ဒါရိုက်တာမောင်ဝဏ္ဏပြောတဲ့ ပိုစ့်မော်ဒန်

ဒါရိုက်တာမောင်ဝဏ္ဏပြောတဲ့ ပိုစ့်မော်ဒန်
May 17, 2019 Asian Fame
ဒါရိုက်တာမောင်ဝဏ္ဏပြောတဲ့ ပိုစ့်မော်ဒန်

ကိုဝဏ္ဏရေ …ကတီ်္တပါ ဖိနပ် စီး – ရွှေထီးဆောင်း ရုပ်ရှင်စရိုက် တော့ ခင်ဗျားက … ကျောက် မြောင်း၊ ဓမ္မ၀ိဟာရလမ်းကို …အစ်ကိုသက်နောင် (ရုပ်ရှင်သရုပ် ဆောင်မင်းသား)နှင့် ဘီအက်စ်အေ ဆိုင်ကယ်တစ်စီးနှင့် နှစ်ယောက်သား ရောက်လာခဲ့တဲ့ နှစ်ကာလတွေကို မြင်ယောင်နေမိတယ်။

ဇာတ်ဝင်ခန်းမှာ ကောင်မလေး နှင့် ကောင်လေးနှစ်ဦးသား လှေပေါ် မှာ လှေစီးပြီး ရေထဲမှာ မေတ္တာ အရိပ်ကလေးထင်တဲ့ ပုံလေးပန်းချီ ကား (၁ ပေ x ၂ ပေ) ခန့် ရေးဆွဲ ပေးခဲ့ရတယ် …

အဲဒီလို ခင်မင်ရင်းနှီးရင်း … ကတီ်္တပါ ဖိနပ်စီး ရွှေထီးဆောင်း၊ ခြေဖ၀ါးတော်နုနု၊ ပန်းနုရောင် မရင့်တရင့်စသော နှစ်များကို ပြေးမြင်မိတယ် …ကိုဝဏ္ဏရေ …
၂၀၀၉ ခုနှစ်တုန်းက သာဓုခြံ ထဲမှာ ကိုဝဏ္ဏလက်ဆောင်ပေးတဲ့ စာ အုပ်မှာ မောင်ဒီရဲ့ ပို့စ်မော်ဒန်အ ကြောင်း ရေးထားတာဖတ်မိရင်း ဒီလိုလေး လက်ဆင့်ကမ်းလိုက် ချင်ပါတယ်။ မော်ဒန်တွေ အသံကျယ် နေ တဲ့ ၁၉၇၀ကျော်မှာ ပို့စ်မော်ဒန် ဆိုတဲ့ စကားလုံးကို ကဗျာဆရာ မြေချစ်သူနဲ့ ပန်းချီမောင်ဒီတို့က စာမျက်နှာတွေပေါ် စတင်ခဲ့တာ မိုးဝေမဂ္ဂဇင်းမှာပါ။

ကျွန်တော်တို့ မွှေနှောက်ရှာဖွေ ကြတဲ့ ပန်းဆိုးတန်း၊ မောင်တော်လေး လမ်းစတဲ့ နေရာတွေမှာရှိတဲ့ စာအုပ် အဟောင်းဆိုင်က ပို့စ်မော်ဒန်သ ဘောတရားတွေ နည်းနည်း၊ ပို့စ် မော်ဒန်ပန်းချီပုံလည်း ပါတဲ့ ဂျာနယ် တစ်စောင်ကို ဆရာမောင်ဒီက ရလာ ပါရော။
ကိုဒီဟာ …လွန်လွန်ကဲကဲ လေးတွေ လုပ်လေ့ရှိတယ်။ ဆရာကြီး ဓမ်္မိက ဦးဘသန်းရဲ့ တရားတွေနာ ပြီး ဂျပန်ဇင်ကျင့်စဉ်တွေလည်း လုပ် လေ့ရှိတယ်။

မော်ဒန်ပန်းပုဆရာ ဆန်နီညိမ်း နဲ့ လေပန်းပြီး ဆရာဒီကိုယ်တိုင် မော် ဒန်ပန်းပုတွေ လုပ်ခဲ့သေးတယ်။ မော် ဒန်ပန်းချီလည်း ရေး၊ ကဗျာလည်း ရေးပါတယ်။

ဆရာဒီက မော်ဒန်ပန်းပုလက် ရာတစ်ခုဖြစ်တဲ့ စက်ဘီးစပုတ်တိုင်နဲ့ သံကွေးသံကောက်ပါတဲ့ အရာလေး တစ်ခုပါပဲ။
ကျွန်တော်က ဆရာဒီရဲ့ မော် ဒန်ပန်းပုကို ခံစားလို့မရခဲ့ဘူး။

ခင်ဗျားဟာ စပုတ်တံနဲ့ သံပြား တွေပါဗျာ …ဘယ်က မော်ဒန်ပန်း ပုဖြစ်မှာလဲ …လို့ ကျီစယ်မိပါ တယ် …မော်ဒန်ကို တိုက်ခိုက်ရင် နံရံကို ခေါင်းနဲ့ဆောင့်သလိုပါပဲလို့ ဆရာဒီက အဓိပ္ပာယ်ဖွင့်ချိန်မှာပါ။

ဆရာဒီက ကျွန်တော့်ကို … ခင်ဗျားကို ‘အတ်’အဆင့်ရှိတယ်လို့ ထင်တာ ခင်ဗျားက အဆင့်မှမမီဘဲ ..ဒါကြောင့် ခင်ဗျားကို ဒဏ်ခတ်တဲ့ အနေနဲ့ ခြောက်လစကားမပြောဘူး ဆိုပြီး သူ့မော်ဒန်ပန်းပုကြီး ပိုက်လျက် ပြန်ထွက်သွားပါတော့တယ်။

တစ်နေ့တော့ ဆရာဒီရဲ့ ကိုယ် ပိုင်ဟန်ပန်အတိုင်း သွားကြီးဖြီးရင်း နဲ့ သည်နေ့ ခြောက်လပြည့်ပြီ၊ ခင် ဗျားနဲ့ စကားပြန်ပြောမယ်လို့ပြော ရင်း ကျွန်တော့်အိမ်ရောက်လာပါ လေရော။ ကျွန်တော့်ကိုလည်း ကျောက်သင်ပုန်းပုံရေးထားတဲ့ ပန်း ချီကားတစ်ချပ် လက်ဆောင်ပေး တယ် …တူသမှ ကျောက်သင်ပုန်း တစ်ချပ်ထောင်ထားတာကို မြင်ရ သလိုပဲ တူပါတယ်ခင်ဗျာ …
ဟိုက်ပါ ရီရယ်လစ်ဇင်လို့ ပြော တာပါပဲ …

ဆရာဒီဆောင်းပါးရေးတဲ့ ပို့စ် မော်ဒန်စာအုပ်ကလေးကို သူ့သား မောင်ထွန်းအံ့ကို ပေးလိုက်တယ်။ ကလေးကျောင်းနေတုန်း အရွယ်မှာ ပဲ ပို့စ်မော်ဒန်နဲ့ ရင်းနှီးအောင် သား ဖြစ်သူကို စာအုပ်ထဲက အရုပ်တွေ ကြည့်ခိုင်းတာပါ။ သူ့ကလေးကို သူ့ မွေးရပ် မြစ်ခြေကို ခဏပို့ထားတော့ အဲဒီစာအုပ်လည်း ပါသွားတယ်။

နောက်တော့ ဆရာဒီကိုယ်တိုင် မြစ်ခြေကို လိုက်သွားတဲ့အခါ စာအုပ် ကိစ္စကို သူ့သားကို မေးသတဲ့ …
သား၊ အဖေပေးတဲ့ စာအုပ်ထဲ က ပန်းချီပုံတွေ သဘောကျလားဆို တော့ အင်းတဲ့ …အဲဒီစာအုပ် ဘယ်မှာ သိမ်းထားလဲဆိုတော့ ညီ လေး၊ ညီမလေးတွေ ကျောင်းစာအုပ် အဖုံးဖုံးဖို့ ပေးလိုက်ပြီ ဆိုတော့မှာ ဆရာဒီလည်း အဲဒီအကြောင်းပြန် ပြောတဲ့အခါမှာ စပ်ဖြီးဖြီးကြီးနဲ့ လွမ်း နေပုံပေါက်ပါတယ်။ ခင်ဗျားသား သမီးတွေကမှ ပို့စ်မော်ဒန်ကို အ ကောင်အထည်ဖော်ရင်းနဲ့ ပါဖောင်း မင့်နဲ့ အင်စတော်လေးရှင်းပါ လုပ်ချ လိုက်တာပဲလို့ ကျွန်တော်က ကောက် ချက်ချပေးလိုက်တော့မှာ ဆရာဒီ ခင်ဗျာ …အလွန်ချစ်စရာကောင်း စွာနဲ့ ပါးစပ်တင်မကဘဲ မျက်လုံးရော၊ နှာခေါင်းရော၊ ပါးတွေပါ …တစ် မျက်နှာလုံး ရယ်နေတော့တာပါပဲ …

ခင်ဗျားက မောင်ဒီရဲ့ ပို့စ်မော် ဒန်အကြောင်း ရေးတော့ ကျွန်တော် က မောင်ဒီ (ခေါ်) ကိုမျိုးညွန့်ကို ရွှေ မင်းသားက တစ်ဆင့် ဘောက်ထော် မှာနေတုန်းကပေါ့ဗျာ …မိချောင်း ကန်အိမ်ကလေး ခြံလေးမှာပေါ့ …အဲဒီခြံကို စန္ဒယားတင်ဝင်လှိုင် လည်း ရောက်ခဲ့သဗျာ။
နောက်ပြီး ၁၉၆၅ လောက်မှာ မောင်ဒီလည်း ရောက်ခဲ့နေခဲ့သေး တယ်ဗျာ။ ရွှေမင်းသားက အကူအညီ တောင်းပြီး မန္တလေးက ကိုမျိုးညွန့် …ယခုမောင်ဒီပေါ့ဗျာ …ကျွန် တော်နှင့် သုံးလတာမျှ အတူနေခဲ့ကြ တယ်ဗျာ …

ကျွန်တော့်သမီးအကြီးက … တစ်နှစ်သမီးအရွယ်တုန်းကပေါ့ .. ယခုတော့ နှစ်ငါးဆယ်ကျော်ရှိနေပြီ ဗျာ …

ကိုမျိုးညွန့်ရဲ့ စိတ်ကို ကျွန်တော် လည်း ခင်မင်သူပါ …သူ့ရဲ့ လေ ညှင်းလေးတေးသီချင်းကို ကဗျာက တစ်ဆင့် သုမောင်သီဆိုခဲ့တယ်လို့ သိရတယ် …သူ့ရဲ့ ချောင်းမကြီး …မြစ်ခြေက …ချောင်းမကြီး စာတွေ ဖတ်ခဲ့ရတယ် …အရသာ ရှိလှပါတယ်ဗျာ …
နောက်ပြီး လောကနတ်၊ယောန သံစင်ယော် …(ဓမ်္မိက ဦးဘသန်း ဘာသာပြန်တဲ့)ရဲ့ အတွေးတွေကို သူ
သိခဲ့တယ် …

တစ်နေ့တော့ ပန်းချီဆရာအစ် ကို အောင်စိုးအိမ်မှာ ကျွန်တော် မြေ ချစ်သူစသော သူတွေနဲ့အတူနေခဲ့ကြ ရင်း ဓမ်္မိကဦးဘသန်းက ကိုအောင် စိုးရေ မောင်ဒီက ဘူးသီးကြီးတစ်လုံး ခြံထွက်ဆိုပြီး ထမ်းယူလာတယ်ဗျာဆို ပြီး ထမ်းယူလာတယ်ဗျာဆိုပြီး အား ရပါးရ ပြောပြတယ် …အဲဒီနှစ် တွေက ၁၉၇၄ ကာလများမှာပေါ့ဗျာ …

တစ်ခါတစ်ခါ တွေ့ဆုံခဲ့ကြရင်း …နှစ်များစွာထဲက …ခင်မင်သူ တွေ ဖြစ်လေတော့ ခံစားကြတယ် …ဟန်မဆောင်တတ်သော မောင် ဒီ …သူ့ပန်းချီကားတွေကို … ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ် ..

မြန်မာပြည်မှာ သူပါပဲလေ …အဲ ဒီပန်းချီကားတွေ ပြန်မမြင်ရတော့ ဘူးပေါ့ …ကိုဝဏ္ဏရေ …ခင် ဗျားက ရုပ်ရှင်ရိုက်တော့ ထန်းခေါက် ဖာလေးထဲ ထည့်ထားတဲ့ ဇာတ်ညွှန်း လေးကို မြင်ယောင်နေမိတယ် … ဦးသာဓု(ဒါရိုက်တာ)ရဲ့ ဇနီး၊ ကိုဝဏ္ဏ ရဲ့ မိခင်ဖြစ်သူ အမေညိုရဲ့ ငါးပိ ထောင်းလေးစားခဲ့ရတယ် …ပဲ ဟင်းချိုလေးတစ်ခွက်နဲ့အတူ … ရင်ထဲမှာ ယခုတိုင် ချိုနေဆဲပါပဲ ကိုဝဏ္ဏရေ …
ကိုဝဏ္ဏရေ …ခင်ဗျားနဲ့အတူ …တက္ကသိုလ်ထဲက ဦးချစ်ဆိုင် လေးမှာ ဇွန်းမပါတဲ့ လက်ဖက်ရည် လေးတစ်ခွက်သောက်ချင်တယ်ဗျာ …
မောင်ဒီရဲ့ …ကျောက်သင် ပုန်းလေးပေါ်မှာ ပေတံလေးတစ် ချောင်းက ယနေ့တိုင်ရှိနေဆဲလား မသိ …ပြောင်းသွားတဲ့ အိမ်က လေး …ဘ၀ပြောင်းသွားတဲ့ ကိုဝဏ္ဏ …ခြေဖ၀ါးတော်နုနုရဲ့ ခရီးသွားရင်း တေးသီချင်းဆိုသလို …ဘ၀တွေကလည်း ခရီးသွားနေ ကြသလို ပါပဲဗျာ …

ဘယ်အချိန်၊ ဘယ်လမ်းမှာ၊ ဘယ်နေ့မှာ မသိကြပြီမို့ ပြန်လည် သတိရနေမိရင်း …ဘ၀တူ … ခရီးဖော်တွေပါပဲလားရယ်လို့
ရင်မှာ …
ရင်မှာ …

ပန်းချီတင်လှဝင်းထင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*