ကျွန်ုပ်သာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်

ကျွန်ုပ်သာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်
May 14, 2019 Asian Fame
ကျွန်ုပ်သာ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်

ကြူးနှစ်ဆိုတဲ့ တောမရောက် တောင်မရောက် စာရေးဆရာဟာ ကံအားလျော်စွာနဲ့ပဲ စာပေလောက ထဲ ကျွမ်းထိုးလိမ့်ကျခဲ့ပြီး။ ရုပ်ရှင် လောကနဲ့ ဝေးခဲ့ရပါတယ်။ ရုပ်ရှင် လောကထဲ ရောက်ခဲ့ရင်တော့။ မွေး ရာပါမောင်ရုပ်ဆိုးမို့ မင်းသားမဖြစ် နိုင်ဘဲ။ ဇာတ်ရံ၊ ဇာတ်ပို့၊ ဇာတ်ဖြည့် extra တစ်ယောက်ပဲ ဖြစ်လာမလား။ မင်းသားရဲ့ အရက်ဝယ်၊ ကြက်ဖမ်း၊ ပန်းကန်ဆေး ခွေးရိုက်ပဲဖြစ်လာ မလား။ မင်းသမီးရဲ့ ထဘီသေတ္တာ ထမ်းရတဲ့ ကပ်ဖား ယပ်ဖား ‘ဂေဖား’ gaffer (ခေါ်) အလုပ်ကြမ်းအထမ်း သမားပဲ ဖြစ်လာလေမလားဆိုတာ ကတော့ ဘုရားရှင်သာ သိတော်မူ နိုင်ပါလိမ့်မယ်။

ရာဇဝင်ကို လှန်ရရင် ကြူးနှစ် က ရုပ်ရှင်ရပ်ကွက်တစ်ခုမှာ မွေးဖွား လူဖြစ်လာသူပါ။ ရန်ကုန်မြို့၊ ရွှေ တောင်ကြားရပ်ကွက်ရဲ့နောက်ကျော မှာ အစိုးရ ရုပ်ရှင်မြှင့်တင်ရေး လုပ် ငန်းကြီးရဲ့ ဧရာမစတူဒီယိုကြီးရှိပါ တယ်။ အဲသည်စတူဒီယိုကြီးနဲ့ကပ် လျက်မှာ ဟာမက်တစ် (အနောက် ခြမ်း)ဆိုတဲ့ လူနေရပ်ကွက်ကလေးရှိ ပါတယ်။ ရပ်ကွက်ထဲမှာ ရုပ်ရှင်မြှင့် တင်ရေးဌာနက ဝန်ထမ်းတွေ အများ ကြီးနေထိုင်ကြသလို ဒါရိုက်တာနေ ဒွန်းဆိုတဲ့ အညတရ ဒါရိုက်တာတစ် ယောက်လည်း နေထိုင်ပါတယ်။ ဒါ ရိုက်တာ နေဒွန်းဟာ အဖေ့မိတ်ဆွေ တစ်ယောက်လည်း ဖြစ်ပါတယ်။ ရပ် ကွက်ကလေးက သစ်ရိပ်ဝါးရိပ်စိမ်း စိမ်းစိုစိုနဲ့မို့ အေးချမ်းသာယာတဲ့ အပြင် အဝတ်အထည်ရောင်းချ အသက်မွေးကြတဲ့ (ယခုအခေါ်အလှ ဖန်တီးရှင်) မိန်းမလျောတစ်စုလည်း သူတို့ဘာသာ သဘာဝရိုးရိုးအေးအေး ပဲနေကြပါတယ်။ တစ်ချိန်မှာတော့ မိန်းမလျာအုပ်စုဟာ ပြည်တော်ချစ် မင်းသားရွှေဘနဲ့ ကာလသားတို့ အသည်းစွဲမင်းသမီး ‘မေရီမြ’တို့ ခေါင်းဆောင်ပါဝင်ကြတဲ့ (ယော က်ျားကောင်းပီပီ) ဆိုတဲ့ ရုပ်ရှင်ဇာတ် ကားကြီးမှာ အရေးပါတဲ့ ဇာတ်ရံ သရုပ်ဆောင်တွေ ဖြစ်လာခဲ့ကြပါ တယ်။ ကြူးနှစ်မှတ်မိတာကတော့ မျက်ခုံးကောင်းကောင်း ပိန်ပိန်ပါးပါး က ‘အကြူ’တဲ့။ ဝဝတုပ်တုပ်ဆံပင် ကောက်ကောက်နဲ့က ‘မော်လီ’တဲ့။

သူငယ်ချင်းတွေကို အဲသည် အကြောင်း အတိတ်ကိုလှန်ပြီး ဇာတ် ကြောင်းပြန်တော့ …
”ဘိုကြူးရာ …အဲသည်က တည်းက မင်း အခြောက်တွေနဲ့ ရင်း နှီးခဲ့ရင် မင်းစာရေးဆရာဖြစ်မလာဘဲ နာမည်ကြီးအလှဖန်တီးရှင် ဖြစ်ချင် ဖြစ်လာမှာ။ ဒါဆို ခုလို မမွဲတော့ဘဲ မင်းရွှေနဲ့ငွေနဲ့ တင်ပါးကြီးတစ်ကား ကားနဲ့ ဘောပြားဘောစိကြီးဖြစ်နေ မှာ”လို့တောင် ရယ်သရော မောသ ရော နောက်ကြ၊ ပြောင်ကြသေးဗျာ။

(အော်) လူဆိုတာ ကံတရားပစ် ချရာအတိုင်း သက်ရှင်လှုပ်ရှားကြရာ တစ်နေ့ကြ၊ (ပြီးတော့) သေကြရတာ ပေကိုး။ ကြူးနှစ်ဟာ ရုပ်ရှင်သရုပ် ဆောင်လည်း မဖြစ်ခဲ့ရပါဘူး။ မိန်းမ လျာဘဝလည်း မရောက်ခဲ့ရပါဘူး။
မွေးရပ်မြေ ဟာမက်တစ်ကို သတိရတဲ့အထဲမှာ အတာကူးတဲ့ သင်္ကြန်ကာလအကြောင်းတွေလည်း ပါသဗျ။ အခု ဗဟန်းမြို့နယ် ထွေ/ အုပ်ရုံးရှိတဲ့နေရာဟာ သင်္ကြန်တွင်း ရေပက်မဏ္ဍပ်ရှိတဲ့ နေရာပဲ။ ရေက လည်း ပေါသလား မမေးနဲ့။ စည်ပင် (မြူနီစပယ်ရေပိုက်ကြီး)ကို တစ်နေ့ ကုန်ဖွင့်ပေးထားတာကလား။

ညဘက်ဆိုရင် အက၊ အလှ၊ သဘာဝနဲ့ သံချပ်ထိုးကြတဲ့ အင်မ တန်လှပခန့်ညားတဲ့ကားကြီးတွေ မဏ္ဍပ်ရှေ့မှာ လာရပ်ကြပြီး လာကြ ဆိုကြ၊ သံချပ်ထိုးကြသဗျ။ ‘ရွှေညာ သား’ဆိုတဲ့အဖွဲ့က ထိုးတဲ့ သံချပ်တစ် ပိုဒ်ကို ခုထက်ထိ ကြူးနှစ်မမေ့သေး ပါဘူး။ ဘာတဲ့ …ဗျာ။ အမယ် ဘုတ်ကဲ့၊ သူ့ ချည်ခင်။ ရုပ်ရှင်နယ် တစ်ခွင်ရှုပ်လှချေလား …။ အဲသ ဟာ လွန်ခဲ့သော နှစ် (၆ဝ) ကျော် က သံချပ်နော် ခုထိ မှန်တုန်းပါက လား။ ဒါကြောင့်လည်း တချို့ဆရာ တွေက ”ရုပ်ရှင်ဆိုတာ ရင်ရှုပ်တဲ့ အလုပ်”လို့ ရွဲ့တဲ့တဲ့စောင်းတောင်း တောင်းပြောကြတာ။

ကျွဲခြေရာခွက်လောက်ပဲ ကျယ် ပြီး၊ ဝါးလုံးခေါင်းထဲ လသာနေတဲ့ မြန်မာရုပ်ရှင်လောကမှာလည်း ‘အ မယ်ဘုတ်ကဲ့ သူ့ချည်ခင်’ဖြစ်နေတယ် ဆိုတာ ဘာမျှမဆန်းဘူး။ ရုပ်ရှင် လောကသားတွေဟာ နတ်ပြည်က စု တေလာကြသူတွေမှ မဟုတ်တာဗျာ။ သူတို့လည်း ပုထုဇဉ်တွေ မဟုတ် လား။ ဘာပြောစရာလိုလဲဗျာ။

သွားလေသူ ‘အရိုင်းဇာတ် ကောင်ရဲ့ ဖခင်’ ကာတွန်းဆရာကြီး ‘သော်က’က ပြောဖူးတယ်။ သူလည်း ငယ်ငယ်က ရုပ်ရှင်နယ်ထဲမှာ တောက်တိုမယ်ရ၊ အလုပ်နဲ့ ကျင် လည်ခဲ့ဖူးသကိုး။

”ကြူးနှစ်ရာ …နာမည်ကြီး မင်းသား မင်းသမီးဆိုတာ ရုပ်ရှင်ထဲ မှသာ စံပြလူကောင်းသူကောင်းဖြစ် ချင်ဖြစ်နေမှာ။ အပြင်လောကမှာ တော့ လူထဲက လူပါပဲ။ မင်းသား …နဲ့ မင်းသမီး …တို့ဆိုရင် နယ်ထွက်ကြတဲ့အခါ ဘာညာသာရ ကာတွေပေါ့”လို့ ဆရာသော်က ဖောက်သည်ချတာကို မှတ်သားဖူးပါ တယ်။

မြန်မာဗွီဒီယိုခေတ်ဦးပိုင်းတုန်း ကလည်း နာမည်ကျော်မင်းသားကြီး ကိုယ်တိုင်ထုတ်လုပ်သရုပ်ဆောင်တဲ့ ဗွီဒီယိုကားကို ပျဉ်းမနားဘက် နယ် ထွက်ရိုက်ကူးကြသတဲ့။ ဒါရိုက်တာ လူငယ်နဲ့ နာမည်ကျော် မင်းသမီးကြီး အနေအထိုင် နီးစပ်လွန်းတာကို မနာ လိုတိုရှည်ဖြစ်တဲ့ ထုတ်လုပ်သူ မင်း သားကြီးက ‘ပညာပေး’သတဲ့။ ပညာ ပေးပုံကတော့ သူကိုယ်တိုင် ‘တည်း ဖြတ်’တဲ့အခါမှာ မင်းသမီးကြီးရဲ့ အကောင်းဆုံး သရုပ်ဆောင်ကွက် တွေကို ‘ဖြတ်’ ပစ်ခဲ့တာပါပဲတဲ့။ (ဤ သတင်းအချက်ကို ထုတ်ဖော်ပြောပြ သူကို ကြူးနှစ်က ရေးမထားသော ဥပဒေ၊ စည်းမျဉ်းအရ ယနေ့အထိ တင်းကျပ်စွာ လျှို့ဝှက်ထားပါသည်) သဟာကြောင့်လည်း ရုပ်ရှင်ကို ရင် ရှုပ်လို့ ခေါ်ကြတာ ဖြစ်မယ်ထင်ပါရဲ့ ဗျာ။

ကြူးနှစ်က ‘မအေကျော် ဒွေး ဒေါ်လွမ်းသူ’ဖြစ်ပါတယ်။ ‘မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်သူ’ လည်း မဟုတ်ရပါဘူး။ ဒါကြောင့် ကိုယ်အကြိုက်ဆုံး ရုပ်ရှင်သရုပ် ဆောင်ကို ရွေးပါဆိုရင် အမေရိကန် မင်းသားကြီး ‘မာလွန်ဘရန်ဒို’ Marlon Brando ကို ရွေးပါတယ်။ အကြိုက်ဆုံးမင်းသမီးကို ရွေးဆိုရင် မင်းသမီး ‘ဂျိန်းဖောင်ဒါ’Jane Fonda ကို ရွေးပါတယ်။ အကြိုက် ဆုံးဒါရိုက်တာကို ရွေးပြပါဆိုရင်၊ အမေရိကန်ဒါရိုက်တာ ‘ပိုလန်စကီး’ Roman Polanski ကို ရွေးပါတယ်။ ဘာပြောပြောလေ ရှမ်းကြိုက်ရင် နွားချောတာပဲ။ ကိုယ်တင်ရင် ခုတင် ရွှေနန်းပဲ။ လောကမှာ အမှန်တရား က လူကြိုက်နည်းပါတယ်။ ကိုယ့် သည်းခြေခိုက် ကိုယ်ကြိုက်တာပဲ အမှန်တရား ဖြစ်ပါတယ်။
တောသား၊ လယ်သမား၊ ဘုန်း ကြီးကျောင်းထွက် အစ်ကိုဝမ်းကွဲတစ် ယောက်ရှိတယ်။ ကြူးနှစ်အိမ်လာ လည်ရင်း

မြသန်းတင့်ဘာသာပြန် ထားတဲ့ ‘စစ်နှင့် ငြိမ်းချမ်းရေး’ စာ အုပ်ထူကြီး ၂ အုပ်ကိုတွေ့တော့ ..

”ဟ၊ စာအုပ်ကြီးတွေက အထူ ကြီးတွေပါကလား။ မင်း အဲဒါတွေ ဖတ်ပြီးပြီလား”လို့ မေးတယ်။

”အင်း နှစ်ခေါက်တောင်ဖတ်ပြီး ပြီ”လို့ ကြူးနှစ်က ဖြေတော့ အစ်ကို ဝမ်းကွဲက နှာခေါင်းရှုံ့တယ်။

”ဒါကြီးတွေ ဖတ်ပြီး မင်းအလုံး အရပ်တိုးလာသလား၊ အလကားဟာ တွေပါကွာ။ ခေါင်းအုံးအိပ်ဖို့လောက် ပဲ ကောင်းပါတယ်”

ကြူးနှစ်ဝမ်းနည်းလွန်းလို့ လဲ သာသေလိုက်ချင်တော့တယ်။ စာပေ အနုပညာနဲ့ပတ်သက်ရင် သည်တိုင်း ပြည်မှာ ‘ကျွဲပါးစောင်းတီး’တွေက အများသားကလားဗျာ။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*