သွားပေတော့ရဲဘော်ကဗျာလူ

သွားပေတော့ရဲဘော်ကဗျာလူ
April 3, 2019 Asian Fame
သွားပေတော့ရဲဘော်ကဗျာလူ

“ရဲဘော်ကဗျာလူ”ဆိုတာ ဘယ် သူ့ကို တင်စားရည်ညွှန်းတာ လဲလို့ သိချင်သူတွေ ရှိကြမှာပါပဲ။ တခြားလူ ဟုတ်ပါရိုးလား …။ တစ်လောက အသက် ၇၈ နှစ်အရွယ် မှာ ၉၆ ပါးသော ရောဂါဝေဒနာနဲ့ ဘဝတစ်ပါးသို့ တိမ်းပါးကွယ်လွန် ရှာခဲ့တဲ့ ကဗျာဆရာ “ညွန့်သစ်”ကို ရည်ညွှန်းတာပါ။

စာရေးသူက ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ပေမယ့် “ရဲဘော်”လို့ သုံးနှုန်း ခေါ်ဝေါ်ခဲ့ပါတယ်။”ရဲဘော်” ဆိုတာက “ရဲရင့်တဲ့ အဖော်ရောင်း ရင်း” ကို အဖျားဆွတ်ပြီး “ရဲဖော်”လို့ ခေါ်ကြရာက “ရဲဘော်” ဖြစ်သွားပုံ ရပါတယ်။ အထူးသဖြင့် ကွန်မြူနစ် အသိုင်းအဝိုင်းအတွင်းမှာ ကြီးကြီး ငယ်ငယ်ရဲဘော်လို့ပဲ သုံးစွဲကြတယ်။ ဥပမာ …ရဲဘော်မော်စီတုံး၊ ရဲ ဘော်စတာလင် အစရှိသဖြင့်ပေါ့ဗျာ။ မြန်မာနိုင်ငံ ကွန်မြူနစ်တွေထဲမှာ တော့ လူနာမည် ဖိုးခွေးကို ရဲဘော် ဖိုးခွေး၊ လူနာမည် ဖက်တီးကို ရဲဘော်ဖက်တီးလို့ ခေါ်ခဲ့ကြတာ ရှိ ချင်ရှိခဲ့မှာပါ။ စာရေးသူက တပ် မတော်ထဲမှာ ခေတ္တတာဝန်ထမ်း ဆောင်ခဲ့တော့၊ တပ်မတော်အသိုင်း အဝိုင်းမှာ ရဲဘော်အသုံးအနှုန်းမတွင် ကျယ်ဘူးဆိုတာ သတိထားမိတယ်။ ရဲဘော်ဆိုတာ အောက်ဆုံးအဆင့် တပ်သားကို ခေါ်ရတာဖြစ်ပေမယ့် (ဥပမာ)မောင်ကြူးဆိုတဲ့ တပ်သား သစ်ကလေးကို ရဲဘော်မောင်ကြူးလို့ မခေါ်ဘဲ။ မောင်ကြူးလို့သာ ခေါ် တတ်ကြပါတယ်။ တစ်ခါတစ်လေ တော့ ရာထူးကြီးသူက တပ်သားကို “ရဲဘော်”လို့ ခေါ်ပြီး အမိန့်ပေးတတ် ပါတယ်။

သွားလေသူ ကဗျာဆရာ ညွန့် သစ်ကတော့ ရဲဘော်ဝေါဟာရကို တတိယနာမ်စားအဖြစ် သုံးလေ့ရှိပါ တယ်။ ဥပမာ …”အင်းစိန်က ရဲ ဘော်တွေနဲ့ ချိန်းထားတယ်။ ပန်းချီ ယဉ်မင်းပိုက်တို့၊ စိုးမြင့်လတ်တို့၊ နီဟိန်းတို့ပေါ့”လို့ သုံးတာမျိုး။ “ဒီက နေ့ တိုက်ကြီးက ရဲဘော်တွေဆီ သွား စရာရှိတယ်”ဆိုတာမျိုးကို ကဗျာ ဆရာညွန့်သစ်က ပြောလေ့ပြောထ ရှိတယ်။ ဒါပေမဲ့ ညွန့်သစ်ပါးစပ်က ကွန်မြူနစ်ဝါဒ အကြောင်းပြောတာဆို တာမျိုး တစ်ခါမှ မကြားခဲ့ဖူးပါဘူး။

လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်း က ရွှေပြည်သာမြို့သစ်က လက်ဖက် ရည်ဆိုင်တစ်ဆိုင်မှာ ညွန့်သစ်က စာ ရေးသူကို အသက် ၆ဝ တစ်ဝိုက်၊ မျက်နှာစိမ်းသုံးယောက်နဲ့ မိတ်ဖွဲ့ပေး ပါတယ်။ “သူတို့က ရွှေပြည်သာက ရဲဘော်တွေပေါ့”တဲ့။ စာရေးသူကို တော့ သူက “ဒါက စာရေးဆရာကြူး နှစ်”လို့ပဲ မိတ်ဆက်ပေးပါတယ်။ တကယ်လို့ သူက “ဟောဒါ ရဲဘော် ကြူးနှစ်ပဲ”လို့သာ မိတ်ဆက်ပေးရင် စာရေးသူက အတင်းလက်ကာပြီး

“မဟုတ်ဘူး။ ကျွန်တော် ရဲ ဘော်မဟုတ်ဘူး။ အရပ်သားပါ”လို့ ကန့်ကွက်မိမှာ အမှန်ပဲ။ ရဲဘော်ဆို တာ လက်ဝဲဝါဒီတွေရဲ့ Comrade အင်္ဂလိပ်ဝေါဟာရကို မြန်မာလို ဖလှယ်ထားတာပါ။ နောက်တီး နောက်တောက်စာရေးဆရာအချို့က မိတ်ဆွေလက်ဝဲဝါဒီတွေကို “ကလိ” ချင်တော့ “ကွမ်းမရိတ်”လို့ အသံ လှယ်ခေါ်ဝေါ်ကြတယ်။ ဘယ်လိုမ ဆို၊ ရဲဘော်ဆိုတာ သူငယ်ချင်းတို့၊ ယောက်ဖတို့လို ရင်းနှီးကျွမ်းဝင်တဲ့ အငွေ့အသက်တော့ပါသား။

ညွန့်သစ်ဟာ စည်ပင်သာယာ ဌာနက လုပ်သက်ရင့်ဝန်ထမ်းဖြစ်ပေ မယ့် “စားရဝါးရ”တဲ့ “ခွင်”မရှာခဲ့ပါ ဘူး။ အငြိမ်းစားယူတော့ ရွှေပြည်သာ မြို့သစ်မှာ မြေတစ်ကွက်ရပြီး သွပ်မိုး ပျဉ်တောင်အိမ်ကလေးတစ်လုံး ဆောက်နိုင်ခဲ့တယ်။ ဒါပါပဲ။ ဇနီးက လည်း ရိုးမှ ရိုးအေးမှအေး။ ညွန့်သစ် သွားရာနောက်လိုက်၊ ညွန့်သစ်ဘေး မှာထိုင်ပြီး ပြုံးနေတာပဲ။ နားမှာ နား ကပ်ကလေးတောင် မရှိရှာပါဘူး။ ပစ္စည်းမဲ့ကဗျာဆရာရဲ့ ဇနီး ပီသပါ ပေရဲ့ဗျာ။

သားချည်းသုံးယောက်မွေးထား ပေမယ့် သူရဲကောင်းသုံးယောက်ဖြစ် မလာကြဘဲ။ တစ်ယောက်သာ အလုပ်နဲ့အကိုင်နဲ့ မိသားစုကို ဝန်းရံ ပါတယ်။ ညွန့်သစ်က သားတွေကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေး ထားသလိုပါပဲ။ သူကိုယ်တိုင်လည်း ကဗျာဆရာဘဝကို ရွေးချယ်ထားပေ သကိုး။ ညွန့်သစ်မှာ ငွေသာမရှိတာ။ ကဗျာလင်္ကာတွေ တစ်ပွေ့တစ်တမ်း ကြီးသာရှိမနေတာ။ သူ့မှာ “ရိုးဂုဏ်” တော့ အပြည့်ရှိသဗျ။

သွားလေသူ ကျူရှင်ဆရာ လူ ထွက်။ စာရေးဆရာဘီလျံနာ “မင်း သစ်”က ညွန့်သစ်ရဲ့ “ရိုးဂုဏ်”ကို သဘောကျပုံရတယ်။ မင်းသစ်ကွယ် လွန်ကာနီး နှစ်တွေမှာ နွမ်းပါးလှတဲ့ ညွန့်သစ်ကို တတ်နိုင်သလောက် “ကြည့်”ခဲ့ပုံပါပဲ။ ဘီလျံနာမင်းသစ်က လည်း ပစ္စည်းမဲ့လိုနေတာ။ အပေါ စားချည်ထည်ရှပ်လက်တိုကလေး ဝတ်။ အလတ်စားချည်ချောပုဆိုးက လေးဝတ်ပြီး နေတာ။ လက်ပတ်နာရီ တောင် မပတ်ဘူး။ မြန်မာပြည်မှာ တော့ “အင်းယားလိတ်ဟိုတယ်”မှာ အကြွေးသောက်စားရဲတာ မင်းသစ်ပဲ ရှိတယ်လို့ ပြောကြပါရဲ့ဗျား။
အဲသည် ညွန့်သစ်နဲ့ မင်းသစ် (သစ်နှစ်သစ်)က အသက်ချင်းမတိမ်း မယိမ်းပဲ။ စာရေးသူက “ကိုညွန့် သစ်”။ “ကိုမင်းသစ်”လို့ပဲ ခေါ်ခဲ့ပါ တယ်။ တစ်မျိုးစီ ခင်မင်စရာကောင်း ကြတဲ့ စာပေအစ်ကိုကြီးတွေပါ။ မင်း သစ်က စားသောက်ဆိုင်မှာ ကြူးနှစ် ကိုတွေ့တာနဲ့ ပျာပျာသလဲ ခုံဆွဲပေး မတက် …”လား ကြူးနှစ်လာကွာ၊ ထိုင် …ကြိုက်ရာမှာကွ”လို့ လှိုက်လှိုက် လှဲလှဲ ဧည့်ဝတ်ပြုတတ်တယ်။ အဲ သည်တုန်းကဆိုရင် ကြူးနှစ်တို့. .. ခွေး၊ ဘုရားပွဲတွေ့သလိုပဗျာ။

ညွန့်သစ်ကို စာရေးသူသဘော ကျတဲ့အချက်တစ်ချက်ကတော့ သူ ဟာ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ အမှိုက်ခြင်းထဲရောက်တော့မယ့် လက်ရေးမူတွေကို တွေ့ပြီဆိုတာနဲ့။ တခုတ်တရ သေချာသိမ်းဆည်းတော့ တာပဲ။ စာရေးသူရဲ့ နှစ် ၂ဝ နီးပါး ကြာ၊ စာတိုကလေးတစ်စောင်ကို သူ က ဂရုတစိုက်သိမ်းထားပြီး စာရေး သူမေ့လောက်တဲ့အချိန်ကျမှ သူက ထုတ်ပေးတယ်။
အဲသည်စာတိုကလေးသာ ရည် ရွယ်တဲ့ဆီရောက်ရင် စာရေးသူဟာ ရည်ရွယ်တဲ့ စာရေးဆရာနဲ့ လက်ဝှေ့ ပွဲ ဆင်နွှဲရမှာသေချာတယ်။ ညွန့်သစ် က ကြားဖြတ်သိမ်းဆည်းထားခဲ့ပေ လို့။ အဲ့သည်စာရေးဆရာနဲ့ နောင် ချိန်မချခဲ့ရတာ။ အဲသည်စာရေးဆရာ နဲ့ အခုနောက်ပိုင်းမှာ စာရေးသူတို့ ခင်ခင်မင်မင်ပါပဲဗျာ။

၂ဝဝ၆/၇ လောက်မှာ စာရေး သူစိတ်ဂနာ မငြိမ်ဖြစ်ရာက “ကိုညွန့် သစ်တို့ အိမ်မရောက်ဖူးသေးဘူး။ သွားဦးမှ”ဆိုပြီး ရွှေပြည်သာဘက် ထွက်ခဲ့တယ်။

ညွန့်သစ်ကို “ကဗျာလူ”လို့ ညွှန်းလိုက်ရတာက သူဟာ စာပေ သမားဝါကြီးဝါငယ်မရွေးဘဲ။ နှစ်နှစ် ကာကာ ခင်မင်တတ်လို့ပါ။ အဲသည် တော့ စာရေးသူလည်း ကဗျာလူရဲ့ အိမ်ကိုသွားရတာ အားတက်ရွှင်လန်း နေတယ်။ သူကလည်း တစ်ခါမှမလာ စဖူး၊ အလာထူးတဲ့ ကြူးနှစ်ကိုတွေ့ ရင် လွှတ်ပျော်ပြီး ယမကာဝိုင်း ဖန် တီးပေးမှာ သေချာတယ်လို့ စာရေး သူ မျှော်လင့်တယ်။
ဟော …ညွန့်သစ်အိမ်ကို မွန်းတည့်ချိန်လောက် ရောက်ပါပြီ။ ညွန့်သစ်ရဲ့ သားငယ်တစ်ယောက်ပဲ ရှိပါတယ်။ “အဖေတို့ အမေတို့ ညမိုး ချုပ်မှ ပြန်ရောက်ကြမှာ”လို့ ပြောပါ တယ်။ (ဟိုက် …ဒုက္ခ)ကိုယ့်မှာ ပိုက်ဆံတစ်ပြားမှမရှိ။ ကောင်ကလေး မှာလည်း ကျွေးဆရာ မွေးစရာစီစဉ် နိုင်စွမ်းရှိပုံမပေါ်။ အနီးအနားမှာ အသိမိတ်ဆွေလည်း မရှိ။ သည်တော့ ကြူးနှစ်လည်း ရေသောက်ဗိုက် မှောက်ပြီး အိပ်လိုက်ရတာပ။

ညွန့်သစ်တို့ မောင်နှံက ည ၇ နာရီလောက်မှ ပြန်ရောက်လာကြရဲ့။ သူတို့ကတော့ စားပြီးသောက်ပြီးကြ ပြီတဲ့။ ကြူးနှစ်အတွက် ရှိတာနဲ့ပဲ ည စာတည်ခင်းပေါ့။ ဘယာကြော်နှစ် လုံး၊ ငြုတ်ဆီအချဉ်ရည်နဲ့ ထမင်း ကြမ်း။ ဆာဆာနဲ့ လွေးရတော့ အကောင်းဆုံး ညစာတစ်နပ်ပေပဲ။ ပစ္စည်းမဲ့ကဗျာ လူရဲ့ စေတနာကို အသိအမှတ်ပြုရမှာပေါ့။

“သည်းခံလိုက်ဦး ကြူးနှစ်၊ မနက်ကျတော့ အဝကြိုတ်ရမယ်”လို့ ညွန့်သစ်က အားပေးပါတယ်။ မှန်ပါ တယ်။ နောက်နေ့မနက်မှာ ကြူးနှစ် ဗိုက်ကားသွားပါတယ်။ အိတ်ကပ် လည်း ငွေ ၇ဝဝဝ လောက်နဲ့ ဖောင်း ကားသွားပါတယ်။ ကဗျာလူ မောင် စိုးညွန့် (ခေါ်) ညွန့်သစ်ရဲ့ ရွှေပြည် သာရဲဘော်များက ဝိုင်းဝန်းကယ်တင် စောင့်ရှောက်လိုက်ခြင်းပါ။ ။

(ကွယ်လွန်သူ ကဗျာလူ ညွန့် သစ် …သို့)

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*