ဆရာကိုငြိမ်းအတွက်ဝမ်းနည်းစကားများ

ဆရာကိုငြိမ်းအတွက်ဝမ်းနည်းစကားများ
April 3, 2019 Asian Fame

စာရေးဆရာ၊ ကဗျာဆရာ ကိုငြိမ်း(မန္တလေး) သည် မတ်လ ၂၆ ရက်နေ့က မန္တလေးမြို့ အောင်ပင် လယ်ရပ် နေအိမ်တွင် ကွယ်လွန်ခဲ့ပါ သည်။ ဆရာကိုငြိမ်း(မန္တလေး)အတွက် မန္တလေးမှ မိတ်ဆွေများရဲ့ အမှတ် တရစာများကို စုစည်းဖော်ပြပေးလိုက် ရပါသည်။

သိုက်ထွန်းသက်

နှစ်ပေါင်းများစွာ စာအတူ ရေး လာခဲ့တဲ့ အစ်ကိုကြီးတစ်ယောက် အခုလို ခွဲခွာသွားတော့ ဝမ်းလည်း နည်းတယ်။ တုန်လည်းတုန်လှုပ်သွား တယ်။ တို့ဆရာတွေ တော်တော်များ များမရှိတော့ဘူး။ တို့နဲ့ ရေးဖော်တွေ တစ်ယောက်ပြီး တစ်ယောက်လျော့ ကုန်ကြတယ်။ ဆရာငြိမ်းက ကိုယ်ပိုင် ရေးဟန်ရှိတဲ့ ကဗျာဆရာဆိုလည်း ဟုတ်တယ်။ ဝတ္တုရေးဆရာဆိုလည်း ဟုတ်တယ်။ ကိုယ်ပိုင်ရေးဟန်ရှိတဲ့ ရသစာပေသမားတစ်ယောက်ဆုံးရှုံးသွားတာဟာ ဝမ်းနည်းစရာကောင်း တယ်။ သူရေးတဲ့ စကားလုံးဝါကျတွေ က သူကစားချင်သလိုကစားပေမယ့် အပြင်ဖက်မှာ ရိုးရိုးသားသားပွင့်ပွင့် လင်းလင်းနဲ့ ဟန်ဆောင်ခြင်းကင်းတဲ့ မိတ်ဆွေတစ်ယောက်ပါ။

မဝင့်(မြစ်ငယ်)

ဦးငြိမ်းနဲ့ပတ်သက်ပြီး ကိုယ် ခံစားမိတာပြောမယ်ဆိုရင် မနက် တုန်းကလည်း မနီတာနဲ့ ပြောခဲ့ပါ သေးတယ်။ လူကြားသူကြားမှာ ငါကို ဆဲတာဆိုလို့ ဦးငြိမ်းကြီး တစ်ယောက် ပဲ ရှိတာပါဟာ။ ငါရဲ့ ရှားရှားပါးပါး လေးပါ။ တို့ရှေးလူတွေက မောင်နှမ ဆိုတာ အဲလိုချစ်ကြတာကွယ်။ ဆဲရ လူကလည်း ကျေကျေနပ်နပ်ချစ်လို့ ဆဲတာကွယ်။ ခံရတဲ့လူကလည်း ချစ် လို့ခံတာ။ အဲတာလေးပါ။

မောင်ကြည်သာ (တောင်တွင်း)

ဆရာမ မြနွယ်ရဲ့ စာအုပ်မိတ် ဆက်ပွဲ (၃.၃.၂ဝ၁၉) မှာ နောက် ဆုံးတွေ့ခဲ့ရတာဖြစ်ပြီး ရင်းရင်းနှီးနှီး စကားပြောဖြစ်ခဲ့ရပါတယ်။ ဝတ္တု၊ ကဗျာ၊ အက်ဆေးမှာ အရေကောင်း တဲ့ ပေါ်ပြူလာဂျာနယ်မှာလည်း ပင် တိုင်ရေးနေတဲ့ ဆရာငြိမ်းကွယ်လွန်တဲ့ အတွက် များစွာဝမ်းနည်းရပါတယ်။ စာပေလောကအတွက် ဆုံးရှုံးမှု တစ် ရပ်လည်း ဖြစ်ပါတယ်။

နေမျိုး

တမူးမြို့ အမေနေ့ စာပေဟော ပြောပွဲကို အတူသွားခဲ့ကြဖူးတယ်။ ကိုငြိမ်းပြောခဲ့တာတွေ ကိုငြိမ်း ဟော ခဲ့တာတွေ ကိုငြိမ်းပျော်ရွှင်ခဲ့တာတွေ ကို အခုထက်ထိမှတ်မိနေဆဲပါ။ တစ် ခရီးထဲ အတူသွားခဲ့သူတွေ သွားနှင့် ပေအုံး ကိုငြိမ်းရေ … ကျွန်တော် လိုက်ခဲ့မယ်။

စိုးဘားဒိုင်

၂ဝဝဝ ပြည့်နှစ်ရဲ့ ဒီဘက်ပိုင်း တွေမှာ ဆရာငြိမ်းနဲ့ပိုပြီးနီးနီးကပ်ကပ် ရှိလာခဲ့တယ်။ ထန်းရိပ်ညိုမှာ မကြာ ခဏတွေ့တယ်။ စာပေဟောပြောပွဲ တွေလည်း တွဲသွားဖြစ်လာတာများ တယ်။ ဆရာငြိမ်းရဲ့ အိမ်ကိုလည်း မကြာခဏရောက်တယ်။ ညီတစ် ယောက်လို သဘောထားဆက်ဆံခံရ တယ်။ စာပေနဲ့ပတ်သက်လို့ကတော့ တစ်ယောက်ကို တစ်ယောက်ထူးထူး ထွေထွေ အပြောအကူသိတ်မရှိဘူး။ စီနီယာ၊ ဂျူနီယာခွဲပြီးလည်း မဆက် ဆံဘူး။ မရီရီစိုးနဲ့ရပြီးတဲ့ နောက်ပိုင်း မရီစိုးကို ကျွန်တော်ကလည်း အစ်မ တစ်ယောက်လိုချစ်တယ်။ အစ်မက လည်း ကျွန်တော့်ကိုမောင်လေးတစ်ယောက်လိုသဘောထားတယ်။ အဲဒီ တော့ ဆရာငြိမ်းတို့ ဇနီးမောင်နှံနဲ့ ကျွန်တော်က မိတ်ဆွေရင်းချာဆို တာထက်ကို ပိုတဲ့မိသားစုပုံစံ ချစ်ခင် ခဲ့ကြတယ်။ စာပေနဲ့ပတ်သက်လို့က တော့ ဆရာငြိမ်းရဲ့ကဗျာတွေကိုရော၊ ဝတ္တုတိုတွေကိုပါ ကြိုက်တယ်။သူ့ အနုပညာကို လေးစားတယ်။ ဆရာ ငြိမ်းက သူ့ကိုယ်သူကဗျာဆရာအဖြစ် သဘောထားပြီး ကဗျာနဲ့နေထိုင် တယ်။ ဝတ္တုတို့ကိုကျတော့ မတော် တဆရေးမိတာကနေ ဝတ္တုတိုတွေ အများကြီးရေးဖြစ်သွားတာလို့ပြောတတ်တယ်။ ဒါပေမဲ့ ဘယ်အနုပညာ လက်ရာကိုမဆို တန်ဖိုးထား ဖန်တီး တတ်တဲ့ သူ့ပင်ကိုအလေးအနက်ရှိမှု တွေကြောင့် သူ့လက်ရာတွေဟာပရိသတ်အများအပြားရဲ့ လေးစားတန်ဖိုး ထားမှုကို ထိုက်ထိုက်တန်တန်ရတယ် လို့ ဆိုရမယ်။

သျှိုင်းရဲဝင့်

ထွက်သွားပြီ ဆိုကတည်းက နောက်လှည့်ကြည့်ပုံ မပေါ်တဲ့စက် ဘီး မန္တလေး ကိုငြိမ်း မန္တလေးကို ကျန်ရစ်သူ နေရီရီက “သူ့ကို ကျွန် တော်အားကိုးမှုထားနေတယ်တယ် ဆိုတာ သူသိပါတယ်”တဲ့ “အခုတော့ လေ သူကျောခိုင်းသွားပုံက”ဆိုပြီး ကျွန်တော့် လက်တစ်ဖက်ကိုကိုင် သူတပ်ထားတဲ့ ပါဝါမျက်မှန်အောက် အနားသပ်က စီးကျလားတဲ့ မျက်ရည် စတွေကို ကျန်တဲ့လက်ဖမိုးနဲ့ ဖိကပ် သိမ်းရင်း (ရင်တသိမ့်သိမ့်နဲ့) သူဘေး က ထာဝရအိပ်ဆက်နေတဲ့ အိပ်မက် သုံးဆင့် မြင်းတယောကိုကြည့်နေတာ များ ကျွန်တော်နဲ့ ကိုချမ်းသာတို့ မီး ခိုးအငွေ့ မျက်လုံးထဲဝင်သလို မျက် ရည်စတွေနဲ့။

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*