သူရဲဘောကြောင်တဲ့ကလောင်

သူရဲဘောကြောင်တဲ့ကလောင်
May 22, 2019 Asian Fame

သွားလေသူဆရာ ‘လူထုစိန် ၀င်း’သည် စာပေအရ မဟုတ်သော် လည်း ပုဂ်္ဂိုလ်ရေးအရ ကျွန်တော် အတုယူလေးစားလောက်သော ဆရာတစ်ပါးဖြစ်ခဲ့ပါသည်။ (စာပေ အသိုင်းအ၀ိုင်းမှ အချို့ကတော့ဆရာ လူထုစိန်ဝင်းအပေါ် အမြင်မကြည် လင်ကြပါ။ သူရို့အမြင်မကြည်ကြ ခြင်းမှာ သူရို့၏ မျက်စိအိမ်တွေမှာ တိမ်သလ္လာကြေးညှော် အညစ် အကြေးတွေ ကပ်ငြိနေကြ၍သာ ဖြစ် ချေအံ့။)
ဆရာလူထုစိန်ဝင်းသည် မအေ က အကောင်းပကတိကျန်းမာသန် စွမ်းစွာ မွေးဖွားပေးခဲ့ပါသော်လည်း ရာဇတောဝါကြောင့် မသန်စွမ်းဘ၀ ရောက်ခဲ့ရရှာပါသည်။ ခြေလက်အင်္ဂါ စုံလင်ပါလျက် ချိုင်းထောက်ဖြင့် သွားလာရခြင်းကိုသာ ရှုပါတော့။ အို …ရာဇတောဝါ …အသင်သည် ရက်စက်ကြမ်းကြုတ်လှပေတကား။ အို …ရာဇတောဝါ …အသင် ဘယ့်ကလောက် ရက်စက်ကြမ်းကြုတ် သည်ဖြစ်ပါစေ …စာပေသမား အစစ်။ စာချစ်သော ကလောင်ရှင် တို့က စိုးစဉ်းငယ်မျှပင် စိုးရွံ့တုန်လှုပ် သည်မဟုတ်ချေတကား။
(ရာဇတောဝါ …ဟူသော ပါဠိအသုံးမှာ၊ မြန်မာလို မင်းဘေး မင်းဒဏ်သင့်ခြင်းဟု မြန်မာတိုင်းရင်း စာပေအလေ့အလာနည်းကြသော ခေတ်လူငယ်များ သိကြပါကုန်။ ဤ ကား စကားချပ်။)
ဆရာလူထုစိန်ဝင်းသည် ညာ ဘက်လက်ဖြင့် စာမရေးနိုင်သော အခါ ဘယ်ဘက်လက်ဖြင့် စာရေး ကျင့်ကာ အောင်မြင်စွာစာရေးသား လာနိုင်သည်။ ကွန်ပြူတာစာရေးငှား ၍ ရေးနိုင်သော်လည်း ကွန်ပြူတာ မသုံးပါ။ ကိုယ့်လက်ကိုယ်အားကိုးခဲ့ ပါသည်။
သည်လိုပုဂ်္ဂိုလ်မျိုးက …ကျွန် တော်တို့လို ခြေကောင်းလက်ကောင်း ငဖျင်း၊ အဆံချောင်တွေထက် ဆယ် ဆမက ပိုပြီးစာရေးနိုင်သည်။အနည်း ဆုံးအပတ်စဉ်ထုတ် ဂျာနယ် ၁၀ စောင်လောက်မှာ ဆောင်းပါးမှန်မှန် ရေးနိုင်သည်။ အိမ်မှာလည်း အင်္ဂ လိပ်စကားပြောနှင့် အင်္ဂလိပ်စာ တစ် နိုင်တစ်ပိုင် သင်ကြားပေးလိုက်ရသေး သည်။
ဆရာသည် မအားမလပ်သည့် ကြားကပင် …ထွက်သမျှ စာနယ် ဇင်းတွေထဲမှ လက်လှမ်းမီသမျှကို ဖတ်လိုက်ချေသေး၏။ ထို့ကြောင့် လည်း စာနယ်ဇင်းအကျိုအကြားမှာ ကလောင်တုံး ကလောင်ရွဲ့တစ် ချောင်းဖြင့် တောင်ရေးမြောက်ရေး လုပ်နေခဲ့သော ကြူးနှစ်၏ စာတိုပေ စတောင်မကျ။ မြောက်မကျ ကလေး တွေကို ဖတ်ရှုမိခဲ့ခြင်း ဖြစ်တန်ရာ သည်။
တစ်နေ့ …ဆရာ့အိမ်သို့ သွားရောက်နှုတ်ဆက်ဂါရ၀ပြုစဉ် ဆရာက သြ၀ါဒပေးပါသည်။
”ကိုကြူးနှစ်၊ ခင်ဗျားရဲ့လက် က သရော်စာရေးတဲ့လက်ဗျ။ သရော်စာ တွေ များများရေးစေချင်တယ်။”
ဆရာ့သြ၀ါဒကို ကြားလေသော် ကျွန်တော်နားထင် နားရင်ပူ၊ ခေါင်း နားပန်းကြီးသွားမိပါ၏။ အလိုလေး လေ သရော်စာတွေ ရေးရမတဲ့ ဆက် တိုင်းယား satire တွေများများ ရေး စေချင်သတဲ့ ဘုရား …ဘုရား။
ကျွန်တော်သည် စာပေပိုးအ၀င် ခံရသော လူပျိုပေါက်အရွယ်ကစ၍၊ ရည်းစားကို ချစ်ခဲ့သလို သရော်စာ ကိုလည်း စွဲလန်းခဲ့ပါ၏။ ပြောရလျှင် ခေတ်သစ်မြန်မာစာပေထဲသို့ သရော် စာအမျိုးအစား စာပေပုံသဏ္ဌာန်ကို ခေါ်ဆောင်သွတ်သွင်းလာသူများမှာ ”ခေတ်စမ်းစာပေ”ဦးဆောင်သူတစ် ဦးဖြစ်သော ”သိပ်္ပံမောင်ဝ”မှသည် ခေတ်စမ်းနောက်ဆက်တွဲခေတ်တွင် ထင်ရှားလာကြသည့် မောင်ထင်၊ မန်းတင်၊ ကုသစသူတို့ဖြစ်ကြသည်။ ထူးခြားသည်က သိပ်္ပံမောင်ဝ၊ မောင် ထင်၊ မန်းတင်တို့သည် မင်းမှုထမ်း မြို့အုပ်မြို့ပိုင်လုပ်ခဲ့ကြသူတွေဖြစ် ကြောင်း တွေ့ရပါသည်။ ရုတ်တရက် ဆိုလျှင် သရော်စာရေးတတ်ရန် မြို့ အုပ်မြို့ပိုင် လုပ်ဖူးရတော့မလိုလိုပင် ဖြစ်နေသည်။
မဟုတ်ပါ။ သရော်စာရေးတတ် ရန် မင်းမှုထမ်းဖြစ်ဖို့မလို။ အဆီ အငေါ်မတည့်လှသော ကပေါက်ချိ ကပေါက်ချာ လူ့လောကကြီး၏ အစိတ်အပိုင်းတွေကို မြင်တတ်ဖို့သာ လိုသည်။ မုန်းတီးရွံရှာမှုကို တံထွေး ထွေး ”ဖွီ ဖန်”မလုပ်ဘဲ၊ နှုတ်ခမ်းက လေးတွန့်ကာ၊ ပြုံးယောင်မဲ့ယောင် လုပ်ပြတတ်ဖို့သာလိုသည်။
အင်္ဂလိပ်စာပေမှာတော့ ပြင်း ပြင်းထန်ထန်၊ ချိုးချိုးဖဲ့ဖဲ့ ပုတ်ခတ် ရေးသားသော စာပေအမျိုးအစားကို Irony ဟု သတ်မှတ်ကြောင်း အချို့ ကျမ်းများမှာ ဖွင့်ဆိုသည်။ ဟာသ ဆန်ဆန်၊ ရယ်သလို မောသလိုနှင့် ရွဲ့စောင်းပြောဆိုရေးသားသည့် စာ ပေအမျိုးအစားကိုမူ ”ဆက်တိုင်း ယား”Satire ဟုခေါ်သည်။Satire ဝေါဟာရဆင်းသက်လာပုံကလေးက လည်း စိတ်ဝင်စားစရာကောင်းသေး။ ဂရိဒဏ္ဍာရီတွင် Satyr ဆိုသော ပုံ ပန်းသဏ္ဍာန်ဆန်းပြားသည့် အမဒူ ဿအကောင်ကြီးတစ်ကောင်ပါ သည်။ ဒဏ္ဍာရီလာ၊ စိတ်ကူးယဉ် သတ်္တ၀ါဆန်းကြီးတစ်ကောင်ဟု ဆို ကြပါစို့။
မဖြစ်နိုင်၊ မရှိနိုင်သော အကြောင်းကို ပြောဆိုခြင်းသည်။Satyr ဆိုသော အကောင်ထူး အကောင်ဆန်းကို တစ်ဖွဲ့တစ်နွဲ့လုပ် ခြင်းဖြစ်သည်။ ထိုသို့ပြုမူကြသူတွေ ကို သရော်ပြောင်လှောင်ချင်သောအ ခါSatyr လုပ်သည်ဟု သုံးနှုန်း ကြရာမှ ဝေါဟာရပြောင်းလဲပြီးSatire ဖြစ် လာသည်ဟု ကျွန်တော် မှတ်သားဖူးပါသည်။ (အကျယ်ရှုလို သော် ..မိမိတို့ ဘာသာ မိမိတို့ လုံ့လစိုက်၍ ရှာ ဖွေစူးစမ်းကြပါလေ …ကျွန်တော် ကတော့ သရော်စာ နှင့်ပတ်သက်လျှင် တာဝန်ခံမှု၊ တာဝန်ယူမှု လုံးဝကင်း ရှင်းပါသည်။)ထို့ကြောင့်လည်း သွားလေသူ ဆရာ ကြီးမောင်ထင်လို ပုဂ်္ဂိုလ်မျိုး ကပင် ‘သရော်စာ’ဟု မသုံးဘဲ ဆက် တိုင်း ယားဟု အသံလှယ် သုံးစွဲပါသည်။
စာပေသမိုင်းတွင် သရော်စာ ရေးသူ စာရေးဆရာများ ကံမကောင်း အကြောင်းမလှကြချေ။ ပြောင် မြောက်လှသော ဂန္တ၀င်သရော်စာ Candide ၀တ္တုရေးခဲ့သူ။ ပြင်သစ် တွေးခေါ်ရှင် ‘ဗော်လတိုင်းယား Voltaire သည် ဘုရင့်အမြှောက်စား ခံ တတ်သိပညာရှင်ဘ၀မှ သရော် တတ်ကလော်တတ်သောကြောင့် ဟို ပြေးသည်ပြေး၊ တစ်ပြေးတည်းပြေး နေရသော ၀ရမ်းပြေးဘ၀ရောက်ခဲ့ရ ရှာသည်။
မြန်မာတွေအသိများကြသော ‘ဂါလိဗား၏ ခရီးစဉ်’ကိုရေးခဲ့သည့် အိုင်းရစ်လူမျိုး ‘ဂျိုနာသန်ဆွစ်’သည် စာပေအရာတွင် လူလည်လူပါးဖြစ် သည်။ ‘ဂါလိဗားခရီးစဉ်’ကို နိုင်ငံ ရေးသရော်စာမှန်းမသိရအောင် ယုံ တမ်းဆန်ဆန်ရေးသွားနိုင်သည်။ ဂျို နသန်ဆွစ်သည် ဉဏ်ပညာကြီးမား၊ ဂုဏ်မြောက်သည့် စာပေများကို ဖန် တီးနိုင်ခဲ့သော်ငြား သူ့ကို ရူးကြောင် ကြောင်ဟု အထင်လွဲခံခဲ့ရပြီး ဆင်း ဆင်းရဲရဲကွယ်လွန်ခဲ့ရှာသည်။ သူသေ ပြီးမှ သူ့စာပေများကို ပြန်လည်ဖော် ထုတ်ကာ ‘သရော်စာ၏ ဖခင်ကြီး တစ်ဦး’အဖြစ် ဂုဏ်မြှောက်ခြင်း ခံခဲ့ ရသည်။
ကျွန်တော်တို့ဆီမှာတော့ သ ရော်စာအရေးကောင်းသော ‘စလေ ဦးပုည’ကို မြို့ဝန်ဦးသာအိုက ရေနစ် ၍ သေဒဏ်ပေးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ခေတ်သစ်ကာလ တွင်လည်း သရော်စာအရေးကောင်း လှသော ဆရာ့၊ ဆရာကြီးများမှာ ရာဇတောဝါနှင့် ပက်ပင်းတိုးခဲ့ကြ သည်။
ခုခေတ်က online ခေတ်။ အွန် လိုင်းမှာတက်ပြီး သရော်စာရေးမိ လျှင် အခန့်မသင့်ပါက ရာဇတောဝါ နှင့် တိုးမည်။ ထို့ကြောင့် တမလွန်မှ ဆရာလူထုစိန်ဝင်းထံ ထပ်မံဝန်ခံလို ပါသည်။ ”ကျွန်တော်သရော်စာ မရေးဝံ့ကြောင်းပါ ဆရာ ခင်ဗျား၊ ကြူးနှစ်ဆိုတဲ့ကောင် ငကြောက်ပါ” … ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*