အလှူအတန်းတွေနဲ့အမြဲတမ်းတွေ့ မြင်နေရတဲ့ တေးသံရှင်ကြာညိုသွယ်

အလှူအတန်းတွေနဲ့အမြဲတမ်းတွေ့ မြင်နေရတဲ့ တေးသံရှင်ကြာညိုသွယ်
May 27, 2019 Asian Fame
အလှူအတန်းတွေနဲ့အမြဲတမ်းတွေ့ မြင်နေရတဲ့ တေးသံရှင်ကြာညိုသွယ်

 မြန်မာသံစဉ်သီချင်းတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာသူကတော့ တေးသံရှင် ကြာညိုသွယ်ပါ။ မြန်မာသံစဉ်သီချင်းခွေတွေ ထွက်ရှိပြီးရရှိလာတဲ့ အနုပညာ ကြေးတွေကိုလည်း အလှူအတန်းတွေ အမြဲလုပ်လေ့ရှိသူ တစ်ယောက်ဖြစ်သလို နိုင်ငံတော်ကချီးမြှင့်တဲ့ သုဓမ္မ သိင်္ဂီဘွဲ့ကိုလည်း ရရှိထားသူလည်းဖြစ်ပါတယ်။ အလှူ အတန်းတွေ အမြဲလုပ်လေ့ရှိတဲ့သူမက အခုအချိန်မှာ လည်း သံယာတော်တွေ ဆွမ်းစားဆောင် အခက်အခဲ ဖြစ်နေတဲ့အတွက် ဆွမ်းစားဆောင်ကိုလည်း မတည် အလှူရှင်အနေနဲ့ လှူဒါန်းခဲ့ပါတယ်။ လှူတန်းဖြစ်တဲ့အကြောင်းကိုလည်း ကြာညိုသွယ်က အခုလို ပြောပြပါတယ်။

“အစ်မက နန်္ဒိယလင်္ကာရ သာမဏေကျောင်းတိုက်မှာ ဆွမ်းစား ဆောင်မတည်လှူဒါန်းခဲ့တယ်။ အဲဒီမှာရှိတဲ့ သာမဏေတွေက ဆွမ်းစားမယ့် အချိန်ရောက်ရင် ဆွမ်းစားဆောင်မရှိဘူး။ ဆွမ်းစားမယ့် အချိန်ရောက်ရင် ဒုက္ခတွေရောက်ကြတယ်။ ပြီးတော့ အလှူအတန်းတွေရှိတဲ့ အချိန်၊ ရှင်ပြုမင်္ဂလာတွေ လာလှူတဲ့အချိန်မှာ ပရိသတ်တွေကို ဧည့်ခံဖို့နေရာမရှိဘူး၊ ဒီဘက်မှာ ယာယီ အဆောင်တွေထိုးပြီး ဆွမ်းစားရတယ်။ အစ်မလည်း လှူချင်တဲ့ သဒ်္ဒါတရားပေါ်လာတာဖြစ်တဲ့အတွက် မတည်အလှူရှင်အနေနဲ့ သိန်းတစ်ထောင်မတည်ပြီး အလှူရှင်အနေနဲ့လှူတန်းဖြစ်တယ်။ အခုဒီကျောင်းမှာက စာလာသင်ကြတဲ့ စာသင်ကျောင်းသားတွေ လည်း များတယ်။အခုလိုမျိုး လှူတန်းရတဲ့အတွက်လည်း ပီတိဖြစ်မိတယ်။ အစ်မလှူတဲ့ ဒီနေရာမှာ အေးအေးချမ်းချမ်းနဲ့ ဆွမ်းစားပြီး စာသင်နိုင်ကာ သာသနာပြန့်ပွားနိုင်ပြီး တစ်ဖက်တစ်လှမ်း ကနေလည်း အထောက်အကူဖြစ်တဲ့အတွက် အလှူရှင် အနေနဲလည်း ၀မ်းသာပီတိဖြစ်ရပါတယ်”လို့ ပြောပြပါတယ်။

ဓာတ်ပုံ – အောင်နိုင်စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*