အနုပညာအလုပ်တွေကို ဒီထက်ကောင်းအောင် လုပ်ချင်ပါတယ်ဆိုတဲ့ ဘုန်းမင်းနေလ

အနုပညာအလုပ်တွေကို ဒီထက်ကောင်းအောင် လုပ်ချင်ပါတယ်ဆိုတဲ့ ဘုန်းမင်းနေလ
May 22, 2019 Asian Fame
အနုပညာအလုပ်တွေကို ဒီထက်ကောင်းအောင် လုပ်ချင်ပါတယ်ဆိုတဲ့ ဘုန်းမင်းနေလ


သရုပ်ဆောင်ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလက လတ်တလောမှာတော့ ကြော်ငြာရိုက်တွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ အကယ်ဒမီ ရွှေကြိုလုပ်ပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတာဖြစ်တဲ့အတွက် ရွှေကြိုပြီးမှ အနုပညာအလုပ်တွေ ပိုလုပ်ရလားလို့ မေးကြည့်တဲ့အခါမှာတော့ ဘုန်းမင်းနေလက. . .

”ရွှေကြိုပြီးမှ ကျွန်တော်အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်တယ်လို့ ပြောရမှာပေါ့။ အခုဆိုကြော်ငြာ ရိုက်တွေ ပွဲတက်တွေဆက်တိုက်လုပ်နေရတယ်။ ဘာပဲပြောပြော ကောင်းတာပေါ့။ ကိုယ်က အနုပညာအလုပ်တွေ လုပ်ရင်ဝါသနာကိုပါနေတာဆိုတော့ ဒီလိုလေးတွေလုပ်ရတာဆိုတော့ ကောင်းတာ ပေါ့။ သရုပ်ဆောင်ဘက်လည်း သွားဖို့ရှိပါတယ်။ မေမေနဲ့ပြောထားတဲ့ ရုပ်ရှင်ဇာတ်ကားတော့ ရှိတယ်။ ဒါပေမဲ့ မသေချာသေးပါဘူး။ တိုင်ပင်နေတုန်းပဲ ရှိပါ တယ်။ ဘာပဲပြောပြော ကိုယ့်ရဲ့မိဘကလည်း အနုပညာမှာအကုန်လုံးချစ်တဲ့ ပရိတ်တွေ အားပေးတဲ့အတွက် သူ့ကိုလည်း အားကျမိတယ်။ အမေ့ကို အားကျသလို ကျွန်တော်ကလည်း အနုပညာကို ၀ါသနာပါတဲ့အတွက် အမေ့နောက်ကနေ အနုပညာအလုပ်ကို လုပ်တဲ့အခါမှာလည်း ဂရုတစိုက်လုပ်ရတယ်။ ပရိသတ် တွေ အားမပေးမှာလည်း ကြောက်တယ်။ မဝေဖန်အောင်လည်း ကြိုးစားတယ်။ အနုပညာအလုပ်လည်းလုပ် ကျောင်းလည်းတက်နဲ့ မိဘကို ၀ိုင်းဝန်းကူညီ ပေးပြီး လိမ္မာတဲ့သားတစ်ယောက်ဖြစ်ချင်ပါတယ်”လို့ပြောပါတယ်။
မကြာသေးခင်က သင်္ကြန်မှာ ဖြစ်သွားတဲ့ ချစ်သူကောင်မလေးနဲ့ သင်္ကြန်မှာ လျှောက်လည်တဲ့ပုံတွေ တက်လာတဲ့အပေါ် ဝေဖန်သံတွေ များခဲ့တာတွေအ တွက် ဘာများပြော ချင်လဲလို့ မေးကြည့်တဲ့အခါ မှာတော့ ဘုန်းမင်းနေလက . . .

”ဟုတ်ပါတယ်။ ကျွန်တော်သင်္ကြန်မှာ ကောင်မလေးတစ်ယောက်နဲ့ လျှောက်လည်တယ်လို့ အသံထွက်လာတာကို ကျွန်တော် ဘာမှမပြောချင်ပါ ဘူး။ ဒါပေမဲ့ ကိုယ်ကအနုပညာရှင်တစ်ယောက် ဖြစ်တဲ့အတွက် ပရိသတ် တွေရဲ့ ဝေဖန်သံတွေကို ခံရမှာပါပဲ။ ကျွန်တော်က လူငယ်ဖြစ်တဲ့အတွက် ရည်းစားတော့ ထားမှာပေါ့နော်။ အဲ့ဒါကို ကျွန်တော့် ကို ချစ်တဲ့ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်မှာပဲလေ။ ဒါပေမဲ့ ပရိသတ်တွေကို ကျွန်တော်က တောင်းပန်ချင်ပါတယ်။ ကျွန်တော်က အနုပညာ အလုပ်တွေ စလုပ်နေတဲ့သူတစ်ယောက်ဆိုတော့ ဒီအချိန်ကတည်းက ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို မခံချင်ပါဘူး။ ကိုယ့်ရဲ့ အနုပညာအလုပ်တွေကို အကောင်းဆုံးကြိုးစားပြီး မိဘကို စောင့်ရှောက်ချင်တယ်။ လုပ်ကျွေးချင်တယ်။ ကျွန်တော်တို့က အဖေလည်းမရှိတဲ့အတွက် အမေ စိတ်မဆင်းရဲရအောင်နေမယ်။ အနုပညာအလုပ်တွေကို ဒီထက်ကောင်းအောင်လုပ်ချင်ပါတယ်” လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ- မင်းမင်းထွန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*