ကဗျာလောကကြီးမှာဗျာ

ကဗျာလောကကြီးမှာဗျာ
May 31, 2019 Asian Fame
ကဗျာလောကကြီးမှာဗျာ

”ကဗျာ-ဆိုတာ စာပေပုံ သဏ္ဌာန်အမျိုးမျိုး အထွေထွေသဗ္ဗရနံ ပေါင်းထဲမှာ အဆင့်အမြင့်ဆုံး၊ အနု ပညာအပီသဆုံး”လို့ အဓိပ္ပာယ်ဖွင့် ဂုဏ်တင်ခဲ့ကြသလို။ ”ကဗျာပညာရှိ က၀ိများရဲ့ ဥစ္စာပစ္စည်းသာဖြစ်တယ်” လို့ မြှောက်စားဘန်းတင်စန်းတင်ခဲ့ ကြတာ နှစ်ပရိစ္ဆေဒ များလှပါပေါ့။ ကြာမြင့်ခဲ့ပါပေါ့ဗျာ။ ယဉ်ကျေးမှု အရာမှာ ရှေးကျခဲ့ကြတဲ့ အနောက် တိုင်းက ခေါမတွေကော၊ အရှေ့တိုင်း က ကုလားများပါ။ ကဗျာဆိုတဲ့စာပေ ပုံသဏ္ဌာန်ကို ”တစ်ဆိတ်ကို တစ် အိတ်လုပ်ပြီး ”ပုံကြီးချဲ့ခဲ့ကြတာ ရှေး ပဝေသဏီကတည်းက ပါပဲ။ အရှေ့ တိုင်းတရုတ်ကြီးများလည်း ရှေးက တည်းက ကဗျာကို အလေးအမြတ် ပြုခဲ့ကြတာပါပဲ။ ကုလားများဟာ ကဗျာကို ဘယ့်ကလောက်ချစ်တတ် သလဲဆိုရင် အရှေ့တိုင်းသားထဲက စာပေနိုဗယ် (Noble) ဆုပထမဆုံး တောင် ရရှိခဲ့တာ၊ ဘင်္ဂါလီကုလားကြီး ‘ရာဗင်ဒရာနတ်တဂိုး’ ပဲ မဟုတ်လား ဗျ။ ပါဠိ၊ သက်္ကတတို့ကနေ မြန်မာပြန် ထားတဲ့ ကဗျာလင်္ကာဆိုင်ရာ နိဿ ယျကျမ်းများကို ကြည့်ရင် အာရှတိုက် သားများဟာ ”ကဗျာအရာမှာ ငါ ဆရာပဲ”လို့တောင် လက်မထောင်နိုင် ကြပါတယ်။ တချို့များဆိုရင် ”မင်းရို့ …ဥရောပတိုက်သား ကဗျာဆရာ ဘိုင်ရွန်တို့၊ ရှယ်လီတို့၊ ကိတို့ဆိုရင် ငရို့က ပျင်းတောင်ပျင်းသေး။ မိန်းမ ကဗျာဆရာမတွေဆိုရင်လည်း ဥရောပသူ ကဗျာဆရာမအားလုံး ပေါင်းလိုက်ရင်တောင် ငရို့ရဲ့ လှိုင် ထိပ်ခေါင်တင်ခါးတစ်ဝက် လောက်ပဲ ရှိတာ”လို့ ပြောများ ပြောချင်မလား မသိဘူး။

ကိုလိုနီခေတ်တုန်းက မြန်မာ ခေတ်ပေါ်ကဗျာအခြေအနေတော့ မပြောတတ်ဘူး။ (ကိုလိုနီခေတ်မှာ ခေတ်ပေါ်ကဗျာမှမရှိတာလို့တော့ ဘုမတောနဲ့ ခေတ်တိုင်းခေတ်တိုင်း မှာ ခေတ်ပေါ်ကဗျာရှိသပ။ အင်းဝ ခေတ်မှာ ပေါ်ခဲ့တဲ့ အသျှင်မဟာရဋ္ဌ သာရရဲ့ ကဗျာများဟာ အင်းဝခေတ် ရဲ့ ခေတ်ပေါ်ကဗျာပဲ။) ကျွန်ုပ်တို့ မွေးဖွားကြီးပြင်းလာတဲ့ လွတ်လပ်ရေး ခေတ်ကြီးထဲမှာတော့ …မြန်မာ ခေတ်ပေါ်ကဗျာတွေဟာ မိုးဦးကျမှို ပေါက်တဲ့ လွင်ပြင်ကြီးမှာ မှိုတွေ ဖွေး ဖွေးလှုပ်သလို၊ စာနယ်ဇင်းတွေမှာ ခေတ်ပေါ်ကဗျာတွေ ”တစ်မိုးလုံး ဖျောက်ဆိတ်”ဖြစ်နေတော့သကိုး။ မဂ်္ဂဇင်းတွေမှာမှ ကဗျာပါတာမဟုတ် ဘူး။ ၁၀ ပြားတန် ဘားမားစတား” စာစောင်ကလေးမှာတောင် ခေတ် ပေါ်ကဗျာပါတယ်။ ဘာမှတ်သလဲ။ မြန်မာခေတ်ပေါ်ကဗျာဟာ အဲလို ရှင်သန်ခဲ့တာ။

ဒီကနေ့ ဂျာနယ်တချို့နဲ့ သတင်းစာတစ်စောင်မှာ ခေတ်ပေါ် ကဗျာတွေ ၀င့်ဝင့်ကြွားကြွားပါရှိနေ ကြတာ မြင်သမို့လား။ ခေတ်ပေါ် ကဗျာဆိုလို့ ‘မော်ဒန်ကဗျာ’ မတင်နဲ့။ မော်ဒန်ကဗျာဆိုတာ တောင်မကျ မြောက်မကျ ကပြားစကားလုံး။ မော် ဒန်ဆိုတာ Modern ဆိုတဲ့ အင်္ဂလိပ် စာလုံး။ မြန်မာစာလုံး ”ကဗျာ”နဲ့ မပတ်သက်ဘူး။ တွဲစပ်မနေဘူး။ မြန် မာနိုင်ငံမှာ တစ်ချိန်တုန်းက ”မော် ဒန်ကာတွန်း”ဆိုတာပဲရှိတယ်။ မော် ဒန်ကဗျာဆိုတာ မရှိဘူး။ ခေတ်ပေါ် ကဗျာပဲရှိတယ်။ လွတ်လပ်ရေးခေတ်၊ ခေတ်ပေါ်ကဗျာ၊ မဆလခေတ်၊ ခေတ်ပေါ်ကဗျာ၊ နအဖ၊ န၀ကခေတ်၊ ခေတ်ပေါ်ကဗျာ၊ ဒီကနေ့ ဒီမိုကရေစီ ခေတ်၊ ခေတ်ပေါ်ကဗျာ …။

ကဗျာဟာ နိုင်ငံတစ်ခုတစ်ခုရဲ့ အသက်သွေးကြော မျှင်တစ်ချောင်း နဲ့တူနေတာ။ ဟောသည့် …မြန် မာနိုင်ငံ တစ်နိုင်ငံတည်းရှိတယ်လို့ တောင် ပြောလို့ရမယ်ဗျ။ ကြည့်စမ်း …မဂ္ဂဇင်းတွေ တစ်ဖြုတ်ဖြုတ်နဲ့ အနိစ္စသဘောကိစ္စချောကုန်ကြတော့ လည်း ကဗျာက သေမသွားဘူး။ လုံး ချင်းကဗျာစာအုပ်ကလေးတွေအဖြစ် နဲ့ တစ်ဖျတ်ဖျတ်ထွက်ပေါ်လာကြတာ ပဲ။ ကဗျာဆရာကြီးများရဲ့ ထွက်ပြီး သား ကဗျာတစ်အုပ်တွေကလည်း ၁၀ ကြိမ်မြောက်၊ အကြိမ် ၁၀၀ မြောက်အဖြစ်နဲ့ ဘွားခနဲ၊ ဘွားခနဲ ပေါ်ထွက်လာတာပဲ။ (အကြိမ် ၁၀၀ မြောက်ဆိုလို့ မအံ့သြပါနဲ့။ မရောင်း ရလို့ ဆိုင်နောက်ဘက်ချောင်းထဲမှာ သိမ်းထားရာက မကြာခဏပြန်ထုတ် ပြီး ခင်းကျင်းပြနေရလို့ အကြိမ် ၁၀၀ မြောက်လို့ ဆိုလိုက်တာ) ထူးထူးဆန်း ဆန်း …ကဗျာစာအုပ်တင်မရောင်း တဲ့ စာအုပ်ဆိုင်ကြီး တချို့ ရန်ကုန် မှာ ရှိတယ်ဗျ။
”ကဗျာစာအုပ်ခင်းကျင်းပြသ စရာ သင့်တော်တဲ့နေရာမရှိလို့ပါဗျာ” လို့ ဆိုင်ရှင်တွေက ယဉ်ကျေးစွာငြင်း တတ်ကြတယ်။ အမှန်ကတော့ ကဗျာ စာအုပ်တွေက အရောင်းထိုင်းလို့ပါ။ အဲဒါများ ”ကဗျာစာအုပ်တွေက အရောင်းထိုင်း ကုန်ပစ္စည်းဖြစ်နေ တယ်”လို့ ပြောင်ဖွင့်ပြောလိုက်ရင် ပြီးတာပဲဗျာ။ အားနာစရာမလိုပါဘူး။ ကဗျာဆရာတွေဟာ သည်းခံစိတ်ကြီး မားပြီး အငတ်ခံနိုင်လို့လည်း ကဗျာ ဆရာလုပ်နေကြတာပါ။ ကဗျာစာ အုပ်ထုတ်တဲ့သူအများစုကလည်း ”အလှူရေစက်၊ လက်နဲ့မကွာ”သဒ္ဓါ တရားထက်သန်လွန်းလို့၊ မွဲသွားမှာ မကြောက်ဘဲ ကဗျာစာအုပ်ထုတ်နေ ကြတာပါ။

သို့သော် …ကဗျာဆရာတချို့ များ ဘယ့်ကလောက်သတိ္တရှိ၊ ယုံ ကြည်ချက်ပြင်းသလဲဆိုရင် …ရှုံး မယ်မှန်း သေချာပေါက် (ပလုံ)တော့ မှာ မှန်းသိရဲ့သားနဲ့ ကိုယ့်ငွေနဲ့ ကိုယ် ကဗျာစာအုပ်တွေ ခပ်ရဲရဲ၊ ခပ်တင်း တင်းထုတ်ကြတာကလား။ နောက် ဆုံးတော့ ”ရော့ …အင့်”၊ ”ရော့ …အင့်”နဲ့ အလကားဝေလိုက်ရင် ကိုယ့်ကဗျာတွေ လူထုကြား ပြန့်နှံ့ သွားတာပဲမဟုတ်လား။

ဒီခေတ်က Online ခေတ်ဆို တော့၊ ကဗျာဆရာတွေ (အင်း … နာမည်ခံတွေ၊ ကဗျာရူးတွေ ဆိုပါ တော့)ပိုပြီး များလာလေသပေါ့။ ပြီး တော့ ဒီခေတ်မှာ ကဗျာဆရာထဲက တိုင်းအဆင့်လွှတ်တော်အမတ်တို့ ဘာတို့ဖြစ်လာတဲ့ ပုဂ်္ဂိုလ်တွေလည်း ရှိလာကြပေသကိုး။ သူတို့ဟာ နောင် တစ်ချိန်မှာ ချီလီနိုင်ငံက ကဗျာဆရာ ကြီး ‘နီရူဒါ’ Pablo Neruda လို သံ အမတ်ကြီးတွေ ဘာတွေဖြစ်ပြီး ကမ္ဘာပတ်ချင် ပတ်နေရမှာ။

ကျုပ်တို့မြို့က သူ့ကိုယ်သူကဗျာ ဆရာအဖြစ် အခိုင်အမာခံယူထားတဲ့ ‘မောင်မိုးယဉ်’ဆိုတာက အခုဆိုရင် အသက် ၇၂ နှစ်ရှိပါပြီ။ ကဗျာပုဒ်ရေ လည်း ၇၀၀၀ ကျော်ရေးပြီးခဲ့ပါပြီ။ မှတ်သားစရာကတော့ တစ်ပုဒ်မှ ပုံနှိပ်စာလုံးအဖြစ်နဲ့ လူထုကြားထဲကို လည်း မရောက်ခဲ့၊ အွန်လိုင်းမှာလည်း စာတစ်လုံးမထင်ခဲ့တဲ့ ရွက်ပုန်းသီး ကဗျာဆရာကြီးပါ။
သူက ဥစားကြက်မွေးမြူရေး လုပ်ငန်းပိုင်တော့ စီးပွားရေးပြေ လည်ပြီး တစ်နေ့၊ တစ်နေ့ကဗျာချည်း လှိမ့်ရေးနေခဲ့တာပါ။ တစ်နေ့ကို အနည်းဆုံးကဗျာ ၃ ပုဒ်ရေးသတဲ့ ဗျ။

ကျုပ်တို့မြို့မှာ ကဗျာဆရာလို နာမည်မခံကြပေမယ့် ကဗျာရေးသူ တွေတော့ အများသား။ ကဗျာသမား တွေလို့ပဲ သက်သက်ညှာညှာခေါ် လိုက်ကြရအောင်။ အရေအတွက် တစ်ဒါဇင်ကျော်လောက်တော့ရှိမယ်။ သူတို့က ကဗျာဆရာအကြီးကြီး ‘မောင်မိုးယဉ်’ရဲ့ အိမ်မှာ တစ်နေ့နေ့ မွန်းလွဲပိုင်းမှာ စုဝေးကြပြီး ‘စနေ၀ိုင်း’ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကဗျာ တွေ ရွတ်ကြတယ်။ တစ်ယောက်ကို အနည်းဆုံးကိုယ်တိုင်ရေးကဗျာတစ် ပုဒ်တော့ ရွတ်တယ်။ ကဗျာဆရာ အကြီးကြီး မောင်မိုးယဉ်ကတော့ အနည်းဆုံးကဗျာငါးပုဒ်လောက်ရွတ် ရမှ ကျေနပ်တာ။

”ကျုပ်က တစ်နေ့ကို ကဗျာငါး ပုဒ်လောက် ရေးရမှပဲ စားဝင်အိပ် ပျော်သဗျာ”လို့ သူက အကြွားမပါ ဘဲ ပြောဖူးပါတယ်။
တစ်ခုသော တစ်နေ့နေ့မှာတော့ စနေ၀ိုင်းမှာ မျက်နှာသစ်ကုလားက လေးတစ်ယောက်ပါလာတယ်။ ပရ ဟိတလုပ်ငန်းတွေမှာ တက်တက်ကြွ ကြွပါဝင်တတ်တဲ့ ပလာတာရိုက်ပြီး အသက်မွေးတဲ့ ကုလားကလေး ချို တူးပါပဲ။ အစီအစဉ်အရ မျက်နှာသစ် ကဗျာဆရာကလေး ချိုတူးကို ပထမ ဆုံးကဗျာရွတ်ခွင့်ပြုလိုက်ပါတယ်။ ချို တူးက ခပ်တည်တည်နဲ့ ထရပ်၊ ရှပ် အင်္ကျီအိတ်ကပ်ထဲက စက်္ကူခေါက်က လေးထုတ်ပြီး ရွတ်လိုက်တာက …

”အိမ်သာတံခါးပိတ်၍၊ မိလ္လာ တစ်အား နှိပ်ကြလေသတည်း”တဲ့။ ချိုတူးက ပြောသေးတယ်။

”ကဗျာတိုတွေ ခေတ်စားတယ် ဆိုလို့၊ ကျွန်တော်လည်း ကဗျာတိုတို ပဲ စပ်လိုက်ပါတယ်”တဲ့ ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*