ထားပါတယ်။ အဲ့ဒါဘာကြောင့်မှတော့ မဟုတ်ဘူး။ အ သက်အရွယ်အရ ဘာသာရေး များ များလုပ်ချင်လာတာကြောင့် လည်း ပါပါတယ်” လို့ ပြောပြပေးခဲ့ပါ တယ်။
စရိုက်ရုပ်ရှင် ဇာတ်ကား ရုံတင် ပြသပြီးသွားတဲ့အချိန် ထွန်းအိန္ဒြာ ဗိုလ်အတွက် နောက်ထပ်ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာမှာကတော့ ‘ကြိမ်နှုန်း’ လို့ အမည်ရတဲ့ ရုပ်ရှင် ဇာတ်ကားပါ။့  ‘ကြိမ်နှုန်း’ ရုပ်ရှင်မှာ ထွန်း အိန္ဒြာဗိုလ်နဲ့ အိန္ဒြာကျော်ဇင်တို့ နှစ် ယောက်ရဲ့ သရုပ်ဆောင်မှုတွေကို မြင်တွေ့ခံစားခွင့်ရလာတော့မှာ ဖြစ် ပါတယ်။ မနှစ်တုန်းကတော့ ထွန်း အိန္ဒြာဗိုလ်နဲ့ အိန္ဒြာကျော်ဇင်တို့ နှစ် ဦးရဲ့ ထိပ်တိုက်သရုပ်ဆောင်မှုတွေကို မြင်တွေ့ခွင့်ရခဲ့တဲ့ ရောင်ပြန် (Reflection ) ရုပ်ရှင်ဇာတ်ကားက လည်း ပရိသတ်တွေကြား ရေပန်းစား အောင်မြင်ခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*