Heineken Beer
Heineken Beer

ရွေးချယ်ခွင့် မရှိသေးပေမယ့် အခွင့်အရေးတိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုတဲ့ သရုပ်ဆောင် ရတနာဗို

ရွေးချယ်ခွင့် မရှိသေးပေမယ့် အခွင့်အရေးတိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ် ဆိုတဲ့ သရုပ်ဆောင် ရတနာဗို
April 3, 2019 Asian Fame

ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေနဲ့အတူ အနုပညာလမ်းကြောင်းပေါ် ကြိုးစားပြီး လျှောက်လှမ်းနေသူကတော့ သရုပ်ဆောင် ရတနာဗိုပါ။ အနုပညာပျိုးခင်း မင်းသားငါးလက်ရဲ့ စင်တင်ရွေးချယ်မှုနဲ့အတူ အနုပညာလောကမှာ နေရာတစ်ခုရရှိ ထားသလို ရုပ်ရှင်ကားတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေပါတယ်။ အနုပညာနဲ့ပတ်သက်ရင်ရလာတဲ့ အခွင့်အရေးတိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်ဆိုတဲ့ သရုပ်ဆောင်ရတနာဗိုက ..

“ညီမရုပ်ရှင်ကားကြီးအနေနဲ့ကတော့ သွက်သွက်လက်လက်ကလေးရိုက်ဖို့တော့ ရှိပါတယ်။ ဒရာမာတွေကတော့ ဗီဒီယိုကားတွေလောက်ပဲ ရိုက်ဖြစ်ပါတယ်။ ညီမ ကြိုးစားနေဆဲဖြစ်တဲ့အတွက် ကိုယ့်ကိုပေးလာတဲ့ ကာရိုက်တာကို ကိုယ် ဘယ်လောက်လုပ်နိုင်လဲ ကိုယ်ဘယ် လောက်ကြိုးစားလဲ ကိုယ်တိုင်က ပရိ သတ်ကိုဘယ်လောက်ထိ လုပ်ပြလို့ရ မလဲဆိုတာ စဉ်းစားရတာပေါ့နော်။ ညီမအနေနဲ့ ရွေးချယ်ပိုင်ခွင့်တွေ၊ စီစစ်ပိုင်ခွင့်တွေမရှိသေးဘူး။ အဲ့ဒါကြောင့် ကိုယ့်ဆီရောက်တဲ့ ကာရိုက်တာကိုအဲ အကောင်းဆုံးကြိုးစားရတဲ့အနေအထားပါ။ ခေတ်ကာလကလည်း လူကြီး တွေပြောသလို မကောင်းဘူးဆိုတော့လည်း ကိုယ်လုပ်ပိုင်ခွင့်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ ကိုယ်တိုင်တော့ကိုယ်ရိုက်ချင်တဲ့ကာရိုက်တာတွေ ကိုယ်ရိုက်ချင်တဲ့ဇာတ်တွေတော့ရှိပေမယ့်လည်း အခွင့်အရေး မရသေးဘူးပေါ့နော်။ အဲ့လို့အခွင့်အရေးတွေရဖို့ အတွက်လည်း ညီမအများကြီးကြိုးစားနေပါတယ်”လို့ ပြောပြခဲ့ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုတွေအတွက် ပရိသတ်တွေရဲ့ Feedback ဘယ်လို ပြန်ကြားရလဲလို့ ဆက်လက်မေးမြန်းခဲ့ရာ …

“ညီမရိုက်ခဲ့တဲ့ တချို့ဇာတ်ကားတွေမှာ လုပ်ခွင့်မရှိတာ လုပ်ကွက်မရတာလေးတွေရှိတယ်။ ပြီးတော့ အိုက်တင် တွေ ပိုလုပ်လို့မရတဲ့ ကာရိုက်တာလေးတွေ ရိုက်ရတာလေးတွေလည်း ရှိတယ်။ အဲလိုဆိုရင်တော့ အဲဒီကားထဲမှာ ရတနာဗိုပါတယ်ဆို တာလောက်ပဲ ပရိသတ်သိတာပေါ့။ ဥပမာ CO2 လို့ကာမျိုး လုပ်ကွက်ရတဲ့ ကားမျိုးဆိုရင်တော့ ဒီကားမှာ ရတနာဗိုသနားဖို့ကောင်းတယ်၊ ကြိုးစားထားတယ်ဆိုတဲ့ အသံတွေကြားရတော့ အရမ်းပျော်တယ်။ အရမ်းလည်း ပီတိဖြစ်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်၊

ဓာတ်ပုံ – အောင်နိုင်စိုး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*