လာဘ်ပေးလာဘ်ယူလုံးဝမရှိပါဘူး လို့ အကယ်ဒမီအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌဦးကြည်စိုးထွန်းပြော

လာဘ်ပေးလာဘ်ယူလုံးဝမရှိပါဘူး လို့ အကယ်ဒမီအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌဦးကြည်စိုးထွန်းပြော
April 2, 2019 Asian Fame
လာဘ်ပေးလာဘ်ယူလုံးဝမရှိပါဘူး လို့ အကယ်ဒမီအကဲဖြတ်အဖွဲ့ဥက္ကဋ္ဌဦးကြည်စိုးထွန်းပြော

အကယ်ဒမီပွဲပြီးတိုင်း အကယ်ဒမီဂယက်ကတော့ နှစ်စဉ် နှစ်တိုင်း ရှိမြဲပါပဲ။ ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ဆန္ဒနဲ့ ထပ်တူမကျတဲ့ အတွက် အကယ်ဒမီနဲ့ပတ်သက်ပြီး ဝေဖန်မှုများစွာရှိခဲ့ပါတယ်။ အကယ်ဒမီနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကိုအကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးကြည်စိုးထွန်းက အခုလိုပြောပြပါတယ်။

“အကယ်ဒမီက ဒီနှစ်မှာ ရွေးချယ်ရတဲ့ ဇာတ်ကားတွေ ကလည်းများတယ်။ ဆရာတို့ကြည့်ရတာကိုက ၈၃ ကားကို ကြည့်ရ တယ်။ အရင်နှစ်တွေတုန်းက အဲလောက် မများဘူး။ ဆန်ကာတင် ဇာတ်ကားကလည်း အရင်နှစ်တွေတုန်းကဆိုရင် ၁ဝ ကားလောက်ပဲ ကြည့်ရတာ။ အခုက ၂၅ ကားလောက် ကြည့်ရတယ်။ အဲဒီ ၂၅ ကားကလည်း အပြိုင်းအရိုင်း ကောင်းနေတော့ တော်တော်လေး ဦးနှောက်ခြောက်ခဲ့ရတယ်။ အဖွဲ့ဝင်တွေအနေနဲ့လည်း ခဏခဏ ပြန်ကြည့်ရ တယ်။ အရင်တုန်းက အကဲဖြတ်လို့ရှိရင် ကောင်းတဲ့ ဇာတ်ကားကို ရှာကြည့်ရတယ်။ အခုကျတော့ ဘယ်ကားက ချို့ယွင်းချက်များ လည်း ကြည့်ရတယ်။ ချို့ယွင်းချက်နည်းတဲ့ ဇာတ်ကားက ကျန်ရစ်ခဲ့ပြီး အကယ်ဒမီရရှိဖို့ အတွက် ရွေးချယ်ဖြစ်သွားတယ်”လို့ ပြောပြပါ တယ်။အကယ်ဒမီဆုကို ရွေးချယ်ရာတွင်လည်း လာဘ်ပေးလာဘ်ယူ လုံးဝ မရှိဘူးဆိုတာကို…

“ဆရာတို့အတွက် ရုပ်ရှင်က ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တယ်။ အဲဒီကျေးဇူးကိုဆပ်မယ်ဆိုတဲ့ စိတ်နဲ့ ဆရာတို့ လုပ်ကိုင်နေခြင်းဖြစ်တယ်။ နောက်ပြီးတော့ လာဘ်ပေးလာဘ်ယူမဖြစ် အောင်လည်း ဒီနှစ်က စည်းကမ်းချက်တွေ ထုတ်ထားတယ်။ ကျိန်လည်း ပြောရဲပါတယ်။ လာဘ်ပေးလာဘ်ယူလုံးဝမရှိပါဘူး။ ဘယ်သူမှလည်း လုပ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဆရာပေးနိုင်တဲ့ အမှတ်ရှိတယ်။ ကျန်တဲ့အကဲဖြတ် အဖွဲ့ပေးနိုင်တဲ့ အမှတ်ရှိတယ်။ ဆရာမပေးတဲ့ကားလည်း ရသွားတာ တွေရှိတယ်။ ဒါလေးကိုလည်း နားလည်သဘော ပေါက်စေချင်တယ်”လို့ ဦးကြည်စိုးထွန်းက ပြောပြပါတယ်။
အကယ်ဒမီရွေးချယ်ရေးအဖွဲ့မှာ လူငယ်တွေကို နေရာမပေးဘူးဆိုတာနဲ့ ပတ်သက် ပြီး ဝေဖန်မှုတွေရှိနေတဲ့အပေါ်ကိုလည်း ဦးကြည်စိုးထွန်းက အခုလို ပြောပြခဲ့ပါသေးတယ်။…

“အဘိုးကြီးတွေ၊ အဘွားကြီးတွေ ဆုံးဖြတ်တာ မမျှတဘူးလို့ ထင်ရင် လူငယ်တွေနဲ့ အစားထိုးကြမယ်။ ဒါတော့ ဆရာလက်ခံနိုင်တယ်။ လူငယ်တွေနဲ့ အစားထိုးမယ်ဆိုလည်း ကဲ လူငယ်တွေ ရှာကြ၊ ရှာပြီးတော့ ဘယ်လိုလူငယ်တွေနဲ့ လုပ်ကြမလဲ။ လုပ်ကြပါ။ ဆရာ တို့ကတော့ ကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ကောင်းရင်ပြီးတာပဲ၊ မျှတရင်ပြီးတာပဲ။ဆရာတို့လုပ်ရမှ မဟုတ်ဘူး။ ဆရာတို့ လုပ်နိုင်တုန်းက တက်နိုင်သမျှအဂတိတရား လေးပါးနဲ့ လွတ်ကင်းအောင် လောဘ၊ ဒေါသ၊ မောဟနဲ့ ကင်းအောင် တက်နိုင်သမျှ လုပ်သွားတယ်။ ဒါကိုမမျှတဘူးထင်ရင် အဘိုးကြီးတွေလုပ်တာပဲအောက်တယ်၊ အဆင့် မမီဘူးလို့ ထင်ရင်လည်း လူငယ်တွေနဲ့ အစားထိုးပါ။ ဆရာလက်ခံပါတယ်။ မငြင်းပါဘူး။ အဲတော့လူငယ်တွေကို ရှာပါ။ လုပ်ပါ။ ဆရာကျေနပ်ပါတယ်။ တတ်နိုင်သမျှ ဆရာတို့ အမျှတဆုံးဖြစ်အောင် လုပ်တယ်။ လုပ်တဲ့အထဲကမှ ပရိသတ် မကျေနပ်မှုခံရတဲ့ အခါ ကျတော့ ဆရာတို့ရဲ့ လိုအပ်မှုလို့ ထင်ပါတယ်။ ဆရာတို့ရဲ့ အသက်ကြီးတာတို့၊ ဆရာတို့ရဲ့ အတွေးအခေါ်တွေ အိုလာလို့ ဖြစ်နိုင်ပါတယ်။ အသစ်တွေကိုလည်း ရှာပါရပါတယ်။ ဆရာတို့က ဖယ်ပေးလိုက်မှာပဲ။ ဆရာတို့က ဘာမှမခက်ပါဘူး။ ဘာလို့လဲဆိုတော့ ဆရာတို့လည်း လုပ်ရတာ ပင်ပန်းပါတယ်”လို့ ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*