လန်ဒန်မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ မီ ရုပ်ရှင် ဇာတ်ကား ပြသရန် ရွေးချယ်ခံရ

လန်ဒန်မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ မီ ရုပ်ရှင် ဇာတ်ကား ပြသရန် ရွေးချယ်ခံရ
May 17, 2019 Asian Fame
လန်ဒန်မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ မီ ရုပ်ရှင် ဇာတ်ကား ပြသရန် ရွေးချယ်ခံရ


လန်ဒန်မြို့မှာ ကျင်းပမယ့် အာဆီယံရုပ်ရှင်ပွဲတော်မှာ ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ မီရုပ်ရှင် ဇာတ်ကားက ပြသဖို့ ရွေးချယ်ခံထားရပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကို မေလ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး သရုပ်ဆောင်ပိုင်ဖြိုးသုနဲ့ မိခင်ဖြစ်သူ ဒေါက်တာနွယ်ဦးတို့ တက်ရောက်ကြမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ရုပ်ရှင်ဇာတ်ကားတွေကို အခုလိုအသိအမှတ်ပြုလက်ခံပေးတဲ့အတွက် ၀မ်းသာပါ တယ်လို့ဆိုတဲ့ ပိုင်ဖြိုးသုက …

”မြန်မာပြည်ထဲက မီဇာတ်ကားကို ရွေးလိုက်တာပါ။ မလေးရှားမှာပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော် ကျတော့ ပြပွဲရော၊ ပြိုင်ပွဲရောပါ။ ဆုလည်းပေးတယ်။ လန်ဒန်မှာတော့ ဆုမပေးပါဘူး။ ပြပွဲသက် သက်ပါပဲ။ ဘာပဲဖြစ်ဖြစ် သုတို့ မြန်မာနိုင်ငံက ဇာတ်ကားတွေကို တခြားနိုင်ငံတွေက လက်ခံပေးတယ်။ ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရတယ်။ သုသုတို့မှ မဟုတ်ပါဘူး။ တခြားနိုင်ငံက သွားပြိုင်တဲ့အ ဖွဲ့တွေလည်း ရကြတယ်။ ၀မ်းသာပါတယ်။ ဒါတစ်ဆင့်တိုးတက် လာတဲ့သဘောပဲလေ။ နောက်ဆိုရင် ဒီ့ထက်ပိုတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
မီရုပ် ရှင်ဇာတ်ကားဟာ ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့ပြီး နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ လည်း ပြသခွင့်ရရှိသလို ဆုတွေလည်း ရရှိခဲ့တာကြောင့် ၀မ်းသာဂုဏ်ယူမိပါတယ်ဆိုတဲ့ ဗစ်တိုးရီးယားရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဒေါက်တာနွယ်ဦးက …

”အန်တီကတော့ တအားပျော်တယ်။ အန်တီရဲ့ ကြိုးစားအားထုတ်မှုက ဘာမှမရှိဘူး။ အန်တီက ကလေးတွေ လိုအပ်တာကို ပံ့ပိုးပေးရုံကလွဲလို့ သူတို့ဟာသူတို့၊ သူတို့လမ်းကို သူတို့ဖောက်ပြီး လျှောက်ခဲ့ကြတာလေ။ ကိုယ့် ကလေးတွေ အောင်မြင်တဲ့အပေါ်မှာ သူတို့အတွက် ပိုပြီးဂုဏ်ယူဝမ်းသာရပါတယ်”လို့ ပြောပါတယ်။ မီရုပ်ရှင် ဇာတ်ကားဟာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံရုပ်ရှင်ပွဲတော်မှာလည်း ပြသခွင့်ရရှိခဲ့ပြီး Best Director of Photography ဆု ဒါရိုက်တာ ဏကြီးကရရှိခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသတင်းစာဆရာများအသင်းမှ ကြီးမှူးကျင်းပသည့် Starawards ဆုပေးပွဲမှာလည်း Best Cinematography Award ကို မီဇာတ်ကားမှ Director of Photography ဒါရိုက်တာ ဏကြီးက လည်းကောင်း၊ Best Actress In A Leading Role Award ဆုကို ပိုင်ဖြိုးသုကလည်းကောင်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေ ကြိုက်နှစ်သက်မှု အများအပြားရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ တစ်ကားအပါ အ၀င်ဖြစ်ခဲ့ပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်နိုင်စိုး(ကစ္ဆပ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*