ရုပ်ရှင်က အခုဆိုရင် ကျပ်သိန်း နှစ်ထောင်ကနေ ကျပ်သိန်း သုံးထောင်လောက်အထိကို အသုံးပြု ရိုက်ကူးနေကြပြီလို့ ပြောပြခဲ့တဲ့ ဒါရိုက်တာ ဦးညီညီထွန်းလွင်

ရုပ်ရှင်က အခုဆိုရင် ကျပ်သိန်း နှစ်ထောင်ကနေ ကျပ်သိန်း သုံးထောင်လောက်အထိကို အသုံးပြု ရိုက်ကူးနေကြပြီလို့ ပြောပြခဲ့တဲ့ ဒါရိုက်တာ ဦးညီညီထွန်းလွင်
May 20, 2019 Asian Fame
ရုပ်ရှင်က အခုဆိုရင် ကျပ်သိန်း နှစ်ထောင်ကနေ ကျပ်သိန်း သုံးထောင်လောက်အထိကို အသုံးပြု ရိုက်ကူးနေကြပြီလို့ ပြောပြခဲ့တဲ့ ဒါရိုက်တာ ဦးညီညီထွန်းလွင်


ဒါရိုက်တာ ဦးညီညီထွန်းလွင် ကတော့ လက်ရှိ မြန်မာ့ရုပ်ရှင်ရဲ့ အ ခြေအနေက ပြိုင်ဆိုင်မှုတွေ တအား ပြင်းထန်လာနေပြီဖြစ်ကြောင်း ပြော ပြပါတယ်။

”အကယ်ဒမီပွဲတုန်းက အသံ တွေ အတော်ကို ဆူညံကုန်တာလေ။ လူငယ်ရုပ်ရှင်ပညာရှင်တွေလည်း အ တော်ပေါ်လာတယ်။ ပြီးတော့ ရုပ် ရှင်နဲ့ ပတ်သတ်ရင် အရင်တုန်းက ဆိုရင် ကျပ်သိန်းတစ်ထောင်ကနေ တစ်ထောင့် ငါးရာလောက်ပဲ သုံးနိုင် ကြတယ်။ အခုဆိုရင် ကျပ်သိန်းနှစ် ထောင်ကနေ ကျပ်သိန်း သုံးထောင် လောက်အထိကို အသုံးပြုရိုက်ကူး နေကြပြီ။ ရုပ်ရှင်တစ်ကားအတွက်ကို။ ပြီးတော့ နိုင်ငံခြားနဲ့ ဖက်စပ်ရိုက် တာတွေလည်း အများကြီး ဖြစ်လာ နေပြီ။ မြန်မာ့ရုပ်ရှင်ဟာ ပိုတိုးတက် လာတယ်”လို့ ဒါရိုက်တာ ဦးညီညီ ထွန်းလွင်က ပြောပြတယ်။
အရင်တုန်းက ရုပ်ရှင်ရိုက်ရင် ဇာတ်ညွှန်းစာအုပ်လေးတွေ ကိုင်ပြီး တော့ပဲ ရိုက်နေကြရာကနေ အခုက တော့ အပြိုင်အဆိုင်ပြင်းထန်လာတာ နဲ့အတူ Story Board စာအုပ်တွေ ရေးပြီးတော့ ရိုက်ကူးနေကြပြီ။ အဲ့ဒါ တွေက နိုင်ငံခြားနဲ့ ဖက်စပ်ရိုက်တဲ့ အခါမှာလည်း အရမ်းကို လိုအပ် တယ်လို့ ပြောပြတယ်။

”ဇာတ်ညွှန်းကိုသာ တစ်လ လောက်နဲ့ ရေးကောင်းရေးနိုင်လိမ့် မယ်။ Story Board ရေးဆွဲတာက တော့ သုံးလလောက်တော့ အနည်း ဆုံးကြာတယ်။ နိုင်ငံတကာအထိကို မြန်မာ့ရုပ်ရှင်တွေသွားဖို့ လုပ်ကြ တော့မယ်ဆိုရင် အဲ့ဒီလို ကြိုးစား အားထုတ်မှရမယ်။ နိုင်ငံတကာနဲ့ လုပ်ပြီဆိုရင် မိတ်ကပ်တွေ၊ အ၀တ် အစား ဒီဇိုင်းတွေက အစပေါ့ စနစ် တကျပြင်ဆင်ကြရမယ်။ ရုပ်ရှင်တစ် ကားကို သုံးလ လေးလနဲ့ ရိုက်ဖို့ တောင် ခဲယဉ်သွားလိမ့်မယ်။ အခု မြန်မာ့ရုပ်ရှင်တွေက အရှေ့တောင် အာရှကို သွားနေပြီ တခိျု့ဇာတ်ကား တွေ။ အဲ့တော့ အင်္ဂလိပ် စကေးတွေ လည်း ကောင်းဖို့ လိုပြီ။ ပြောချင်တာ ကတော့ ပညာရေးစနစ်ကိုလည်း မြှင့်တင်ပေးဖို့ လိုလာပါပြီ” လို့ မှတ် ချက်ပြုပြောပြပေးခဲ့ပါတယ်။

ထက်လူ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*