Heineken Beer
Heineken Beer

အကယ်ဒမီဆိုတာ ဘာမှ ကြိုပြောလို့ရတာမဟုတ်ဘူး လို့ဆိုတဲ့ ဘဘဗိုလ်ကလေးတင့်အောင်

အကယ်ဒမီဆိုတာ ဘာမှ ကြိုပြောလို့ရတာမဟုတ်ဘူး လို့ဆိုတဲ့ ဘဘဗိုလ်ကလေးတင့်အောင်
March 25, 2019 Asian Fame

“အကယ်ဒမီဆိုတာကတော့ ဘာမှကြိုပြောလို့ရတာမဟုတ်ဘူး။ ပညာရှင်တွေစုဝေးပြီး ဒီတစ်နှစ်မှာတော့ ဒီဇာတ်ကားဟာ ဘယ်သူက ကောင်းတယ်စသဖြင့် သူတို့ရဲ့ဆုံးဖြတ်ချက်ကို ကိုယ်ကပွဲတက်ပြီးတော့ ၀မ်းသာအားရဖြစ်ရမှာပါ။ အကယ်ဒမီပွဲတက်ရတာကိုလည်း ၀မ်းသာတယ်။ အကယ်ဒမီပွဲကို ပြည်သူလူထုကလည်း အများကြီးစိတ်ဝင်စားကြတယ်” လို့ အကယ်ဒမီနဲ့ ဘဘဗိုလ်ကလေးတင့်အောင် က ပြောပြပါတယ်။

ဘဘဗိုလ်ကလေးတင့်အောင် က နိုင်ငံတော်က ချီးမြှင့်တဲ့စည်သူဘွဲ့လည်းရရှိထားသလို ရုပ်ရှင်အစည်းအရုံးက ပေးအပ်ချီးမြှင့်တဲ့ တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆုကိုလည်းရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။ ဘဘဗိုလ်ကလေးတင့်အောင်က အခုအချိန်မှာတော့ အသက်၉၇ နှစ်ရှိပြီဖြစ်ပြီး ကျန်းမာရေးအနေနဲ့လည်း ကောင်းမွန်လျက်ရှိပါတယ်။

ကလေးငယ်ဘ၀ကနေ လူပျို၊ လူပျိုကနေလူအိုပေါ့။ အိုလာတဲ့အခါ ခန္ဓာကိုယ်ကြီးကကို အိုဆင်းသွားတာလေ။ စိတ်လည်း ကျ လူလည်းကျပဲ။ အဲ့ဒါကိုယ်တွေ့ပဲ။ အဲ့ဒီတော့အခုချိန်မှာ ဘဘတို့က ဘာလုပ်နေရလဲဆို တော့ သားတွေသမီးတွေနဲ့ ပတ်ဝန်းကျင်ကို အားကိုးပြီးတော့ နေရတယ်။ ကိုယ့်အိမ်ထောင်ဘက်ကလည်း သူလည်း မမာတာပဲလေ။သူလည်း အသက်ကြီးပြီပဲ။ အဲဒီတော့သားသမီးတွေကသာ ၀ိုင်းဝန်းပြီးတော့ ပြုစုစောင့်ရှောက်မှသာ ဖြစ်မှာပါ။ ဒီတော့ သားသမီးကိုမွေးပါ။ သားသမီးကို ပြုစုပါ။ စောင့်ရှောက်ပါ။ သူတို့တွေကိုပညာတတ်အောင် ကြိုးစားပြီးသင်ပေးပါ။ သူတို့တွေက တစ်နေ့ကျလာရင် အထောက်အကူတွေဖြစ်လာပါလိမ့်မယ်” လို့ မိဘတွေအနေနဲ့ ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့အပိုင်း ကို ဘဘ ဗိုလ်ကလေးတင့်အောင်က ပြောကြားခဲ့ပါတယ်။ဘဘ ဗိုလ်ကလေးတင့်အောင်ကတော့ စွယ်စုံအနုပညာရှင်ကြီးတစ်ဦးဖြစ်ပြီး ပြည်သူတွေအားလုံးက လေးစားချစ်ခင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။

လင်းအက္ခရာ
ဓာတ်ပုံ-အောင်ဇော်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*