စာပိုး

စာပိုး
May 17, 2019 Asian Fame
စာပိုး

Book-worm ဆိုတဲ့ အင်္ဂလိပ် ဝေါဟာရကို အင်္ဂလိပ်ဘာသာမတတ် တစ်ခေါက်တတ်တဲ့သူများတောင် မြန်မာအဓိပ္ပာယ်နဲ့ သိရှိနားလည်ကြ ပါတယ်။ မြန်မာပညာရှိများက အဲ သည် ‘စာအုပ်ပိုး’ဆိုတဲ့ အင်္ဂလိပ်ဝေါ ဟာရကို ‘စာကြမ်းပိုး’လို့ လှလှပပ ပြန်ဆိုပေးကြပါတယ်။ ကျေးဇူးအထူး တင်ရှိကြောင်းပါ ခင်ဗျား။

Book-wormမှာ အဓိပ္ပာယ် ၂ မျိုးရှိပါတယ်။ ပထမ အဓိပ္ပာယ်က စာအုပ်ကြို စာအုပ်ကြားထဲမှာ တွယ် ကပ်နေပြီး စက္ကူကို စားသုံးကြတဲ့ ကပ်ပါးပိုးမွှားတွေပါ။ ပိုးဟတ်ခေါင်း ဆောင်တဲ့ အင်းဆက်ပိုးမွှားမျိုးစုံပါ ပဲ။ ဒင်း(သင်း)တို့ကို ကျွန်ုပ်က နာဇီ ခေါင်းဆောင်ဟစ်တလာထက် တောင် မုန်းပါသေးဗျား။ နောက် အဓိပ္ပာယ်တစ်မျိုးကတော့ စာအုပ်ပုံ ထဲမှာ ခေါင်းစိုက်နေတဲ့ စာကြည့် တိုက်ထဲမှာ အချိန်ဖြုန်းတဲ့ စာအုပ် မြင်ရင် အငန်းမရ လှန်လှောဖတ်ရှု ရမှကျေနပ်တဲ့ သူကြိုက်တဲ့ ရသတွေ့ တဲ့စာအုပ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ ဖတ်ရှုနေတတ်တဲ့ စာဖတ်စာမှတ်နှံ့ စပ်တဲ့လူမျိုးကိုလည်း စာကြမ်းပိုးလို့ သမုတ်ကြတယ်ခင်ဗျ။

ကျွန်ုပ်အလိုအရ ‘စာကြမ်းပိုး’ ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်လှဘူး။ ဘ၀င်မကျဘူး။ နှလုံးမတွေ့ဘူးဗျ။ ဘာကြောင့်ဆို ‘စာ’နဲ့ ‘ကြမ်းပိုး’တွဲ လိုက်လို့ပါ။ စာဆိုတာ မြင့်မြတ်သန့် စင်တဲ့ လူသားရဲ့ အညွန့်အဖူးဖန်တီး မှုမဟုတ်လား။ ကြမ်းပိုးဆိုတာက အကြိုအကြားမှာနေပြီး အခွင့်အရေး ရတာနဲ့ လူ့သွေးကို စုပ်သူတဲ့ သွေး စုပ်ဖုတ်ကောင်ကပ်ပါး မဟုတ်လား ဗျ။

မြန်မာစာပေဟာ …ဝေါဟာ ရကြွယ်ဝလှပေမယ့် အင်္ဂလိပ်ဘာသာ Book-wormကို အဓိပ္ပာယ်ဖလှယ် ရာမှာတော့ ‘စာကြမ်းပိုး’၊ ‘စာပိုး’ လောက်နဲ့ပဲ ကျေနပ်ကြရပါတယ်။ ‘စာရူး’ဆိုတဲ့ အသုံးအနှုန်းရှိသေး တယ်။ စာရူးကတော့ စာကြမ်းပိုးနဲ့ မတူပါဘူး။ စာရူးကတော့ စာပေမှန် သမျှကို နားလည်သည်ဖြစ်စေ …။ နားမလည်သည်ဖြစ်စေ။ ခံစားရင်ခုန် ရသည်ဖြစ်စေ …ခံစားမှုမတွေ့၊ ရင်ထဲမှာ ဗလာသက်သက်ပဲ ကျန် ရစ်သည်ဖြစ်စေ စာအုပ်နဲ့ မျက်နှာ မခွာဘဲ စာကြည့် စာဖတ်နေတတ်သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးရှိသေး သဗျ။ သူကြိုက်တဲ့စာသား၊ စာပိုဒ် တွေကို အလွတ်ကျက်ပြီး၊ အမြဲတည်း မှတ်မိနေအောင် ကြိုးစားတတ်တဲ့ စာရူးတစ်မျိုးပါပဲ။ လိုအပ်ရင်သူက ‘နပိုလီယန်က ဘယ်လိုပြောခဲ့တာ၊ ရှိတ်စပီးယားက ဘယ်လိုပြောခဲ့တာ” ဆိုပြီး လူထူထူကြားမှာ တံထွေးတစ် ဖွားဖွားနဲ့ ဘိုလိုတတ်ကြောင်း ကြွား တော့တာပဲ။ သူကိုးကားတဲ့အထဲမှာ ဘဘမှိုင်းရဲ့စာတွေ၊ စလေဦးပုညရဲ့ စာတွေ မပါတာတော့ ဒီသတ္တ၀ါဟာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်မှု မရှိကြောင်း ဖော်ပြတာပဲလို့ ကျွန်ုပ် ထင်မြင်ပါတယ်။

မြန်မာစာပေသမိုင်းမှာ ‘စာပိုး’ ဘွဲ့အပ်နှင်းနိုင်တဲ့ ထူးခြားတဲ့ပုဂ်္ဂိုလ် ရှိခဲ့ပါတယ်။ အညတရဘ၀တုန်းက စာတိုပေစကလေးတွေ စုဆောင်းမှတ် သားတတ်လွန်းလို့ အရပ်သားငတုံး တွေက အထင်မကြီးဘဲ ‘စာတို ငညို’ လို့ခေါ်ခဲ့ကြပါတယ်။ စာတိုပေစစု ဆောင်းမှတ်သားရာမှာ လုံ့လ၀ီရိယ ကြီးမားလွန်းလို့(အမှတ်မထင်)ဘုရင် နဲ့ တွေ့ဆုံပြီး စာပေရေးရာထုတ်ဖော် တင်ပြမှုလုပ်ပြနိုင်တဲ့အခါ ‘၀န်ဇင်း မင်းရာဇာ’ဆိုတဲ့ ဘွဲ့မည်ရည်နဲ့ သူ ကောင်းပြုခံရပါတယ်။ ထင်ပေါ်လို့ စင်တော်က ကောက်တာမျိုးပ ခင် ဗျာ။ ဒါကြောင့်ရှေးလူကြီးများက စာ ပေသမားတွေကို အမျိုးအစားခွဲခြား တယ်။ စာဖတ်အားသန်သူ၊ စာချည်း ကုန်းဖတ်နေတဲ့သူကို ‘စာဖတ်’တဲ့။ စာတိုငညိုလို အမှတ်အသားကောင်း တဲ့သူကိုကျတော့ ‘စာမှတ်’တဲ့။ ကျွန်ုပ် ရဲ့ အသိထဲမှာ ‘စာမှတ်’တစ်ယောက် ရှိတယ်။ အဲသည်ဘိုးတော်က သူ့အ ဖေရဲ့ မွေးနေ့ကိုသာ မသိတယ်။ နပို လီယန်ရဲ့ မွေးနေ့၊ လီနင်ရဲ့ မွေးနေ့၊ မော်စီတုံးရဲ့ မွေးနေ့တွေကို အကုန် အလွတ်ရတယ်။

”မောင်ရင် တော်ပါတယ်။ ချီး ကျူးလောက်ပါတယ်။ ကမ္ဘာ့ခေါင်း ဆောင်ကြီးများရဲ့ မွေးနေ့များစွာကို မှတ်မိတာ နည်းနည်းနောနော လုံ့လ မှ မဟုတ်ဘဲဗျာ”လို့ ကျွန်ုပ်က အူမပါ ဘဲ ချီးမြှောက်စကားပြောတော့ ဘိုး တော်က ပြုံးတော်မူတယ်။

”နို့ပေတဲ့၊ မောင်ရင်ဟာ ကိုယ့် မွေးဖခင် ကျေးဇူးရှင်ရဲ့ မွေးနေ့ကို မသိတာတော့ အဓိကအားနည်းချက် ပဲ”လို့ ကျွန်ုပ်က အပြစ်တင်လိုက်တဲ့ အခါ ဘိုးတော်မပြုံးတော့ဘူး။

”ကိုယ့်ဖခင်ရဲ့ မွေးနေ့ကို မသိ တာ ကျုပ်မှာ အပြစ်မရှိဘူးဗျ။ ကျုပ် က မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ ကောင်။ အဖေလည်း သိစရာမလို အမေလည်း သိစရာမလို၊ ဆွေမျိုး လည်း မရှိ။ (ကဲ) ဘယ့်ကလောက် ကောင်းတဲ့ ဘ၀အခွင့်အရေးတုန်း”

ကျွန်ုပ်တို့ စာရေးဆရာများမှာ မရှိမဖြစ်လိုအပ်တာကတော့ အတတ် ပါ (စာဖတ်၊ စာမှတ်၊ စာတတ်) အင်္ဂါ သုံးရပ်စလုံးနဲ့ ပြည့်စုံဖို့ပါ။ စာဖတ် နေရုံနဲ့ မပြီးဘူး။ ဖတ်ရှုတဲ့စာပေကို မှတ်သားနှလုံးသွင်းရဦးမယ်။ ဒါနဲ့ မပြီးသေးဘူး။ စာပေရဲ့ အတိမ်အ နက်ကို ထောက်ရှုဝေခွဲနိုင်တဲ့ ဉဏ် ပညာရှိမှ ‘စာတတ်’ဆိုတဲ့ အင်္ဂါနဲ့ ညီ ညွတ်မှာ။ (အင်း) အတတ်ကျူးပြီး ဘီ လူးဖြစ်တတ်လွန်းလို့ စာတတ်တွေ ငြင်းကြခုန်ကြတာ နားငြီးလှပါပြီဗျာ။ ဒါကိုတောင် စာတတ်ကြီးများက No antagonism, no progress ပဋိ ပက္ခမရှိရင် တိုးတက်မှုမရှိလို့ ခန့်ခန့် ကြီး မိန့်တော်မူတက်ကြသေးတာ။

ကျွန်ုပ်လည်း ငယ်စဉ်ကတော့ ”ကိုယ်ဘာဖြစ်လို့၊ ဘာဖြစ်နေမှန်း” မသိခဲ့ပါဘူး။ စာဖတ်တဲ့အရွယ်က တည်းက စာအုပ်တွေ မည်းမည်းမြင် ရာ လျှောက်ဖတ်တာ။ ရွှေဥဒေါင်း လည်း ဖတ်တာပဲ။ စုန်း၊ ကဝေသရဲ တစ္ဆေဆရာကြီး ‘မြစကြာ’ရဲ့ ၀တ္တု တွေလည်း ဖတ်တာပဲဗျ။ အမှန်တော့ ၁၀ နှစ်သား အရွယ်ကတည်းက ကျွန်ုပ်ဆီမှာ ‘စာပိုး’၀င်နေခဲ့တာ။ ပိုး မှ ရိုးရိုးပိုးမဟုတ်ချေဘူး။ ‘စာပေဗိုင်း ရပ်ကြီး’ခင်ဗျ။ အခုအသက် ၇၀ နား နီးတဲ့အထိ ကျွန်ုပ်ခံနေရတာကိုသာ ကြည့်။

အသက် ၁၂ နှစ်သားလောက် မှာ ကျွန်ုပ်ဟာ စာရေးဆရာ ‘မေမြို့ မောင်’ဆိုသူရေးတဲ့ ‘ဘဘမေတ္တာ’ဆို တဲ့ဝတ္တုစာအုပ်ပါးပါးကလေးတစ် အုပ်ကို ရင်တစ်ခုန်ခုန်နဲ့ ဖတ်နေသ ဗျ။
အဲသည်တုန်းမှာ မွေးသဖခင် ကျေးဇူးရှင်ကြီးရောက်လာပြီး ”ဘာ စာအုပ်တုန်းကွ”လို့ ပြောရာက ပြော ပြောဆိုဆို စာအုပ်ကို လုယူလိုက်ပါ တယ်။ စာအုပ်အဖုံးကို ကြည့်ပြီး

”ဟာ …ကိုယ့်မြေးအရွယ် ကောင်မကလေးကို အဘိုးကြီးက ဖက်ထားပါကလား”လို့ အဖေက ရေ ရွတ်တယ်။ ပြီးတော့ စာအုပ်ကို ဖွင့် တဲ့ပြီး ဟိုလှန်သည်လှောနဲ့ လျှောက် ဖတ်တယ်။ အဖေ့မျက်နှာကြီးနီလာ ပြီ။ ကျွန်ုပ်လည်း မပြေးရဲပါဘူး။ အဖေက ကျွန်ုပ်ထက် အပြေးသန် တာကိုး။

”ဒါ …ညစ်တီးညစ်ပတ် စာ အုပ်ကြီးပဲကွ။ ဒါမျိုးကို ဖတ်တဲ့ကောင် ကို ဆုံးမရမယ်ကွ ..လာလေရော့ ..”ကျွန်ုပ်ရဲ့ ဇက်ပိုးပူခနဲဖြစ်သွား ပါတယ်။ ၀မ်းနည်းကြေကွဲခဲ့ရတာက တော့ အဖေက စာအုပ်ကို ဆွဲဆုတ် လိုက်လို့ပါ။

ကျွန်ုပ်ဖခင်ကြီးရဲ့ အကြမ်းဖက် ၀ါဒ မအောင်မြင်ခဲ့ပါဘူး။ ‘စာပိုး’ က အောင်မြင်နေတာ ကနေ့အထိပါပဲ။ ကျွန်ုပ်ကလည်း အသက်ထက်ဆုံး ‘စာပိုး’ကို ကျွန်ုပ်ရဲ့ နှလုံးသည်းပွတ် ထဲမှာ ယုယုယယ သိမ်းဆည်းထားမှာ ပါခင်ဗျား။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*