ဒေါင်းနဲ့အတူ ၃လတာလောက် အကတိုက်ခဲ့ရတဲ့ Alice Ong

ဒေါင်းနဲ့အတူ ၃လတာလောက် အကတိုက်ခဲ့ရတဲ့ Alice Ong
May 31, 2019 Asian Fame
ဒေါင်းနဲ့အတူ ၃လတာလောက် အကတိုက်ခဲ့ရတဲ့ Alice Ong


ပရိသတ်ချစ်ခင် အားပေးမှု တွေနဲ့ အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းလာသူကတော့ သရုပ် ဆောင် Alice Ongပါ။ ရုပ်ရှင်ဇာတ် ကားတွေ စတင်ရိုက်ကူးနေပြီး လက် ရှိမှာ ရုံတင်ပြလျက်ရှိတဲ့ ‘လေဆန် ကကြိုးရုပ်ရှင်ကားမှာလည်း စီနီယာ သရုပ်ဆောင်တွေနဲ့အတူ ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကား မှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ် သက်ပြီး …

”ဒီကားလေးကတော့ လူငယ် ဆန်ဆန်ဇာတ်ကားလေးတစ်ကားဖြစ် ပါတယ်။ Alice ပါဝင်ထားတဲ့ ကာ ရိုက်တာကတော့ နည်းနည်းခေါင်းမာ တဲ့ကောင်မလေးတစ်ယောက်ပေါ့။ ဒီကာရိုက်တာကိုလုပ်တော့ တချို့ သူ ငယ်ချင်းတွေကို ပြေးမြင်မိတယ်။ ရန် ကုန်မြို့ကြီးကိုလာပြီးတော့ ကြိုးစားရ တယ်။ အခက်အခဲတွေလည်း အများ ကြီးရှိတယ်။ အဲ့လိုမျိုး ပုံစံလေးပါ့။ ဒီ ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေ ကတော့ အများကြီးပါပဲ။ ရိုက်တဲ့ အချိန်ကလည်း အကြာကြီး လေးလ ငါးလလောက် ရှိမယ်။ ဒါရိုက်တာက တော့ Alice တို့ကို ဘာဖိအားမှမပေး ဘူး။ လူငယ်ရိုက်တာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ်ထားတယ်။ ပါ ၀င်တဲ့သရုပ်ဆောင်တွေ တစ်ယောက် နဲ့ တစ်ယောက် ညှိယူရတဲ့အပိုင်းတွေ လည်း ရှိတယ်။ ဒါရိုက်တာနဲ့ ပါဝင် တဲ့စီနီယာတွေလည်း သေသေချာသင် ပေးကြပါတယ်။ မရိုက်ခင်ကတည်းက ကြိုတင်ပြီးလေ့ကျင့်ကြတယ်။ အ၀တ် အစားကအစ သေချာစီစဉ်ထားတော့ အခက်အခဲတော့ အများကြီးမရှိခဲ့ပါ ဘူး” လို့ ဆိုပါတယ်။
သူကတော့ ဒီရုပ်ရှင်ဇာတ် ကားမှာ Dancer ကတဲ့ လူငယ် ဆန်ဆန် ကောင်မလေးတစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပါတယ်။ အကနဲ့ပတ်သက်ပြီး ပြင်ခဲ့ရတဲ့ အကြောင်းကိုလည်း သရုပ်ဆောင် Alice Ongခုလိုပြောပြခဲ့ပါတယ်။

”ပြင်ဆင်ခဲ့တာ အကကျင့်တာ ဆိုရင် Alice သုံးလလောက်လေ့ ကျင့်ခဲ့ရတယ်။ အကတိုက်တာ အကြာဆုံးကတော့ ကိုဒေါင်းနဲ့Alice နဲ့ပေါ့။ ကိုဒေါင်းကတော့ အကနှစ် မျိုးကတယ်။ Alice ကတော့ ဒီကားထဲမှာ ကတတ်ရုံနဲ့မပြီးဘူး။ သူများကို သင်ပေးရတာမျိုးဆိုတော့ ပိုပြီးလေ့ကျင့်ရတယ်။ Pre Production ပိုင်းမှာတော့ ပင်ပန်း ခဲ့တာပေါ့။ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။ ရိုက်တဲ့အချိန်မှာလည်း Dancer ကတဲ့ သူငယ်ချင်းတွေ လည်း အကနဲ့ပတ်သက်ပြီး သေချာ လိုက်ပြီး ပြောပြတယ်။ စကားပြော တာကအစပေါ့။ ဒီနေရာမှာဆိုရင် သူတို့ဘယ်လိုပြောလဲဆိုတာတွေကို လည်း ပြောပေးပါတယ်။ ပြန်ကြည့် လိုက်တော့လည်း ကျေနပ်မှုရှိပါ တယ်” လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*